ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် အောက်တိုဘာလအတွက် ဆုတောင်းရာရည်ရွယ်ချက်

အောက်တိုဘာလ ၁၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ကျရောက်သော လအတွက် ဆုတောင်းရာရည်ရွယ်ချက်များ လစဉ်လတိုင်း ထုတ်ပြန်ပေးလေ့ရှိပါသည်။ ၂၀၁၉ ခု နှစ် အောက်တိုဘာလ အတွက် ဆုတောင်းရာ ရည်ရွယ်ချက်အဖြစ် သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်မူ့ဖြင့် သာသနာတော်အတွင်း အသစ်သောသာသနာပြုခြင်းများ ထွက်ပေါ်လာရေးအတွက် ရည်ရွယ်ထားပါသည်။

ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်း

ယနေ့ခေတ်တွင် သခင်ခရစ်တော်၏ အသေခံခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်းကို ကြေငြာခြင်း၊ ဝေမျှခြင်း အမူ့၌ စိန်ခေါ်မူ့များကို ရင်ဆိုင်ရန် သာသနာတော်၏ အသစ်သော သာသနာပြန့်ပွားရေးလှုပ်ရှားမူ့ တွန်းအားဆန္ဒ ဖြစ်ပေါ်ဖို့လိုအပ်နေပါတယ်။ ။

ရဟန်းမင်းကြီး စာချွန်တော် "missio ad gentes" ၏ ဆိုလိုရင်းဖြစ်သည့် အစွန်အဖျား အရပ်ဒေသ မှာရှိသော နှုတ်ကပတ်တော်နှင့်ရင်းနှီးမူမရှိသေးသော ဘာသာရေး နည်းလမ်းများ၊ လူမျိုးဘာသာ ယဉ်ကျေးမူ့များ၊ လူသားများ ဆီသို့ သတင်းကောင်း ရောက်ရှိအောင် ပို့ဆောင်ပေးကြရမယ်။

သာသနာတော်ပြုခြင်း၏ အဓိကကြသော အချက်သည် ဆုတောင်းခြင်းဖြစ်တယ်။ ဒါကြောင့် ဘာသာဝင်အယောက်တိုင်းစီက ဆုတောင်းမူ့ပြုပေးနေသော အဖွဲ့ဝင်များအဖြစ်ပါဝင်ကြရပါမယ်။ ၂၀၁၉ ခုနှစ်၏ အောက်တိုဘာလကို တခြားနှစ်များနှင့်မတူ တမူထူးခြားသော သာသနာပြုလအဖြစ် သတ်မှတ်ထားတယ်၊ ဒါ့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်၏ ကျေးဇူးတော်အားဖြင့် (ဆေးကြောခြင်း နှင့်စေလွှတ်ခြင်း - ကမ္ဘာပေါ်မှာသာသနာပြုနေသော ခရစ်တော်၏သာသနာတော်)ကို အသစ်သော စိတ်အားထက်သန်မူ့များဖြင့် သာသနာပြုရမည့် တာဝန်ဝတ္တရားများ ပြန်လည် ဆန်းသစ်လာစေရန် ဆုတောင်းပေးကြပါစို့။ ။

By Kyi Maung
Credit to Vatican News

https://bit.ly/2njPBFj

Add new comment

2 + 5 =