ဒုက္ခအခက်အခဲများကြား၌ သခင်ခရစ်တော်နှင့်အတူ နေထိုင်ခြင်း

ဒုက္ခအခက်အခဲများကြား၌ သခင်ခရစ်တော်နှင့်အတူ နေထိုင်ခြင်း
ဇန်နဝါရီလ ၈၊ ၂၀၂၀

ခရစ်စမတ် အားလပ်ရက်များအပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ
လူထုတွေ့ဆုံခြင်းနှင့် ဘာသာတရား သင်ကြားခြင်းအမူကို ဆဥမမြောက် ပေါလူ ခန်းမတွင် တမာန်တော်ဝထ္တု မှ တမာန်တော် ပေါလူ ၏ ရေလမ်း၊ ကုန်းလမ်း သာသနာပြုခရီးစဉ်များကို အခြေခံပြီး ဆက်လက်သင်ကြားပေးခဲ့ပါသည်။

တမာန်တော် ပေါလူ ကို ဖမ်းဆီးပြီး ရောမမြို့ရှိ ရှင်ဘုရင်ထံသဘ်ောဖြင့် ခေါ်ဆောင် သွာ ခံရသည့်အကြောင်းကိုအခြေခံပြီး၊ သင်သည်အသက်ရှင်တော်မူသောဘုရား၏အကြောင်းကို ကမ္ဘာမြေကြီးအစွန်းများတိုင်အောင် ငါ့အားသက်သေခံသောသူဖြစ်လိမ့်မည်၊

သို့သော်လည်းတမန်တော်ပေါလူ၏ ခရီးစဉ်သည် သာယာချောမွေ့သောခရီးစဉ်မဟုတ်ခဲ့ပါ၊ သူ့အားတင်ဆောင်လာသည့်သင်္ဘောသည်လမ်းခရီးတွင် သင်္ဘောပျက်ခြင်းနှင့်ကြုံတွေ့ခဲ့ရပြီး၊ တမန်တော်ပေါလူမှ မိမိအားဖမ်းဆီးခေါ်ဆောင်လာသည်သူများကို သင်္ဘောပျက်ခြင်းအတွက်စိုးရိမ်ကြောက်လန့်မှုမရှိကြဖို့အားပေးခဲ့ပါသေးသည်။

သင်္ဘောပျက်၍ မော်လ်တာကျွန်းတွင်ဆိုက်ကပ်ခဲ့ကြသော တမာန်တော်ပေါလူ အပါအဝင် သင်္ဘောသားအများစုမှာ ကျွန်းပေါ်ရှိ မြွေပွေး များ ကိုက်ခြင်းခံခဲ့ကြရပါသည်၊ သို့သော်လည်းတမာန်‌တော်ပေါလူ သည် ဘုရားရှင်၏ကာကွယ်စောင့်ရှောက်မှုအားဖြင့် မိမိကိုယ်၌မည်သည့်အန္တရာယ်မျှ ဖြစ်ပေါ်ခြင်းမရှိခဲ့သလို မြွေကိုက်ခံရသည့် အခြားသောသင်္ဘောသားများကိုလည်း ဘုရားရှင်၏တန်ခိုးတော်ဖြင့်ကုသပျောက်ကင်းစေခဲ့ပါသည်။

တမန်တော်ပေါလု၏ရေလမ်းခရီးစဉ်သည် ဆေးကြောခြင်းမင်္ဂလာရေအားဖြင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းသို့ပို့ဆောင်ပေးနေသော ဘုရားရှင်၏ကာကွယ်စောင့်ရှောက်မှုကိုဖော်ပြပေးနေခြင်းဖြစ်ကြောင်းကျွနုပ်တို့နားလည်ကြရမည်။

တမာန်တောပေါလူ၏ မိမိနှင့်အတူဒုက္ခရောက်ကြရသူများကို ကူညီကုသပေးခြင်း၊ ဒုက္ခရောက်ကြရသူများနှင့်အတူတကွရှိခြင်း၊ တစ်ပါးသူ၏ဒုက္ခကိုကူညီဖြေရှင်းပေးခြင်း စသည့် ခရစ်ယာန်တစ်ဦး၏စ်ိတ်နေစိတ်ထားကိုအပြည့်အဝဖော်ပြနေခြင်းဖြစ်ပါသည်။

ဒုက္ခအခက်အခဲများကြား၌သခင်ခရစ်တော်နှင့်အတူ နေထိုင်ပြီး မိမိဘဝတခုလုံးကိုဘုရားသခင်ထံဆက်ကပ်ထားသူများသည် ဘုရားရှင်၏ချစ်ခြင်းမေတ္တာအသီးအပွင့်များကို အပြည့်အဝခံစားကြရမှာဖြစ်ပြီး၊ ယင်းဒုက္ခအခက်အခဲများကြားမှ ဘုရားရှင်၏အကူအညီဖြင့် ပိုမိုရင့်ကျက်သောခရစ်ယာန်အသက်တာများကို ရရှိပိုင်ဆိုင်ကြရမှာဖြစ်တယ်။

ဘဝ၏ဒုက္ခအခက်အခဲများကြားတွင် သင်္ဘောပျက်သူများကဲ့သို့၊ ဒုက္ခရောက်ပြီးကျွနုပ်တို့၏ဘဝထဲသို့ရောက်ရှိလာကြသည့် ဒုက္ခသည်များကို ကျွန်ုပ်တို့၏နှလုံးသားများကိုဖွင့်လှစ်ပြီး ကြိုဆိုကယ်တင်ကူညီပေးကြသူများဖြစ်နိုင်ကြရန် ဘုရားရှင်သည်ကျွနုပ်တို့၏ဒုက္ခအခက်အခဲများကြား၌ ကျေးဇူးတော်များသွန်းလောင်းချပေးသနားတော်မူပါစေ။

https://bit.ly/2FJCgM5
#rvamyanmarservice
Credit to Vatican News

Add new comment

2 + 1 =