ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဝမ်းနည်းသဝဏ်လွှာပေးပို့

ဆီးရီးယား ရှိ ခရစ်ယာန်းများခံစားနေရသော ဒုက္ခဝေဒနာများ
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဝမ်းနည်းသဝဏ်လွှာပေးပို့
နိုဝင်ဘာ ၂၈၊ ၂၀၁၈

ဆီးရီးယားနိုင်ငံတွင် သာသနာပြုလုပ်ငန်းလုပ်ကိုင်နေကြသော စိန့် ဖရန်စစ် အသင်းဂိုဏ်းဝင်သာသနာပြုများထံသို့ ဆီးရီးယား ပြည်သူပြည်သားများခံးစားနေရသော ဆင်းရဲမွဲးတေမှု၊ ဒုက္ခအခက်အခဲပြသနာများသည် သခင်ခရစ်တော်ခံစားနေရသော ဒုက္ခများအဖြစ်အသင်းတော်မှ ရှု့မြင်ခံနေရကြောင်း ဝမ်းနည်းသဝဏ်လွှာပေးပို့ခဲ့ပါသည်။

 
ဆီးရီးယား နယ်မြေ တရားတော်အတွက် အသက်ပေးဆပ်နေရသော နေရာနှင့် မိမိအတူရှိနေကြောင်း၊ သခင်ခရစ်အတော်အပေါ် ယုံကြည်ခြင်းကြောင့် ညှင်းပမ်းနှိပ်စက်ခံနေကြသော ခရစ်ယာန်များ သင်တို့ခံစားရသမျှကို ကျွနပ်သိမြင်ခံစားရကြောင်း၊ သင့်တို့အနားတွင် ကျွနု​ပ်ရှိနေကြောင်း OFM သာသနာပြု အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး Hanna Jallouf နှင့် Louai Bsharat တို့ထံသို့ ရဟန်းမင်ကြီး ဖရန်စစ် ပေးပိုသော စာတွင် ဖော်ပြထားပါသည်။
 
ဆီးရီးယား ရှိ ခရစ်ယာန်းများခံစားနေရသော ဒုက္ခဝေဒနာများသည် အသင်းတော်အတွက်သက်ပေးခဲ့ကြသူများကဲ့သို့ ခံစားနေကြရကြောင်း၊ သင်းတို့ခံစားနေရသော ဒုက္ခဝေဒနာများ၌ သခင်ခရစ်တော်ကို သိမြင်ကြောင်း သင်တို့ခံစားနေရသော ဒုက္ခဝေဒနာသည် သခင်ခရစ်တော်၏ ကယ်တင်ခြင်း၌ အပြည့်အဝပါဝင်နေပြီး ကယ်တင်ခြင်းသမိုင်ရေးထိုးကြသူများအဖြစ်ရှုမြင်ကြောင်း၊ သင့်တို့၏ သွေး​ချွေးစက်များသည် အနာဂတ်သာသနာတော်အတွက် မျိုးစေ့များဖြစ်ကြောင်း၊ သင်တို့သည် သာသနာတော်၏ ဂုဏ်ရောင်၊ သာသနာတော်၏ ဘုဏ်းဂုဏ်တော်နင့် မျှော်လင့်ချက်ဖြစ်ကြောင်း၊ သင်တို့၏ ယုံကြည်ခြင်းအတွက် သက်သေခံမှုသည် မုန်တိုင်းထန် သောအခြေအနေတွင် မိမိကိုယ်ကို မဆုံးရှုံးအောင်ထိမ်းသိမ်းနိုင်သော ပြင်းထန်ခိုင်မာသော ယုံကြည်သူများဖြစ်ကြောင်းဖော်ပြခဲ့ပါသည်။
 
 
အမိမယ်တော်သည် သားတော်ယေဇူး လူသားအားလုံးကိုကယ်တင်မည့်ပုဂ္ဂိုလ်၊ အပြစ်ကင်းမဲ့သူ လောကကယ်တင်ရှင်အား သတ်ဖြတ်နေကြသည့်သူများရှေ့တွင် အံသြခြင်း နားမလည်နိုင်ခြင်းများ နှင့် ကြည့်ရူနေရသူကဲ့သို့ သင်တို့ဘဝ အခြေအနေကို သိမြင်ကြောင်း၊ ဒုက္ခအခက်အခဲ အများဆုံးအချိန်သည် ကယ်တင်ခြင်းနှင့် အနီးဆုံးအချိန်ဖြစ်ကြောင်း သတိရှိကြစေလိုကြောင်း ဖော်ပြထားပါသည်။ သင်တို့၏ ဒုက္ခအခက်အခဲ၌ မျှော်လင့်ချက်ကို မဆုံးကြစေလိုကြောင်း သင့်တို့အတွက် မစ္ဆားတရား ပူဇော်သည့်အခါတိုင်း ဆုတောင်းပေးနေကြောင်း၊ မယ်တော်သခင်မ၏ ကာကွယ်စောင့်ရှောက်မှု့အောက်တွင်လုံခြုံစွာနေနိုင်ပါစေကြောင်း ဆုတောင်းပေးပါသည်။
 

https://www.vaticannews.va/en/pope/news/2018-11/pope-francis-franciscans-holy-land-custos.html

#pope, #syria, #pray, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 10 =