Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဒုက္ခဝေဒနာ ခံစားနေရသူများ နှင့် အတူရှိနေပေးခြင်းသည် ခရစ်ယာန်အသက်တာ၏ အဓိက ကျသော လုပ်ရပ်ဖြစ်သည်
ဒုက္ခဝေဒနာ ခံစားနေရသူများ နှင့် အတူရှိနေပေးခြင်းသည် ခရစ်ယာန်အသက်တာ၏ အဓိက ကျသော လုပ်ရပ်ဖြစ်သည်
စက်တင်ဘာ ၂၆ ၂၀၁၉
အီတလီ နိုင်ငံတောင်ပိုင်း လိချေ (Lecce)ရှိ ဧမာနူအဲလ် (Emmanuel) အမည်ရှိလူမူ့ကူညီရေး အဖွဲ့၏ နှစ် ၄ဝပြည့်၊အခမ်းအနားတွင် အဖွဲ့ဝင်များနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တွေ့ဆုံခဲ့ပြီး ၎င်း အဖွဲ့အစည်း၏ ပေးဆပ် လုပ်ဆောင်မူ့အား ဖြင့် ခရစ်ယာန်ယုံကြည်ခြင်းကိုပေါ်လွင်စေမူ့အပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။
ယင်းအဖွဲ့အစည်းသည် အကျိုးအမြတ်အတွက်လုပ်ဆောင်သော အဖွဲ့အစည်းမဟုတ် ကြိုဆိုခြင်းနှင့်ဝေမျှခြင်း ခေါင်းစဉ်ဖြင့် ဆေးစွဲးသူများ ဒုက္ခရောက်နေသူ မိသားစုများ များကို ကူညီပေးသော လူမူကူညီရေး အဖွဲ့သက်သက်သာဖြစ်ပါသည်။
ကြိုဆိုခြင်းနှင့်ဝေမျှခြင်း သာမက ဒုက္ခရောက်နေသူများကို အဖော်ပြုပေးခြင်း နှင့် သင်တို့၏လုပ်ဆောင်မူ့တိုင်းကို ပြည့်ဝသောစိတ်စေတနာဖြင့် ပြုလုပ်ရန်လိုအပ်ကြောင်း၊ စိတ်စေတနာ နှင့်အနစ်နာခံမူ့မရှိပါက စီးပွားဖြစ် လုပ်ငန်းများနှင့်မထူးမခြာမနားဖြစ်မည်ဖြစ်ကြောင်းကိုလည်း သတိပေးခဲ့ပါသည်။ သင်တို့ရဲ့လုပ်ရပ်များဟာခရစ်ယာန် ယုံကြည်မူ့ကို ထင်ဟပ်စေသလို သင်တို့ဘဝဖြင့် သက်သေခံနေကြခြင်ဖြစ်တယ်။ ဒုက္ခဝေဒနာ ခံစားနေရသူများ ညီကိုမောင်နှမများ နှင့် အတူရှိနေပေးခြင်းသည် ခရစ်ယာန်အသက်တာ၏ အဓိက ကြသော လုပ်ရပ်ဖြစ်တယ်။
သင်တို့ အဖွဲ့အစည်းရဲ့အမည်နာမဖြစ်တဲ့ Emmanuel ငါတို့နှင့်အတူရှိသောဘုရားဆိုတဲ့အတိုင်း သင့်တို့အ ဖွဲ့မှာ ဘုရားရှိကြောင်း ကရုဏာမေတ္တာ နှင့်အစေခံပြီး အားပေးခြင်း၊ မျော်လင့်ခြင်းများရှင်သန်စေခြင်း နှင်ပျော်ရွင့်မူ့များဖြင့်အစေခံကြပါဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ အားပေးခဲ့ပါသည်။
By Kyi Maung
Credit toVatican News
https://bit.ly/2mWaTbF
 
         အီတလီ နိုင်ငံတောင်ပိုင်း လိချေ (Lecce)ရှိ ဧမာနူအဲလ် (Emmanuel) အမည်ရှိလူမူ့ကူညီရေး အဖွဲ့ဝင်များနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တွေ့ဆုံခဲ့
အီတလီ နိုင်ငံတောင်ပိုင်း လိချေ (Lecce)ရှိ ဧမာနူအဲလ် (Emmanuel) အမည်ရှိလူမူ့ကူညီရေး အဖွဲ့ဝင်များနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တွေ့ဆုံခဲ့ 
      
      
Add new comment