ဒုက္ခအခက်အခဲကို ညှိနှိုင်းဆွေးနွေးမူသို့ အသွင်ပြောင်းပေးသော ကျွနု​ပ်တို့၏အဖ

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်း
ဒုက္ခအခက်အခဲကို ညှိနှိုင်းဆွေးနွေးမူသို့ အသွင်ပြောင်းပေးသော ကျွနု​ပ်တို့၏အဖ
ဒီဇင်​ဘာ ၁၂၊ ၂၀၁၈

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်းတွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သခင်ယေဇူးစီရင်ထားတော်မူသော မေတ္တာ ကိုအခြေခံပြီး နာကျင်ကြေကွဲစရာများ၊ အတားအဆီးအဟန့်အတားများကို ညှိနှိုင်းဆွေးနွေးမူသို့ အသွင်ပြောင်းပေးသော ကျွနုပ်တို့၏အဖခမည်းတော်အကြောင်းကို ဘာသာတရားသွန်သင်မှု့ ပြုလုပ်ခဲ့ပါသည်။
ကောင်းကင်ဘုံ၌မေတ္တာ ရဲရင့်သောဆုတောင်းမေတ္တာအဖြစ် တင်စားလိုတယ်။ ဘာလို့လည်းဆိုတော့ သခင်ခရစ်တော်သာ အဖခမည်းတော်ကို ဤဆုတောင်းမေတ္တာအားဖြင့်ကျွနု​ပ်တို့လူသားများကို မိတ်ဆက်မပေးခဲ့လျှင် ယခုကဲ့သို့ကျွနု​ပ်တို့ဆုတောင်းရဲကြမည်မဟုတ်ပါ။
ဤကောင်းကင်ဘုံမေတ္တာမှာ နိဒါန်းပျိုးပြီးရှင်းပြနေတာမပါဘူး တိုက်​ရိုက်အဖခမည်းတော်ကို ခေါ်တဆုတောင်းခြင်းကိုသင်ပေးထားတယ်၊ ဘာမှကြားခံမရှိ၊ အတားအဆီးမရှိ လူသားများမှ အဖခမည်းတော်ကို ငါတို့၏ အဖဟူသော ခေါ်ဆိုခွင့်ကိုပြုပေးခဲ့တယ်။ အဖခမည်းတော်ကို ဘုန်းတန်​ခိုးကြီးသော၊ အမြင့်ဆုံးသော စသည့်နာမ်စားတွေ အစားထိုးမပေးခဲ့ဘူး။ ဘုရားသခင်နှင့်လူသားအဖြစ်အခြေအနေကို အနီးဆုံးဖြစ်​အာင် သားသမီး၊ သားအဖ ဆိုသော ရင်းနှီးမူအဆင့်ကို ပို့ပေးခဲ့ခြင်းဖြစ်တယ်။
ကောင်းကင်ဘုံ၌မေတ္တာ မှာ လူသားတစ်​ဦးအတွက်အခြေ ခံ
လိုအပ်ချက်တွေအားလုံးပါဝင်တယ်၊ အစားအစာကို ​တောင်းခံခြင်းဟာ အသက်ဆက်ရှင်သန်ရန် အသက်ကိုတောင်းခြင်းဖြစ်တယ်၊ ဆုတောင်းခြင်းကို သင်ပေးတဲ့ရည်ရွယ်ချက်က ကိုယ်တစ်​​ယောက်တည်းပြည့်ဝဖို့မဟုတ်၊ ကိုယ်နှင့်နီးစပ်သောသူတွေ၊ အစားအသောက်အတွက်ရုန်းကန်နေရသူတွေ၊ ငိုကြွေးနေရသူတွေကို ငါဘာကြောင့်ဒီလိုဖြစ်နေရတာလဲဆိုတာကိုယ်လည်း သိမြင်ခံစားစေဖို့ဖြစ်တယ်။

လောကကိုကလေးတစ်​​ယောက်ဖွေးဖွားလာတဲ့အခါ ငိုခြင်းနဲ့စပြီး တောင်းဆိုတယ်၊ တောင်းဆိုခြင်းဟာလူသားတိုပြုလုပ်ရမည့်အရာဖြစ်တယ်၊ တောင်းဆိုခြင်းအားဖြင့် အသက်ဆက်ရှင်သန်နေကြရတယ်၊ ဆက်လက်ပြီး ထာဝရပျော်ရွင်မူဆိုတာကို ဆာလောင်လာကြမယ်၊ အဲ့ဒီဆာလောင်မှုကို ဘုရားသာလျှင်ဖြည့်စည်းပေးနိုင်တယ်။
လောကလူတို့အကြားမှာ နေ့စဉ်ကြုံတွေ့နေရသော
နာကျင်ကြေကွဲစရာများ၊ အတားအဆီးအဟန့်အတားများကို ညှိနှိုင်းဆွေးနွေးမူသို့ အသွင်ပြောင်းပေးသော ကျွနု​ပ်တို့၏အဖခမည်းတော်ထံဆုတောင်းဖို့ ယုံကြည်ခြင်းလိုအပ်တယ်၊ ကလေးငယ်လေးတွေဆာလောင်ရင် အော်ငိုကြသလို အော်ဟစ်ခြင်းဟာ ယုံကြည်ခြင်းကနေထွက်ပေါ်လာတဲ့ ဆုတောင်းသံတစ်​ခုဖြစ်တယ်။ ယုံကြည်သူတွေဟာ သူတို့လိုအပ်ချက်ကို ​တောင်းခံနေကြသူတွေဖြစ်တယ်။

မာကု ၁၀း ၄၆-၅၂ သမ္မာကျမ်းစာမှာ မျက်မမြင် ဘာတီမေးဦး အော်ဟစ်တောင်းဆိုခဲ့တယ်၊ လူတွေအော်ငေါက်ခံနေရတဲ့ချိန်မှာတောင်မရပ်မနားအော်ဟစ်တောင်းဆိုခဲ့တယ်။ သူရဲ့အော်ဟစ်တောင်းဆိုသံကို သခင်ခရစ်တော် ကြားခဲ့ပြီး သူကိုမျက်စိမြင်အောင် ကုသပေးခဲ့တယ်၊ ကုသမှုခံဖို့၊ ရောဂါဝေဒနာတွေ သက်သာပျောက်ကင်းဖို့ ကြီးမားသောပြင်းထန်သော ယုံကြည်​ခြင်းက သင့်ကို အော်ဟစ်တောင်းဆိုစေလိမ့်မယ်၊ အဲ့ဒီ​အော်ဟစ်သံက သင့်ဘဝ နာကျင်မူ အခက်အခဲများအတွက် ကြားခံကုသပေးရာ ယုံကြည်ခြင်းဖြစ်တယ်။

ဆုတောင်းခြင်းမှာ မိမိအတွက်သာဆုတောင်းနေသူ တို့သည် ယုံကြည်ခြင်းအားနည်းသူများဖြစ်ကြောင်း၊ ယုံကြည်ခြင်းဟာခိုင်မာနေရမယ်၊ ဘုရားအပေါ်မှာ အပြည့်အဝမူတည်နေရမယ်၊ ဘုရားသခင်ဟာ ပြည့်ဝသော ကြင်နာသနားမူကိုပေးတော်မှုသော ဘုရား၊ သူ၏ သားသမီးအယောက်တိုင်းစီကို တိုက်​ရိုက်ဆက်သွယ်တော်မူသောဘုရား ဖြစ်တယ်ဆိုတာကိုအပြည့်အဝ ယုံကြည်ကြရမယ်။

https://www.vaticannews.va/en/pope/news/2018-12/pope-general-audience-our-father-catechesis-dialogue.html

#pope, #generalaudience, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

15 + 2 =