ပုပ်ဖရန်စစ်အရှင်သူမြတ်၏ ၂၀၂၀ မေလအတွက် ဆုတောင်းရန်ရည်ရွယ်ချက်

ပုပ်ဖရန်စစ်အရှင်သူမြတ်၏ ၂၀၂၀ မေလအတွက် ဆုတောင်းရန်ရည်ရွယ်ချက်

ဦးပဥ္စင်းများအတွက်

ဦးပဥ္စင်းတို့သည်၄င်းတို့၏အမူတော်ဖြစ်သောဘုရားသခင်၏နှုတ်တော်မြွတ်စကားကို ဟောကြားခြင်းနှင့်ချို့တဲ့နွမ်းပါးသူများအားကူညီခြင်းအမူတော်ကို

သစွာရှိစွာဖြည့်ဆည်းနိုင်ရန်နှင့်၄င်းတို့သည်အမိသာသနာကြီးတစ်ခုလုံး၏

ပြယုဂ်ဖြစ်နိုင်စေရန်ဆုတောင်းပေးကြပါစို့။

ဘာသာပြန် ဖာသာရ်ကလဲမင့် အားသယ်

 

ဗီဒီယို သတင်းစကား

*ပုပ်ဟန်းမင်းကြီးရဲ့ ၂၀၂၀-မေလအတွက် ဆုတောင်းရည်ရွယ်ချက်**
ဦးပဥ္စင်းတွေက ရဟန်းတွေထက်တစ်ဆင့်နိမ့်သူတွေ မဟုတ်ကြပါဘူး။ သူတို့ဟာရဟန်းမျိုးနွယ်တွေရဲ့အစိတ်အပိုင်းဖြစ်ပြီး မိသားစုနဲ့အတူနေတဲ့ခေါ်တော်မူခြင်းဖြစ်ပါတယ်။ (မြန်မာပြည်မှာ အဲဒီလို Permanent Deacons  {အိမ်ထောင်မိသားစုရှိတဲ့} ဦးပဥ္စင်းတွေ မရှိသေးပါဘူး)။

သူတို့ဟာဒုက္ခခံစားရတဲ့သခင်ယေဇူးရဲ့မျက်နှာတော်ကို ဖော်ဆောင်တဲ့ဆင်းရဲသားတွေကိုအစေခံကူညီကြတယ်။ သူတို့ဟာအသင်းတော်ကိုအစေခံကူညီရင်း ကာကွယ်စောင့်ရှောက်သူတွေဖြစ်ပါတယ်။
နှုတ်ကပတ်တရားတော်နဲ့ဆင်းရဲသားများကို သစ္စာရှိရှိအစေခံနိုင်သောဦးပဥ္စင်းများဖြစ်ကြပြီး အသင်းတော်ရဲ့အားရတက်ကြွစရာအမှတ်
လက္ခဏာဖြစ်နိုင်ကြစေဖို့ဆုတောင်းပေးကြပါစို့။

ဘာသာပြန်-ထန်းဟာ,SJ

 

Add new comment

3 + 5 =