နာကျင်ခြင်းမေတ္တာနှင့် အာပတ်ဖြေခြင်း စက္ကရမင်းတူး

အာပတ်ဖြေခြင်း စက္ကရမင်းတူး
နာကျင်ခြင်းမေတ္တာနှင့် အာပတ်ဖြေခြင်း စက္ကရမင်းတူး
ဒီဇင်္ဘာ ၁၇၊ ၂၀၁၈

ကက်သလစ်ခရစ်ယာန် များပထမဦးဆုံး အာပတ်ဖြေခြင်း စက္ကရမင်းတူးခံယူသည့်အခါမှာ နာကျင်ခြင်းမေတ္တာကိုလေ့လာသင်ယူခဲ့ကြရပါတယ်။
ယင်းမေတ္တာသည် ကက်သလစ်အသင်းတော်မှ လူများအတွက်ဝန်ထုတ်ဝန်ပိုးဖြစ်ရန် ပြုလုပ်ထားခြင်းမဟုတ် မိမိအပြစ်အတွက်ဝမ်းနည်းကြေကွဲခြင်း နောင်တတရားကို ဖော်ထုတ်ရန်ဖြစ်ပါသည်။
ပထမထုတ်ပြန်ခဲ့သော နာကျင်ခြင်းမေတ္တာတွင် နောင်တရခြင်းဝမ်းနည်းခြင်းတို့သည် လူတိုင်းတွေ့ကြုံရသည့်အရာအဖြစ်ဖော်ပြခဲ့ပါသည်။

ဒုတိယထုတ်ပြန်သော နာကျင်ခြင်းမေတ္တာတွင် ဒဏ်ရာရနေသော လူသားအတွက် သခင်ခရစ်တော်၏ ခွင့်လွတ်ခြင်းကို ဖော်ပြထားကြောင်းတွေ့ရပါသည်။ အပြစ်ခွင်လွတ်ခြင်းကျေးဇူးတော်သည် သခင်ခရစ်တော်မှ အသင်းတော်ပေးသော ကျေးဇူးတော်တစ်ခုအဖြစ် နားလည်ထားပါသည်။

အာပတ်ဖြေခြင်း စက္ကရမင်းတူးအားဖြင့် သခင်ခရစ်တော်သည် ဘုရားသခင်၏ သားသမီးများကို သူတို့၏ နောင်တတရားဖြင့် သူနှင့်ပြန်လည်းနီးကပ်စေလိုသောကြောင့် ယင်း အာပတ်ဖြေခြင်း စက္ကရမင်းတူးအားဖြင့် အမြဲပြန်လည်ခေါ်ဆောင်နေပါသည်။

အသင်းတော်၏ ယုံကြည်ခြင်းအချုပ်တွင် (အပြစ်ဟူသမျှကိုလွတ်ကြောင်း) ကိုအမြဲရွတ်ဆိုကြပါသည်။

(နာကျင်ခြင်းမေတ္တာ)
သနားကရုနာနှင့်ပြည့်စုံတော်မူသော အဖ၊ ပျောက်သောသား(အပြစ်ပြုခဲ့သောသား၊ သုံးဖြုန်း​ပျော်ပါး၍ ဒုက္ခရောက်မှပြန်လာသောသား) ကျွနု​ပ်​ ပြန်လာ၍ အဖကိုတောင်းပန်ပါသည်၊ ကျွနု​ပ်​သည် အဖကိုပြစ်မှားမိပါပြီ၊ ကျွနု​ပ်သည်အဖ၏ သားဟုခေါ်ခံရန်မထိုက်တန်ပါ။
လောကသားအားလုံးတို့၏ ကယ်တင်ရှင် ယေဇူးခရစ်တော်သခင် ကောင်းကင်နိုင်ငံဝင်ရမည်ဟုကတိပေးခံရသော နောင်တရသည်သူခိုးနှင့်အတူ ကျွနု​ပ်​ဆုတောင်းပါ၏၊ ကိုယ်တော်၏ နိုင်ငံ​တော်တွင် ကျွနု​ပ်ကိုသတိရတော်မူပါ။
ချစ်ခြင်းမေတ္တာ စီးဆင်းရာ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ ယုံကြည်ခြင်းဖြင့်ကျွနု​ပ်ဆုတောင်းပါ၏၊ အလင်းသားအဖြစ်ရှင်သန်နိုင်ရန် ကျွနု​ပ်ကိုကူညီပါ၊ ကျွနု​ပ်၏နှလုံးသားကိုသန့်ရှင်းစင်​ကြယ်စေတော်မူပါ။

ရဟန်း၏ အကူအညီဖြင့်ဘုရားသခင်ထံပြန်လည်ဝင်စားရခြင်းအခွင့်ကို အာပတ်ဖြေခြင်း စက္ကရမင်းတူးအားဖြင့်ကျွနု​ပ်တို့ရရှိကြပါသည်။ အာပတ်ဖြေခြင်း စက္ကရမင်းတူး အဖြစ်ပြည့်ဝစွာခံယူရန် စစ်မှန်သောနောင်တတရားရခြင်း၊ ပြုမိခဲ့သောအပြစ်များကို ရဟန်းထံဝန်ချတောင်းပန်ခြင်း နှင့် နာကျင်ခြင်းစွဲခြင်း(နောက်နောင် အပြစ်ကိုရှောင်ကျင်ရန်ဆန္ဒပြုခြင်း)စသည့်တို့လိုအပ်ပါသည်။

https://www.vaticannews.va/en/church/news/2018-12/the-act-of-contrition-sacrament-reconciliation-confession.html

#pope, #reconciliation, #forgiveness, #peterkm,
Photo credits to Vatican News.
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Comments

အသင်းဝင်ဖြစ်လိုခြင်း

Add new comment

3 + 2 =