ဒီဇင်ဘာ​လ ၁၅ ရက်နေ့ ဗာတီကန်တွင် ခရစ္စမတ် အတွက် တေးဂီတဖြေဖျော်ပွဲပြုလုပ်မည့် အနုပညာရှင်များနှင့် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တွေ့ဆုံ

ဒီဇင်ဘာ​လ ၁၅ ရက်နေ့ ဗာတီကန်တွင် ခရစ္စမတ် အတွက် တေးဂီတဖြေဖျော်ပွဲပြုလုပ်မည့် အနုပညာရှင်များနှင့် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်

ဒီဇင်ဘာ​လ ၁၅ ရက်နေ့ ဗာတီကန်တွင် ခရစ္စမတ် အတွက် တေးဂီတဖြေဖျော်ပွဲပြုလုပ်မည့် အနုပညာရှင်များနှင့် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တွေ့ဆုံ

ဒီဇင်ဘာ ၁၄၊ ၂၀၁၈

အသင်းတော်၏သာသနာပြုလုပ်ငန်းတွင် အနုပညာရှင်တို့၏ တင်တွင်ဖန်တီးမှုများသည် အရေးပါသော အခန်းကဏ္ဍ တွင်ရှိသည်​။ ဒီဇင်ဘာလ ၁၅ ရက်နေ့ ဗာတီကန်တွင် ခရစ္စမတ် အတွက် တေးဂီတဖြေဖျော်ပွဲပြုလုပ်မည့် အနုပညာရှင်များနှင့် ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် တွေ့ဆုံစဉ်တွင်ပြောကြားခဲ့ပါသည်။

 

အနုပညာဖန်တီးရှင်များကြောင့် ရရှိလာမည့်အကျိုးအမြတ်များကို ဆ​လေးရှင်း သာသနာပြုများ ကူညီပေးနေသော ပထမဦးစားပေးအနေနှင့် တောင်ဆူတန် ယူဂန္ဓား ရှိ Palabek ဒုက္ခသည်စခန်းမှ ကလေးသူငယ်များ၏ ပညာရေးအတွက်ရည်ရွယ်ထားကြောင်း၊ ဒုတိယအနေနှင့် အီရတ် ကာဒစ်စ်ကန် ရှိ Erbil တွင် ပညာသင်ကြားနေသော ဒုက္ခသည်ကလေးငယ် တစ်သိန်းသုံးသောင်းအတွက် ပေးလှုကူညီသွားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။

 

ဒုက္ခသည်ကလေးငယ်များခံစားနေကြရသောဒုက္ခသည် လွန်စွာဆိုးဝါးကြောင်းကို လောကသို့ကြွလာသော သူငယ်တော်လေးနှင်နိုင်ယှဉ်ပြောပြခဲ့ပါသည်။ ဘုရား၏ ရင်ခွင်တော်တွင် ချစ်ခြင်းမေတ္တာ အပြည့်နှင့် သန့်ရှင်သောဝိညာဉ်တော်ဘုရားနှင်တလုံးတဝတည်း ဘုရားအဖြစ်တော်ကို စံပယ်ခံစားနေခြင်းအခြေအနေမှ လူသားများကို ဘုရား၏ ချစ်ခင်ကြင်နာမှုကိုဝေမျှရန် ဒုက္ခအခက်အခဲများနှင့်ပြည့်​နှက်​​နေေ​သာ လူသားကမ္ဘာထဲသို့ လူသားတစ်ဦးအသွင်ဖြင့် ဒုက္ခခံခဲ့ကြောင်း၊ လူလောကတွင်လည်း ဟေရုဒ်​မင်း၏ သတ်ဖြတ်ခံရမည့် အန္တရာယ်မှ ရှောင်ရှားရန် တိုင်းတပါးသို့ ဒုက္ခသည်အဖြစ်ထွက်ပြေးခဲ့ရသည်​။ သူငယ်တော်လေး၏ ဒုက္ခသည်ဘဝသည် ကမ္ဘာပေါ်တွင် တရာမျှတမှု့မရှိခြင်းကြောင့် အပြစ်သောကလေးသူငယ်များဒုက္ခရောက်ကြရသည်ကို သတိပေးနေကြောင်း ရှင်းပြခဲ့ပါသည်။

 

ထို့အတွက်ကြောင့် အသင်းတော်သည် နည်းလမ်းပေါင်းစုံဖြင့် ကလေးသူငယ်များ၏ ဘဝကိုမြှင့်တင်ပေးနေကြောင်း အထူးသဖြင့် ပညာရေးကိုမြှင့်တင်ပေးခြင်းအားဖြင့် ယနေ့ကလေးသူငယ်များသည် နောင်တချိန်တွင် ကောင်းမွန်သော လူအဖွဲ့အစည်းကို တည်ဆောက်မည့်သူများဖြစ်လာစေရန် ရည်ရွယ်မျှော်လင့်​ကြောင်း၊ပညာရေးသည် လူတိုင်းမိမိခြေ​ထောက်ပေါ်မိမိရပ်တည်နိုင်သော အခွင်အလမ်း​များ တည်ဆောက်ပေးရာ အခြေခံအုပ်မြစ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အနုပညာရှင်များ၏ အနုပညာနက်ရှိုင်းမူသည် လူသားတို့၏ အတွင်းနှလုံးသား ကို ခံစားစေနိုင်သောစွမ်းအားရှိကြောင်း ယင်းအချက်သည် အနုပညာရှင်များကြောင့် လူသားများကို ပြောင်းလဲ​စေနိုင်သော ခိုင်မာသည့်အချက်ဖြစ်သည်။ ​သင်တို့၏ အနုပညာစွမ်းအားဖြင့် လောကလူသားတို့၏ နှလုံးသားကို ကောင်းသောအရာများနှင့်ပြည့်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

 

https://www.vaticannews.va/en/pope/news/2018-12/pope-artists-you-express...

 

#artists, #pope, #encourage, #peterkm,

Photo credits to Vatican News ဘာသာပြန်ဆိုသူ

Fr. Peter Kyi Maung

Add new comment

10 + 3 =