ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ ဇန်နဝါရီလအတွက်ဆုတောင်းရာရည်ရွယ်ချက်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ ဇန်နဝါရီလအတွက်ဆုတောင်းရာရည်ရွယ်ချက်
ဇန်နဝါရီလ ၂၊ ၂၀၂၀

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ ကျရောက်သောလအတွက် ဆုတောင်းရာရည်ရွယ်ချက်များ လစဉ်လတိုင်းထုတ်ပြန်ထုတ်ပြန်‌ပေးလေ့ရှိပါသည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွက်ဆုတောင်းရာရည်ရွယ်ချက်အဖြစ် ကမ္ဘာကြီး ငြိမ်းချမ်းမူ ပိုမိုတိုးတက်အောင်လုပ်ဆောင်ကြဖို့ ရည်ရွယ်ထားပါသည်။

ပုပ်ရဟန်းမင်းကြီး၏ဆုတောင်း

စိတ်ဝမ်းကွဲပြားနေသောကမ္ဘာကြီးပေါ်တွင် ယုံကြည်သူဘာသာဝင်ညီကိုမောင်နှမများကိုသာမက၊ စိတ်စေတနာကောင်းရှိသူအားလုံးကို၊ ပြန်လည်သင့်မြတ်ရေးနှင့်ညီကိုမောင်နှမအချင်းချင်း စည်းလုံးညီညွတ်မှုရရှိရန်ကျွနုပ်ဖိတ်ခေါ်လို့ပါသည်။

ကျွန်ုပ်တို့၏ယုံကြည်မှုသည် သာယာဝပြောမှု၊ ငြိမ်းချမ်းရေး၏တန်ဖိုးများနှင့် အပြန်အလှန်နားလည်မှုတန်ဖိုးများကိုတိုးပွားစေရမည်။

ခရစ်ယာန်များ၊ အခြားသောဘာသာဝင်များနှင့်၊ စိတ်စေတနာကောင်းရှိသူအားလုံးသည် ကမ္ဘာကြီးပေါ်တွင်ငြိမ်းချမ်းမှုနှင့်တရားမျှတမှုကို အတူတကွမြှင့်တင်ပေးကြားဖို့ကျွနုပ်တို့ဆုတောင်းကြပါသည်။
ကျေးဇူးတင်ပါသည်။
https://bit.ly/36zr3sU
#rvamyanmarservice
Credit to Vatican News

Add new comment

2 + 0 =