Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ ၂၀၂၀ ခုနှစ်အတွက် ဝါတွင်းသတင်းစကား အပိုင်း (၃)
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ ၂၀၂၀ ခုနှစ်အတွက် ဝါတွင်းသတင်းစကား အပိုင်း (၃)
၄။ ချမ်းသာကြွယ်၀မှုသည် ဝေမျှရန်၊ သိမ်းထားရန်မဟုတ် ပါစကားနက်နဲဖွယ်ရာကို ကျွန်ုပ်တို့ဘ၀၌ ဗဟိုပြုထားခြင်းသည် တစ်ပါးသူ၏ ဒဏ်ရာများကို စာနာခံစား တတ်ခြင်းဖြစ်သည်။ စစ်မက်များ၊ သတ်ဖြတ်မှုများ၊ သန္ဓေတည်စမှ စ၍ အိုမင်းသည်အထိ ခံရသော အမျိုးမျိုး အကြမ်းဖက်မှုများကြောင့် ဒဏ်ရာသင့် ဝေဒနာခံစားနေရသူများ၌ ကားစင်တင်ခံရသောခရစ်တော်ကို မြင်တွေ့ ခံစားတတ်ခြင်းပင်ဖြစ်သည်။ ကမ္ဘာနှင့်အဝှမ်းမှာလည်း သဘာ၀ကပ်ဘေးများ၊ သံယံဇာတ ခွဲဝေမှု မမျှတခြင်းများ၊ လူကုန်ကူးမှုများ၊ ခေါင်းပုံဖြတ် အမြတ်ကြီးစားမှုများလည်း ဖြစ်ပျက်လျှက် ရှိနေသည်။ ယင်းသည် ဘုရားထက် တခြားအရာများကို ကိုးကွယ်ခြင်း ရောဂါတစ်မျိုးပင် ဖြစ်လာသည်။
ယနေ့မှာလည်း လိုအပ်နေသူများနှင့် အလှူဒါနပြုခြင်းအားဖြင့် ပေးကမ်းဝေမျှရန် စိတ်နှလုံးကောင်းရှိသူတိုင်းအား ကျွန်ုပ်တောင်းဆိုပါသည်။ မျှဝြေခင်းအားဖြင့် သာ၍ကောင်းသော ကမ္ဘာသစ်တစ်ခုကို ကျွန်ုပ်တို့ တည်ဆောက်နိုင်သည်။ မေတ္တာပါသောအလှူသည် ကျွန်ုပ်တို့အား ပို၍ လူသားဆန်စေသည်။ မိမိတစ်ဖို့တည်း သိမ်းဆည်းထားခြင်းသည် လူမပီသဘဲ မိမိအတ္တဖြင့် မိမိကိုယ်ကို အကျဉ်းကျစေသည်။ ကျွန်ုပ်တို့ ၏ လူမှု စီးပွားရေး ဖွဲ့စည်းမှုပိုင်းဆိုင်ရာများအထိ ဖြန့်ကျက်စဉ်းစားကြရမည်။ ထိုအတွက်ကြောင့် တရားမျှတ၍ အကျိုးတူခံစားခွင့်ရှိသော စီးပွားရေးလမ်းကြောင်းတစ်ရပ်ကို ဖော်ဆောင်ရန် ရည်ရွယ်သော အားဖြင့် လူငယ်စီးပွားရေးသမားများ၊ ပြောင်းလဲခြင်းကို ဖော်ဆောင်လိုသူများအား ဖိတ်ခေါ်ကာ အစည်းအဝေးတစ်ရပ်ကို အာစီစီမြို့၌ ယခင်နှစ် မတ်လ ၂၆ မှ ၂၈ အထိ စီစဉ်ပြုလုပ်ခဲ့သေးသည်။
နိုင်ငံရေးသည် ကရုဏာလုပ်ငန်းကို အထူးဖော်ဆောင်ခြင်းတစ်မျိုးဖြစ်ကြောင်း ကက်သလစ်သာသနာတော် မှလည်း သွန်သင်ထားသည်။ မျှတသော စီးပွားရေးသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ စီးပွားရေးကို မင်္ဂလာတရားသွန်သင်ချက်များဖြင့် လိုက်နာကျင့်သုံးနိုင်ပေသည်။ ကျွန်ုပ်တို့ ဝါတွင်းကာလကို အောက်မေ့ ကျင်းပခြင်းသည် ဘုရားရှင်၏အသံကို ကြား၍ ဘုရားနှင့်လူ ကျေအေးသင့်မြတ်ကာ ပါစကားနက်နဲဖွယ်ရာများကို ထောက်ရှုဆင်ခြင်ပြီး အကျင့်တရားများ ပြောင်းလဲလျှက် ဘုရားသခင်နှင့် ရိုးသားပွင့်လင်းစွာ တွေ့ဆုံပြောဆိုနိုင်သည့် အချိန်ကာလ ဖြစ်စေမည့်အကြောင်း အလွန်မွန်မြတ်သော မယ်တော်မာရီယားအား ကျွန်ုပ်တို့အဖို့ ဆုတောင်းပေးမည့်အကြောင်း တောင်းခံပါသည်။ ထိုနည်းအားဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်သခင် တပည့်တော်ကြီးတို့အား မှာကြားခဲ့သော "လောက၏ဆား၊ လောက၏အလင်းများ" ဖြစ်လာကြပါလိမ့်မည်။
ဘာသာပြန်ဆိုသူ
- သီကိုရှင်း
Add new comment