ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဆရာတော် သုံးပါ ခန့်အပ်ခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဆရာတော် သုံးပါ ခန့်အပ်ခြင်း
ဇူလိုင်လ ၁၆၊ ၂၀၁၉

၂၀၁၉ ဇူလိုင်လ ၁၆ ရက် အင်္ဂါ နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ပါပူအာ နယူးဂီနီ၊ အိန္ဒိယ နှင့် ဖိလစ်ပိုင် နိုင်ငံ တို့အတွက် ဆရာတော် သုံးပါ ခန့်အပ်ပေးခဲ့ပါသည်။

♥ ဘုန်းတော်ကြီး Midyphil B. Billones ကို ဖိလစ်ပိုင်နိုင်ငံ စီဘူး ဂိုဏ်းချုပ်သာသနာနယ်အတွက် လက်ထောက်ဆရာတော် အဖြစ် ခန့်အပ်ခဲ့ပါသည်။ ဘုန်းတော်ကြီး Midyphil B. Billones ကို ဖိလစ်ပိုင်နိုင်ငံ Capiz ဂိုဏ်းချုပ်သာသနာနယ် Pan-ay တွင် ၁၉၆၄ ခု ဇူလိုင်လ ၄ ရက်နေ့က မွေးဖွားခဲ့ပါသည်။ ၁၉၉၅ အောက်တိုဘာလ ၂ ရက်နေ့တွင် ရဟန်းသိက္ခာ ခံယူခဲ့ကာ လက်ရှိတွင် သက်တော် ၅၀ ရှိပြီး Jaro နယ်ရှိ စိန့်ဂျိုးဇက် ရဟန်းဖြစ်သင်ကျောင်းတွင် ကျောင်းအုပ် ဘုန်းတော်ကြီး အဖြစ်တာဝန်ထမ်​းဆောင်လျှက်ရှိပါသည်။

♥ ပီးမေ PIME သာသနာပြု အသင်းဂိုဏ်ဝင် ဘုန်းတော်ကြီး Vijaya Kumar Rayala ကို အိန္ဒိယ နိုင်ငံ Srikakulam သာသနာနယ် အတွက် ဆရာတော် အဖြစ် ရွေးချယ်ခန့်အပ်ခံခဲ့ရပါသည်။ ၂၀၁၈ ဒီဇင်​ဘာလ ၁၂ ရက်နေ့က အနားယူသွားသော ဆရာတော်ကြီး Innayya Chinna Addagatla ၏ နေရာအား အစားထိုးခန့်အပ်ရန်ဖြစ်ပါသည်။ ဘုန်းတော်ကြီး Vijaya Kumar Rayala ကို အိန္ဒိယ နိုင်ငံ Khammam တွင် ၁၉၆၉ အောက်တိုဘာ ၁၆ ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ ၁၉၉၈ သြဂုတ်လ ၂၉ ရက်နေ့တွင် ပီးမေ PIME သာသနာပြု ဘုန်းတော်ကြီး အဖြစ် ရဟန်းသိက္ခာခံယူခဲ့ပြီး လက်ရှိတွင် အသင်းဂိုဏ် အကြီးအကဲအဖြစ် တာဝန်ထမ်​းဆောင်နေသူဖြစ်ပါသည်။

♥ ပါပူအာ နယူးဂီနီ Aitape မှ ဆရာတော် Otto Separy ကို Bereina သာသနာနယ် ဆရာတော်အဖြစ် ရွေ့ှပြောင်း ခန့်အပ်ပေးခဲ့ပါသည်။
By Kyi Maung

Photo credit to Vatican News
https://bit.ly/30unbpU

 

Add new comment

8 + 10 =