ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မာဒါဂါစကာနိုင်ငံ သိုးထိန်းခရီးစဉ် လူထုပရိသပ် အားဟေားကြားခဲ့သည့် သြဝါဒ

မာဒါဂါစကာနိုင်ငံ အင်တာနာရီဘိုမြို့ရှိ စွာမန်ဒရာဒီဇေ (Soamandrakizay) ကွင်းပြင်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဟေားကြားတော်မူသော မေစ္ဆားတရား

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မာဒါဂါစကာနိုင်ငံ သိုးထိန်းခရီးစဉ် လူထုပရိသပ် အားဟေားကြားခဲ့သည့် သြဝါဒ
စက်တင်ဘာလ ၈၊ ၂၀၁၉

မာဒါဂါစကာနိုင်ငံ အင်တာနာရီဘိုမြို့ရှိ စွာမန်ဒရာဒီဇေ (Soamandrakizay) ကွင်းပြင်တွင် လူဦးရေ တစ်သန်းခန် ရှိသောဘာသာဝင် လူထုပရိသပ် နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဟေားကြားတော်မူသော မေစ္ဆားတရား တွင် တနင်္ဂနွေနေ့ သမ္မကျမ်းစာ ကို အခြေခံပြီး ဟေားကြားခဲ့ပါသည်။

ဘုရားသခင် အလိုရှိသောအရာကို အပြည့်အဝပေးဆပ်လုပ်ကိုင်ကြ ဖို့ သခင်ခရစ်တော်က သူနောက်လိုက်တပည့်တော်ကြီးတွေကို သင်ကြားပေးခဲ့တယ်၊ ဒီအရာဟာလွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး၊ ဒါကြောင့် သခင်ခရစ်တော်နောက်လိုက်တဲ့ယုံကြည်သူတွေ ဘုရားသခင်ရဲ့တောင်းဆိုမူ့က ကြီးမားတယ် ဆိုတာ သိရှိကြရမယ်။ ။

ပထမ တစ်ချက် အနေနဲ့သခင်ခရစ်တော်တောင်းဆိုတာက မိသားစုစိတ်ဓာတ်၊ ညီကိုမောင်နှမ စိတ်ဓာတ်ကို တောင်းဆိုတယ်၊ သင်တို့တွေ တပါးသူကို ညီးကိုမောင်နှမကဲ့သို့မမြင့်၊ မခံစား၊ အသိအမှတ်မပြုပဲ၊ သူရဲ့အားနည်းချက်၊ အပြစ် နဲ့နောက်ကြောင်းတွေပြန်ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုရင် ငါ၏နောက်လိုက်မဖြစ်နိုင်လို့ သခင်ခရစ်တော် ဆိုထားတယ်၊

ဒုတိယ အချက်အနေနဲ့ သခင်ခရစ်တော်တောင်းဆိုတာက ကောင်းကင်နိုင်ငံ တော်ကို ကိုယ့်အမြင်၊ အတွေးအခေါ်၊ အသိဉာဏ် လေးနဲ့တွေးပြီး မဆုံးဖြတ်ပါနဲ့၊ အဲ့လိုမပြည့်စုံတဲ့အတွေးအခေါ် တွေကြောင့် ဘုရားနာမကိုအသုံးချ ဘာသာတရားကို ခုတုံးလုပ်ပြီး မကောင်းမူ့တွေအကြမ်းဖက်မူ့တွေဆီကို လွဲးမှားစွာရောက်ရှိ သွားတတ်တယ်။ သမ္မကျမ်းစာ ၏ အနက်အဓိပ္ပာယ် ကို သေးသိမ်အောင်မလုပ်ကြဖို့၊ ညီကိုမောင်နှမ စိတ်နဲ့စည်းလုံးစွာ လူ့အဖွဲ့အစည်း ကိူတည်ဆောက်ကြဖို့၊ မတရားအမြတ်ထုတ်မူ့ ပုံစံအမျိုးမျိုးကို ဆန်ကျင်ကြပြီး ဘုရားပေးထားသော ကျေးဇူးတော်ဖြစ်တဲ့ ပတ်ဝန်းကျင် သဘာဝလောက အရားအားလုံးကို ရိုသေလေးစားစွာ ထိမ်းသိမ်းကြရမယ်။ ။

တတိယ အချက်အနေနဲ့ ဘုရားရဲ့ကျေးဇူးတော်တွေကို ပြန်လည်သုံးသပ်ပြီး အသိအမှတ်ပြုဖို့ဖြစ်တယ်၊ တို့ရဲ့အောင်မြင်မူ့တွေဟာ ဘုရားပေးတဲ့ကျေးဇူးတော်ဆိုတာ အသိအမှတ်ပြုရမယ်။ ဘုရားကျေးဇူးတော်ကို အသိအမှတ်ပြုသူသာ ဘုရားကပြန်ပြီးအသိအမှတ်ပြုပေးလိမ့်မယ်။ မိမိကိုယ်ကျိုးအတွက်သာ အသက်ရှင်သန်ခဲ့ကြသူတွေ ဘုရားကျေးဇူးတော်တွေကို အသိအမှတ်မပြုခဲ့သူတွေဟာ အဆုံးမှာ ဆိုးဝါးစွာကြုံတွေကြရမယ်။

ဒါကြောင့် တို့နှလုံးသားမှာ ဘုရားအတွက်နေရာပြင်ဆင်ရမယ်၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတော့ အရာရာအားလုံးရဲ့ပထမနေရာမှာ ဘုရားကိုထားခြင်းပဲဖြစ်တယ်။ လောကမှာ လူသားတွေ ဒုက္ခတွေ ခံစားနေကြရတယ်၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ မိသားစုတွေ ဒုက္ခရောကြရတာ ဘုရားရဲ့စည်မံကိန်းးကြောင့်မဟုတ်၊ လူတွေရဲ့အတ္တကြောင့်၊ မတော်လောဘတွေကြောင့်ဖြစ်တယ်၊ ဒါကြောင့် သခင်ခရစ်တော်က တဘို့တည်းကြည့်တပ်သောဝါဒ၊ ကိုယ်ကျိုးအတွက်သာမြင်တပ်သောစိတ်နေစိတ်ထား တွေကို သတ်ပြစ်ကြဖို့သခင်ခရစ်တော်က ဖိတ်ခေါ်နေခြင်းဖြစ်တယ်။ ။

ဒါကြောင့် ဘုရားရဲ့အလိုတော် သူရဲ့စည်မံကိန်းးတွေကို တို့ရဲ့စည်မံကိန်း အဖြစ် လိုက်နာလုပ်ဆောင်ကြရမယ်၊ နှိမ်ချခြင်းကျေးဇူးတော် အားဖြင့် အများကောင်ကျိုးအတွက် အသက်ရှင်သန်နိုင်သူတွေဖြစ်ကြပါ၊ ယင်းကဲ့သိူ့သော နည်းလမ်းဖြင့်သာ သာယာဝပြောသော နိုင်ငံအဖြစ် တည်ဆောက်နိူင်ပါလိမ်မည်ဟု့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ မာဒါဂါစကာနိုင်ငံ သိုးထိန်းခရီစဉ်တွင် လူထုပရိတ်သပ် အားဟေားကြားခဲ့ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2lD902K

 

Add new comment

5 + 0 =