နှုတ်ကပတ်တော်နှင့် မွေ့လျော်မူ့မရှိသောသူသည် သာသနာပြုမဖြစ်နိုင်

နှုတ်ကပတ်တော်နှင့် မွေ့လျော်မူ့မရှိသောသူသည် သာသနာပြုမဖြစ်နိုင်

နှုတ်ကပတ်တော်နှင့် မွေ့လျော်မူ့မရှိသောသူသည် သာသနာပြုမဖြစ်နိုင်
စက်တင်ဘာလ ၃၀၊ ၂၀၁၉

ကွန်ဘိုနီ Comboni, ကွန်ဆိုလားတာConsolata, ပီးမေPIME နှင့် ဇာဗေးရီရန်း Xaverian အီတလီနိုင်ငံအခြေစိုက် သာသနာပြု အဖွဲ့အစည်းများ အဖွဲ့ဝင် ၇၀ ပုပ်ရဟန်းမင်းကြီး နှင့်တွေဆုံခြင်းတွင် ဘုရားသခင့်၏ကျေးဇူးတော်များကို ကမ္ဘာအနှံ့အပြား ဝေမျှကြဖို့ တိုက်တွန်းအားပေးခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး ၁၅ ပါးမြောက် ဘက်နဒစ် ထုတ်ပြန်ခဲ့သည့် Maximum Illud စာချွန်တော် နှစ် တစ်ရာပြည့် ကို အောက်မေ့သတိရစေရေး အတွက် သာသနာတော်အနေနှင့် ၂၀၁၉ ခုနှစ်၏ အောက်တိုဘာလကို တခြားနှစ်များနှင့်မတူ တမူထူးခြားသော သာသနာပြုနှစ်အဖြစ် ထိမ်းသိမ်းခြင်း ကျင်းပခြင်းများပြုလုပ်ရန် နှင့် ထို့အတွက် ပြင်ဆင်မူ့များပြုလုပ်နေကြကြောင်း၊ (ဆေးကြောခြင်း နှင့်စေလွှတ်ခြင်း - ကမ္ဘာပေါ်မှာသာသနာပြုနေသော ခရစ်တော်၏သာသနာတော်) အသစ်သော စိတ်အားထက်သန်မူ့များဖြင့် သာသနာပြုရမည့် တာဝန်ဝတ္တရားများ ပြန်လည် ဆန်းသစ်လာစေရန် နှင့် သာသနာပြုခြင်း၏ အဓိပ္ပါယ်ကို အသိစိတ်ကိုပြန်လည်နိုးထလာစေရန်ရည်ရွယ် ထားကြောင်း ရဟန်းမင်းကြီးရုံးတော် နိုင်ငံခြားသာသနာပြုအဖွဲ့၏ တာဝန်ခံအကြီးအကဲ ဘုန်းတော်ကြီး ဖာဗရီးဇီရို မီရိုနီ မှ ရဟန်းမင်းကြီးအားတင်ပြခဲ့ပါသည်။

ယနေ့ခေတ်သာသနာတော်သည် ရှိပြီးသားဘာသာဝင်များကိုသာ ထိမ်းသိမ်းနေရသောအမူ့၌ အလုပ်များ နေသော်လည်း သင့်တို့ မှာ နုတ်ကပတ်တော်ကို တပါးသူဆီရောက်အောင် သာသနာပြုစိတ်ကို ပြန်လည် နိုးထပေးမူ့အတွက် လွန်စွာကျေနပ်အားရမိကြောင်း၊ သာသနာတော်သည် ဆိုဖာပေါ်မှာ အခန့်သာရှိမနေရ လမ်းပေါ်မှာ သာ သာသနာပြုရင်းရှိနေရမည်ဟုလည်း ပြောကြားခဲ့ပါသည်။

သင့်တို့အဖွဲ့အစည်းကိုတည်ထောင်သူမှ သခင်ခရစ်တော် နှင့်ပေါင်းစပ်ခြင်း၊ မိမိဘဝနှင့်သက်သေခံကြခြင်းအမူတို့၌ သင့်တို့ဘဝတစ်ခုလုံးပေးဆပ်လုပ်ကိုင်ကြဖို့ ရည်ရွယ်ထားခဲ့သလို့ ထိုအချက်ကိုမမေ့မလျှော့ရန်အရေးကြီးကြောင်း၊ မိမိဘဝကိုစမ်းစစ်ခြင်း အသစ်ပြုပြင်ခြင်း နှင့် ပြောင်းလဲးခြင်းများကို အခွင့်အရေးတစ်ခုသဖွယ်လက်ခံပြီး၊ မိမိဘဝ အသက်တာတခုလုံး တိုင်းတပါးမှာသွားရောက် သာသနာပြုရန် စေလွတ်ခြင်း နှင့် သွားရောက်သာသနာပြုကြခြင်းကို ဂုဏ်ယူကြောင်းကိုလည်း ရဟန်းမင်းကြီးမှ ထည့်သွင်းပြေားကြားခဲ့ပါသည်။

ဘုရားသခင်ခေါ်ယူအသုံပြုမူကို လက်ခံခဲ့ကြသော အမျိုးသား၊ အမျိုးသမီး သာသနာပြုများအားလုံကိုကျေးဇူးတင်ကြောင်း၊ သွားရောက် ဟေားပြောဝေမျှခြင်းအမူ့ကို ဆက်လက်ရှင်သန်နေစေရန် ထိမ်းသိမ်းပေနေကြသော သူများ အနေနှင့် သာသနာပြုခြင်းအမူ့သည် အဖွဲ့အစည်းဖြင့်၊ ညီအစ်ကို မောင်နှမစိတ်ကို အဖွဲ့အစည်းအတွင်းမှာ မိမိကိုယ်တိုင်စည်းလုံးစွာနေထိုင်တတ်ခြင်းကို တစ်ပါးသူအား ဘဝ နှင့်သက်သေပြကြဖိုရန်ကိုလည်း သတိပေးခဲ့ပါသည်။

ဥရောပမှ တခြားနိုင်ငံများသို့ သာသနာပြုသွားရောက်ခြင်း တစ်လမ်းတည်းသွားခြင်းမျိုးမဟုတ်ပဲ အပြန်အလှန် ဖြစ်ကြရမည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ခေတ်အ ချိန်တွင် သာသနာတော်၏ ဘုန်းတော်ကြီးအများစုမှာ သာသနာပြုခံခဲ့ရသော ဒေသများမှ ပိုမိုမွေးထုတ်ပေးနေသောကြောင့် အပြန်အလှန်သာသသနာပြုများ စေလွှတ်ရန် အရေးကြီးကြောင်း၊ သာသနာတော်အတွင်းရှိ အသင်းဂိုဏ်း အသီးသီးတို့၏ အကြီးအကဲ အများစု့မှာလည်း နယ်ပယ်အသီးသီးမှဖြစ်နေကြကြောင်း ထို့အတွက် အပြန်အလှန် စေလွတ်ကြဖို့ အရေးကြီးကြောင်း ပြေားကြားခဲ့ပါသည်။

ဝမ်းနည်းခြင်း လွမ်းဆွတ်တမ်းတခြင်းမရှိပဲ မိမိအရပ်ဒေသကို စွန်ခွာပြီး သာသနာပြုနေကြသော အမျိုးသား အမျိုးသမီးသာသနာပြုများ နှုတ်ကပတ်တော်နှင့်မွေ့လျော်သောသူများဖြစ်ကြရမယ်၊ အဲံလို့မဟုတ်ရင် နှုတ်ကပတ်တော်နှင့် မွေ့လျော်မူ့မရှိသောသူသည် သာသနာပြုမဖြစ်နိုင်သလို့ သင်တို့လုပ်သမျှ ထိရောက်မူ့ရှိမည်မဟုတ်ကြောင်းကို သတိထားကြဖို့ ကိုလည်း သတိပေးခဲ့ပါသည်။ ။
By Kyi Maung
Credit to Vatican News
https://bit.ly/2odgHh5

 

Add new comment

7 + 0 =