ဖျားနာနေသော သီလရှင်ကြီးတပါးအား ဆေးရုံတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သွားရောက်ကြည့်ရှု့

ဖျားနာနေသော သီလရှင်ကြီးတပါးအား ဆေးရုံတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သွားရောက်ကြည့်ရှု့

ဖျားနာနေသော သီလရှင်ကြီးတပါးအား ဆေးရုံတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သွားရောက်ကြည့်ရှု့
ဇူလိုင်လ ၃၀၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သည် ရောမမြို့အတွင်းရှိ ဆေးရုံများ၊ မိသားစုဝင်တို၏ အိမ်များသို့ အစီစဉ်မရှိပဲသွာရောက်လည်ပတ် ကြည့်ရူတပ်သော အလေ့အထရှိပါသည်။ ယခုတကြိမ်တွင်လည်း ရောမမြို့ဆေးရုံတွင် ဖျားနာသောကြောင့် ဆေးရုံတက်နေသော ကရုဏာရေး အသင်းဂိုဏ်မှ သီလရှင်ကြီး မာရီယား မူချီ ထံသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး နေ့စဉ် မေစ္ဆားတရားဟေားခြင်း နှင့် ဧည်သည်တော်များကို လက်ခံတွေဆုံလေ့ရှိသော စန်တာ မာတာ ကျောင်းဆောင် တွင် နှစ်ပေါင်းများစွာပေးဆပ်လုပ်ကိုင်ခဲ့သော ကရုဏာရေး အသင်းဂိုဏ်မှ သီလရှင်ကြီး မာရီယား မူချီ သည် နာမကျန်းဖြစ်သောကြောင့် ဆေးရုံတွင် ဆေးကုသမူ့ခံယူနေရပါသည်၊ သူမ၏ နှစ်ပေါင်းများစွာ ပေးဆပ် အနစ်နာခံခဲ့မူ့အပေါ် သနားကရုဏာပြသည် အနေနှင့် ထို သီလရှင် ကြီးထံသို့ တနင်္ဂနွေနေ့ ညနေပိုင်းက အချိန် အနည်းငယ်ပေး၍ ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ သွားရောက်လည်ပတ်ခဲ့ပါသည်။

ယခုအချိန်တွင် ရောမမြို့ရှိ ရေဂျီနာ မွန်ဒီ ဟုခေါ်သော သူမ၏ အသင်းဂိုဏ်းအိမ် ဆေးခန်းတွင် အနားယူနေပါသည်။

တဆက်တည်းမှာပဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ယင်း ရေဂျီနာ မွန်ဒီ ရှိ ရဟန္တာ ရဟန်းမင်းကြီး ဒုတိယမြောက် ရောဟန် ပေါလူး၏ ဓာတ်တော် အဖြစ်ထားရှိသည့် သွေးစွန်းခဲ့သော သင်္ကန်း ကိုသွားရောက် ဂါရဝပြုခဲ့ပါသည်။

ထိုသင်္ကန်းသည် ၁၉၈၁ မေလ ၁၃ ရက်နေ့က ရဟန်းမင်းကြီး ဒုတိယမြောက် ရောဟန် ပေါလူး စိန့်ပီတာရင်ပြင် တွင် သေနတ်သမားတစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရစဉ်က ဝတ်ဆင်ခဲ့သော သင်္ကန်း ဖြစ်ပြီး၊ ယင်းပစ်ခတ်လုပ်ကြံခံရပြီး ဆေးကုသခြင်းကို ရေဂျီနာ မွန်ဒီ ဆေးခန်းတွင် ကုသခံယူခဲ့ခြင်းကြောင့် ၂၀၀၀ ခုနှစ်က ဂျူပလီ အမှတ်တရ လက်ဆောင်အဖြစ် ကရုဏာရေး အသင်းဂိုဏ်း၏ အိမ် ရေဂျီနာ မွန်ဒီ သို့ ပေးအပ်ခဲ့ပါသည် ယင်းဓာတ်တော်ကို သီလရှင် များမှ လူအများ လာရောက်ဖူးမျှော်နိုင်ရန် သီလရှင်များ ဘုရားဝတ်ပြုသည် ကျောင်းဆောင်တွင်ထားရှိထားပါသည်။
By Kyi Maung
Photo credits to Vatican News

https://bit.ly/2K4Bn3n

Add new comment

5 + 10 =