ပုပ်ရဟန်းမင်းကြီးရဲ့ ဖေဖော်ဝါရီလအတွင်းဆုတောင်းရည်ရွယ်ချက်

ပုပ်ရဟန်းမင်းကြီးရဲ့ ဖေဖော်ဝါရီလအတွင်းဆုတောင်းရည်ရွယ်ချက်

ပုပ်ရဟန်းမင်းကြီးရဲ့ ဖေဖော်ဝါရီလအတွင်းဆုတောင်းရည်ရွယ်ချက်

ပုပ်ရဟန်းမင်းကြီးရဲ့ ဖေဖော်ဝါရီလအတွင်းဆုတောင်းရည်ရွယ်ချက်ကတော့ သာသနာ့ တိုက်နယ်တွေအတွက် ဖြစ်ပါတယ်။ တစ်ခါတလေ ကျွန်ုပ်တို့ရဲ့သာသနာ့ကျောင်းအဝင်ဝမှာ“အခမဲ့ဝင်ခွင့်” ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ဆွဲသင့်ကြောင်း ကျွန်ုပ်စဉ်းစား မိပါတယ်။ သာသာနာ့တိုက်နယ်တွေက ဗျူရိုကရေစီစနစ် (ဥပဒေ)ထက်လူတွေကိုသာ အဓိကထားတဲ့ အဖွဲ့အစည်းဖြစ်သင့်ပါတယ်၊

စက္ကရမင်တူးတွေရဲ့ ကျေးဇူးတော်တွေကို ရှာဖွေ တွေ့နိုင်မဲ့ နေရာလည်း ဖြစ်ပါတယ်။ သာသနာတိုက်နယ်တွေဟာ ရက်ရောမှုတွေနဲ့ အမှုဆောင် အစေခံပြီး အသိုင်းအဝန်းကနေ စွန့်ပယ်ခံနေရသူတွေနဲ့ အားလုံးအတွက်သာသနာတိုက်နယ်ရဲ့ တံခါးကို ဖွင့်ထားရမှာ ဖြစ်ပါတယ်။ သာသနာ့တိုက်နယ်တွေ လူနည်းစုအဖွဲ့တစ်ခု မဟုတ်ဘဲလူမှုနယ်ပယ်တစ်ခုအတွက် ပိုင်ဆိုင်ခွင့် ပေးနေပါတယ်။ ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို ရဲဝံ့စွန့်စားသူတွေ ဖြစ်စေကြပါစို့။

ကျွန်ုပ်တို့အားလုံးရဲ့ သာသနာ့တိုက်နယ် အဖွဲ့အစည်းရဲ့ ဖြစ်တည်မှု ပုံစံတွေကို ပြန်လည် စဉ်းစားသုံးသပ် ကြပါစို့။ သာသနာ့တိုက်နယ်များဟာ အတူပေါင်းစည်းမှုကိုဗဟိုပြုကြလျက်ယုံကြည်ခြင်း ပြည့်ဝသော အသင်းတော်ရဲ့ အဖွဲ့များအဖြစ် အကူအညီ အလိုအပ်ဆုံး သူများကို ညီအစ်ကိုမောင်နှမစိတ်ထားဖြင့် ကြိုဆိုလက်ခံနိုင်ကြဖို့ ဆုတောင်းကြပါစို့။

✍️ထန်းဟာ SJ

Source: Vatican Media

#rvamyanmar #rvapastoralcare #PopeFrancis #rvamyanmarpopefrancisintentionsforfebruary2023

Add new comment

4 + 4 =