ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သြဂုတ်လအတွက် ဆုတောင်းရာရည်ရွယ်ချက်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သြဂုတ်လအတွက် ဆုတောင်းရာရည်ရွယ်ချက်
သြဂုတ်လ ၂၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ကျရောက်သော လအတွက် ဆုတောင်းရာရည်ရွယ်ချက်များ လစဉ်လတိုင်း ထုတ်ပြန်ပေးလေ့ရှိပါသည်။ ၂၀၁၉ ခု နှစ် သြဂုတ်လအတွက် ဆုတောင်းရာ ရည်ရွယ်ချက်အဖြစ် မိသားစုများ၏ ချစ်ခြင်းမေတ္တာများ၊ ဆုတောင်းမေတ္တာအသက်တာများမှ လူမူဘဝဖွင့်ဖြိုးရေးအတွက် စစ်မှန်သောကျောင်းများ ဖြစ်ကြဖို့ရည်ရွယ်ထားပါသည်။

ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်း

အနာဂတ်အတွက် ဘယ်လိုကမ္ဘာမျိုးကိုချန်ထားခဲ့ကြမလဲ၊ ကမ္ဘာကြီးကိုကောင်းတဲ့ မိသားစုတွေနဲ့ ထားခဲ့ကြပါစို့၊ မိသားစုတွေကို အထူဂရုစိုက်ကြပါစို့ ဘာဖြစ်လို့လည်းဆိုတော့ မိသားစုများဟာ လူသားထုတရပ်လုံ၏ အဓိက ဗဟိုလ်ပြု အဖွဲ့လေးများဖြစ်သလို၊ အနာဂတ်အတွက် စစ်မှန်သောကျောင်းများ၊ လွပ်လပ်မူ့တို့ကို ဖော်ဆောင်ပေးသောနေရာများဖြစ်ကြလိုပါပဲ။ ဆက်လက်ပြီး မိသားစုအတွင်းမှာ တစ်ဦးတစ်ယောက်စီအတွက်သော်လည်းကောင်း မိသားစုအတွက်သော်လည်းကောင်း ဆုတောင်းရာ အချိန်နေရာလေးတစ်ခု ထားရှိပါ။ မိသားစုများ၏ ချစ်ခြင်းမေတ္တာများ၊ ဆုတောင်းမေတ္တာအသက်တာများမှ လူမူဘဝဖွင့်ဖြိုးရေးအတွက် စစ်မှန်သောကျောင်းများ ဖြစ်ကြဖို့ရည်ရွယ်ဆုတောင်းကြပါစို့။
By Kyi Maung

https://bit.ly/2YumZd1

 

Add new comment

3 + 2 =