ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ ဒီဇင်ဘာလအတွက်ဆုတောင်းရာရည်ရွယ်ချက်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ ဒီဇင်ဘာလအတွက်ဆုတောင်းရာရည်ရွယ်ချက်
ဒီဇင်ဘာလ ၅၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ကျရောက်သောလအတွက် ဆုတောင်းရာရည်ရွယ်ချက်များ လစဉ်လတိုင်းထုတ်ပြန်ထုတ်ပြန်‌ပေးလေ့ရှိပါသည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွက်ဆုတောင်းရာရည်ရွယ်ချက်အဖြစ် လူငယ်တိုင်း၏အနာဂတ်အတွက် တိုင်းနိုင်ငံအသီးသီးမှ ဦးစားပေးလုပ်ဆောင်ကြဖို့၊ အထူးသဖြင့် ယနေ့ခေတ်တွင် ဒုက္ခဝေဒနာခံစားနေရသော လူငယ်များ၏အနာဂတ်ကို အဓိကထားကူညီလုပ်ဆောင်ပေးကြဖို့ ဆုတောင်းပေးကြရန်ရည်ရွယ်ထားပါသည်။

ပုပ်ရဟန်းမင်းကြီး၏ဆုတောင်း

ကျန်းမာရေးစောင့်ရှောက်မှုမရရှိသော၊ ပညာသင်ကြားခွင့်မရရှိသော၊ စွန့်ပစ်ခံရသော၊ စော်ကားခံရသော၊ ခွဲခြားဆက်ဆံခံရသော ကလေးသူငယ်တို့၏အော်ဟစ်သံသည် ဘုရားသခင်ထံတော်သို့ ရောက်ရှိတော်မူ၏။

ကလေးသူငယ်တိုင်းသည်
ဤလောကသို့ ခုခံကာကွယ်မှုမဲ့စွာ ကလေးသူငယ်အဖြစ် ဖြင့်ကြွဝင်လာခဲ့သော ခရစ်‌တော်သခင်ဖြစ်သည်ကို သတိပြုကြရမယ်၊ ဒီကလေးသူငယ်များ၏မျက်လုံးကတဆင့် ကျွန်ုပ်တို့ကိုကြည့်နေသူဟာ သခင်ခရစ်တော်ဖြစ်တယ်ဆိုတာသတိပြုကြပါ။

လူငယ်တိုင်း၏အနာဂတ်အတွက် တိုင်းနိုင်ငံအသီးသီးမှ ဦးစားပေးလုပ်ဆောင်ကြဖို့၊ အထူးသဖြင့် ယနေ့ခေတ်တွင် ဒုက္ခဝေဒနာခံစားနေရသော လူငယ်များ၏အနာဂတ်ကို အဓိကထားကူညီလုပ်ဆောင်ပေးကြဖို့ ဆုတောင်းပေးကြရန်ရည်ရွယ်ထားပါသည်။
https://bit.ly/2LpX2Ds
#rvamyanmarservice

Add new comment

2 + 0 =