ဒုက္ခသည်များကိုကူညီလက်ခံပေးသော လက်ဘနွန်နိုင်ငံအား ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ကျေးဇူးတင်

လက်ဘနွန်နိုင်ငံမှ Maronite ကက်သလစ်ဆရာတော်ကြီးများ ရဟန်းမင်းကြီးနှင့် ၅ နှစ်တစ်ကြိမ်တွေ့ဆုံခြင်း
ဒုက္ခသည်များကိုကူညီလက်ခံပေးသော လက်ဘနွန်နိုင်ငံအား ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ကျေးဇူးတင်
နိုဝင်ဘာလ ၂၀၊ ၂၀၁၈
 
လက်ဘနွန်နိုင်ငံမှ Maronite ကက်သလစ်ဆရာတော်ကြီးများ ရဟန်းမင်းကြီးနှင့် ၅ နှစ်တစ်ကြိမ်တွေ့ဆုံခြင်း အတွက်ရောက်ရှိနေချိန် နိုဝင်ဘာလ ၂၀၊ ၂၀၁၈ အင်္ဂါ နေ့က ရဟန်းမင်းကြီးနှင့် တွေ့ဆုံခြင်း တွင် မွတ်စလင်များ၊ ခရစ်ယာန်များ၊ ခရစ်ယာန်ဒုက္ခသည် တစ်သန်းကျော်ကို မျှတစွာ လက်ခံကူညီစောင့်ရှောက်ပေးသော လက်ဘနွန်နိုင်ငံအား ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့သည်။
 
ဘာသာမတူသူများအကြား သဟမျှတစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု၊ စည်းလုံးစွာနေထိုင်နိုင်မူ၊ ဒုက္ခသည်များအပေါ် သနားကြင်နာမှုနှင့် ရက်ရောစွာ ကူညီပေးမှုများအတွက် အထူးကျေးဇူးတင်ရင်း သင်တို့နှင့် သင်တို့နိုင်ငံ၊ အနာဂတ်မျိုးဆက်သစ်များ မိသားစုဝင်များအပေါ် ဘုရားသခင်း၏ ကောင်းကြီးမင်္ဂလာများ သက်ရောက်ခံစားကြရပါစေဟု ဆုတောင်းပေးခဲ့ပါသည်။

 

#pope, #thanks, #Lebanon, #refugees, #peterkm,
Photo credit to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 3 =