ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ၃၁ ကြိမ်မြောက် သိုးထိန်း ခရီးစဉ်၏ တတိယ နိုင်ငံဖြစ်သော မောရေးရှ နိုင်ငံသို့ တစ်ရက်တာ ဘုရားဖူး ခရီးစဉ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ၃၁ ကြိမ်မြောက် သိုးထိန်း ခရီးစဉ်၏ တတိယ နိုင်ငံဖြစ်သော မောရေးရှ နိုင်ငံသို့ တစ်ရက်တာ ဘုရားဖူး ခရီးစဉ်
စက်တင်ဘာလ ၉၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ ၃၁ ကြိမ်မြောက် သိုးထိန်း ခရီးစဉ်၏ တတိယ နိုင်ငံဖြစ်သော မောရေးရှ နိုင်ငံသို့ တစ်ရက်တာ ဘုရားဖူး ခရီးစဉ်တွင် မောရေးရှ နိုင်ငံတော်အကြီး အကဲးများ၊ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်တော်များ၊ နိုင်ငံရေးအဖွဲ့အစည်းများ နှင့် တွေဆုံခြင်းတွင် ရွေ့ပြောင်းဒုက္ခသည် များကို လက်ခံရေး နှင့် လူငယ်များအတွက် အလုပ်အခွင်အလမ်းများ ဖန်တီးပေးရေးတို့ကို ရဟန်းမင်းကြီးမှ တိုက်တွန်းခဲ့ပါသည်။

၁၉၆၈ ခုနှစ် လွတ်လပ်ရေး ရရှိစဉ်မှစပြီး တည်ငြိမ်စွာဖွံဖြိုးတိုးတက်လာသော မောရေးရှ နိုင်ငံ၏ စီးပွားရေးအခြေအနေ ကို ရဟန်းမင်းကြီးမှ ချီးကျူးခဲ့ပါသည်။ သို့သော်လည်း စီးပွားရေးဖွံဖြိုးတိုးတက်မူ့တိုင်းသည် လူတစုအတွက်သာ အကျိူးသက်ရောက်ပြီး လူအများအပေါ် သက်ရောက်မူ့မရှိတာမျိုး၊ လူတိုင်းအကျိုးအမြတ် မခံစားရခြင်းများလည်းရှိပါသည်။ ဒါကြောင့် စီးပွားရေးလည်ပတ်ပုံနှင့်လမ်းကြောင်းများတွင် လူအများအကျိုးရှိဖို့၊ အထူးသဖြင့် တိုင်းပြည် အနာဂတ်လူငယ်များအတွက် အခွင့်အလမ််းများ ဖန်တီးပေးကြဖို့၊ နိုင်ငံ၏ စည်းပွားရေး လမ်းစဉ်များကို လူတိုင်းအတွက် အကျိုးသက်ရောက်စေသော နည်းလမ်းများဖြင့် လူထုအပေါ်မှာ အခြေတည်ပြီး ချမှတ်ကြဖို့၊ ဆင်းရဲးသားများ၏ ဘဝများကို မြှင့်တင်ပေးကြဖို့၊ အလုပ်အကိုင်အခွင်လမ်းများ ဖန်တီးပေးကြဖို့ တိုက်တွန်းခဲ့ပါသည်။

နိုင်ငံ၏ ဒီမိုကရေစီ လမ်းစဉ် ကောင်မွန်မူ့ကြောင့် ငြိမ်းချမ်းမူ့ကို ဖော်ဆောင်နိုင်ခြင်းအတွက် ရဟန်းမင်းကြီးမှ ချီကျူးခဲပြီး၊ နိုင်ငံရေးသမားများကိုလည်း အများပြည်သူများ ၏ ယုံကြည်မူ့ နှင့် စံပြုထိုက်သူများဖြစ်အောင်ကြိုးစားကြဖို့ နှင့် အကျင့်ပျက်ခြစားမူ့ကို တိုက်ဖျက်ကြဖို့ တိုက်တွန်းခဲ့ပါသည်။

မောရေးရှ နိုင်ငံ တွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြား လူငယ်အရေးအတွက်မှာ နိုင်ငံလူဦးရေ၏ ၂၃ ရာခိုင်နုန်း ရှိကြောင်းလည်းဖော်ပြထားပါသည်။ နိုင်ငံ လူဦးရေး ၁.၂၆ သန်းတွင် ၄၈ ရာခိုင်နုန်း သည် ဟိန္ဒုဘာသာဝင်များ၊ ၃၃ ရာခိုင်နုန်း သည် ခရစ်ယာန်ဘာသာဝင်များ၊ ယင်းခရစ်ယာန်များထဲမှ ၂၆ ရာခိုင်နုန်း သည် ကက်သလစ်ခရစ်ယာန် ဘာသာဝင်များ နှင့် ၁၇ ရာခိုင်နုန်း မှာ အစ္စလာမ် ဘာသာဝင်များဖြစ်ကြပါသည်။

ဘဝရဲ့အခက်အခဲအမျိုးမျိုးကြောင့် ဒုက္ခရောက်ကြရသူ ရွေပြောင်းဒုက္ခသည်များ အတွက် လက်ခံပေးကြဖို့ သူတို့ဘဝတွေကို မြှင့်တင်ပေးကြဖို့ နှင့် နိုင်ငံအတွက်အကျိုးရှိမည့် ညှီနိုင်းဆွေးနွေး မူ့လမ်းစဉ်များကို ဆက်လက်လုပ်ဆောင်ကြဖို့ ပြေားကြားခဲ့ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2k90dVI

 

Add new comment

2 + 4 =