နတ်ဆိုးနတ်မိစ္ဆာနဲ့ ဘယ်တော့မှ စကားဖလှယ်မပြောပါနဲ့ လို့ ပုပ်ဖရန်စစ်မြွက်ကြား

နတ်ဆိုးနတ်မိစ္ဆာနဲ့ ဘယ်တော့မှ စကားဖလှယ်မပြောပါနဲ့ လို့ ပုပ်ဖရန်စစ်မြွက်ကြား

နှောက်ယှက်ခြင်းဟာဘယ်လောက်ကြီးမားလည်းဆိုတာကို ဝါတွင်းပထမတနင်္ဂနွေနေ့မှာ ထောက်ရှုကာ စိန့်ပီတာရင်ပြင်တော် သို့ရောက်ရှိလာကြတဲ့ ဘုရားဖူးပရိတ်တွေကို အရှင်သူမြတ်ပုပ်ဖရန်စစ်က မြွက်ကြားလိုက်တာပါ။
၀ါတွင်းပထမ တနင်္ဂနွေရဲ့ ဧဝံဂေလိတရားတော်အားဖြင့် ဂျော်ဒန်မြစ်မှာဆေးကြောခြင်းခံပြီးတဲ့ သခင်ခရစ်တော် ခံရတဲ့နှောက်ယှက်ခြင်းကို အရှင်သူမြတ်က ထောက်ရှုတရားပေးခဲ့တာလဲဖြစ်ပါတယ်။
ကောင်းကင်နိုင်ငံတော်အတွက် သတင်းကောင်းကြေငြာခြင်း သာသနာ လုပ်ငန်းကို လုပ်ဘို့ ရက် ၄၀ အစာရှောင်ခြင်းအားဖြင့် သခင်ခရစ်တော်က ပြင်ဆင်ခဲ့ကြောင်း
ဒီပြင်ဆင်ခြင်းရဲ့ အဆုံးလေးမှာ နတ်ဆိုးက သိပြီး ၃ ကြိမ်တိုင် ခရစ်တော်ကို နှောက်ယှက်စမ်းသပ်ခဲ့ကြောင်း
သခင်ခရစ်တော်က ဘယ်တော့မှ နတ်ဆိုးနဲ့ ဖလှယ် စကားမပြောခဲ့ကြောင်း ခရစ်တော် နတ်ဆိုးကို ပြန်ပြောတာဟာ ဘုရားရှင်ရဲ့ နုတ်ကပတ်တော်သာလျင်ဖြစ်ပြီး ၄င်းရဲ့ ကိုယ်ပိုင်စကားကိုသုံးပြီးပြောခဲ့တာမဟုတ်ကြောင်း
နတ်ဆိုး၏ လှည့်ဖျားခြင်းကို သတိရှိကြပြီး ပါးနပ်စွာနဲ့ ၄င်းကဲ့သို့ ကိုင်တွယ် ​ဖြေရှင်းကြပါလို့ အရှင်သူမြတ် ပုပ်ဖရန်စစ်က ဘာသာ၀င်များအား တိုက်တွန်းမြွက်ကြားခဲ့သည်ကို ဗာတီကန်သတင်းအရသိရှိရပါတယ်။

#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA

https://www.vaticannews.va/en/pope/news/2020-03/pope-francis-angelus-first-sunday-lent.html

Add new comment

1 + 5 =