ဒို့အမေ ဒို့ကို ကောင်းကင်တံခါးဝက စောင့်နေတယ် အမိမယ်တော် သခင်မ ကောင်းကင်ဘုံ ပင့်ဆောင်ခြင်းခံရသောပွဲနေ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သြဝါဒ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ သြဂုတ်လ ၁၅ ရက် ကြာသာပနေးနေ့ နေခင်း အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်း

♥ ဒို့အမေ ဒို့ကို ကောင်းကင်တံခါးဝက စောင့်နေတယ် ♥ အမိမယ်တော် သခင်မ ကောင်းကင်ဘုံ ပင့်ဆောင်ခြင်းခံရသောပွဲနေ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သြဝါဒ
သြဂုတ်လ ၁၅၊ ၂၀၁၉

အမိ မယ်တော်သခင်မ ကောင်းကင်ဘုံ ပင်ဆောင်ခံရခြင်းဟာ ကျွနု်ပ်တို့လူသား အားလုံးအတွက် ကောင်းကင်လမ်း၊ ကောင်းကင်တခါး ဖွင့်ပေး လိုက်ခြင်းဖြစ်တယ်၊ ကျွနု်ပ်တို့လူသားတွေအနေနဲ့ ကြောက့်ရွံ နေဖို့မလိုတော့ဘူး ယုံကြည်ခြင်းပြည့်ဝစွာနဲ့ အထက်ကို မျှော်ကြည့်ပြီး အမိမယ်တော်ကို ကျေးဇူးတင်ရန်သာဖြစ်တယ်။

မယ်တော်သခင်မ ကောင်းကင်ဘုံ ပင့်ဆောင်ခံရတဲ့ပွဲနေ့ ရှင်လုကား ရဲ့ ဧဝံဂေလိကျမ်းမှာ ငါ၏ဝိညာဉ်သည် ထာဝရဘုရားသခင်ကို ချီးမွမ်း၏ ငါ၏စိတ်နှလုံးသည် ငါကိုကယ်တင်တော်မူသော အရှင်ဘုရား၌ ဝမ်းမြောက်ရွင်လန်းခြင်းရှိ၏ လို့ အမိမယ်တော် ကြွေးကြောခဲ့တယ်၊

ကျွနု်ပ်တို့ဘဝမှာ လှပတဲ့အရာတစ်ခုခု ဖြစ်လာရင် ကျွနု်ပ်တို့ဝမ်းမြောက်ကြတယ်၊ ကျွနု်ပ်တို့ဝမ်းမြောက်တဲ့အရာက အတွင်းစိတ်ဝိညာဉ်ထည်းမှာ ဝမ်းမြောက်ရုံနဲ့ မပြည့်ဝသေးပါဘူး တို့ရဲ့ စိတ်ရော ခန္ဓာ ပါ အတူတကွ ဝမ်းမြောက်မူ့ကို ဖော်ပြကြရမယ်။

မယ်တော်က ဘုရားသခင်ကြောင့် ဝမ်းမြောက်ရွင်လမ်းခဲ့တယ်၊ ဒီအချက်က တို့တတွေကို သူမကဲ့သို့ ဘုရားသခင်၌ ဝမ်းမြောက်ရွင်လန်းတပ်ဖို့ ဘုရားပြုလုပ်ပေးသော ကြီးမားသောအရာများအတွက် ပျော်ရွှင်ဝမ်းမြောက်တပ်ဖို့ သင်ကြားပေးနေခြင်းဖြစ်တယ်။

ဘုရားရဲကြီးမြတ်မူ့ ကောင်းမြတ်မူ့ကို ချီးမွမ်းတပ်ရမယ်။ မယ်တော်က ဘုရားသခင်ရဲ့ကြီးမြတ်မူ့ကို ချီးမွမ်းခဲ့တယ်၊ ဒီနေရာမှာ အမိမယ်တော်က တို့ကို ဘဝမှာ စစ်မှန်စွာပျော်ရွှင်ခြင်တယ်ဆိုရင် ဘုရားသခင်တစ်ဦးတည်းသာလျှင် အကြီးမြတ်ဆုံးဖြစ်တယ်၊ ဘုရားကို အရာရာထက်ပထမ ဦးစားပေးနေရာမှာထားရမယ် ဆိုတဲ့အချက်ကို သင်ပြပေးနေတယ်ဆိုတာ သတိရှိရမယ်။

ဘဝမှာ သေးသိမ်တဲ့အရာတွေ ဖြစ်တဲ့ မနာလိုခြင်း၊ တပါးသူကို စီရင်ဆုံးဖြတ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး မာနဂုဏ်ပြိုင်ခြင်း၊ တပါးသူကို မကောင်းမြင်နေခြင်း စသည့် အရာတွေနဲ့လမ်းပျောက်မနေကြဖို့ သတိထားကြရမယ်။

အရေးမကြီးတဲ့ အပေါ်ယံလောကတပ်မက်စေသော အရာတွေနောက်ကိုလိုက်ပြီး လမ်းပျောက်မနေကြဖို့ သတိထားပြီး အမိမယ်တော်ကဲ့သို့ ဘုရားသခင်သည် တို့ဘဝကို ပြီးမြောက်ပြည့်စုံစေမယ် ဆိုတဲ့ ခိုင်မာသောယုံကြည်ခြင်းနှင့် ဘုရားကို မျှော်ကြည့်တပ်ရမယ်။

မယ်တော်သခင်မဟာ ကောင်းကင်ဘုံကို ဝိညာဉ်နှင့်ခန္ဓာ ပါ ပင့်ဆောင်ခံရသော တို့လူသားများထဲက လူသားတစ်ဦးဖြစ်တယ်။ ဒါကြောင့်မို့လည် တို့တတွေ အမိမယ်တော်ကို ကောင်းကင်နိုင်ငံ၏ တံခါးတော် လို့ တင်စားခေါ်ဆိုကြတယ်။ တို့သတိထားရမဲ့အချက်က အမိမယ်တော်ဟာ ကောင်းတံခါးဝကနေ သူရဲ့သားသမီး တွေဖြစ်တဲ့ တို့ကို မိခင်တစ်ယောက်အနေနဲ့ စောင့်ကြိုနေတယ်ဆိုတာ သိဖို့ဖြစ်တယ်။

တို့ခရစ်ယာန်များရဲ့အသက်တာဟာ ကောင်းကင်နိုင်ငံကို ဦးတည်ပြီး သွားနေကြတဲ့ခရီးသွားတွေဖြစ်တယ် ဒါကြောင့် တို့တတွေ မျော်လင့်တောင်းတနေတဲ့ ထာဝရသုခဘုံကို ဦးတည်ချက်မပျောက်ဘဲလျှောက်လှမ်းနိုင်အောင် သခင်ခရစ်တော် အမိမယ်တော်တို့၏ ကူညီစောင်မမူ့တွေကို တောင်းခံပြီး လျှောက်လှမ်း နေကြရမယ်။

ထာဝရအသက်ကို မေ့လျှော့သွားသူတွေ ကောင်းကင်ဘုံကို မျော်လင်ချက်မဲ့သွားသူတွေ၊ သံသယစိတ်တွေနဲ့ပြည့်ဝနေသူတွေဟာ လောက အရာတွေရဲ့ လွမ်းမိုး ချုပ်ကိုင်ခံရမူကြောင့် အောက်အရပ် ဖြစ်တဲ့လောက ပစ္စည်းဥစ္စာ လောက်သာကြည့်နေပြီး၊ အထက်အရပ်ကို မေ့နေကြတယ်၊ ဒီကနေ့ မယ်တော် သခင်မကောင်းကင်ဘုံ ပင့်ဆောင်ခံရခြင်းပွဲးနေ့က တို့တတွေရဲ့သံသယစိတ်တွေကို ပယ်ဖျက်ပြီး အမိမယ်တော်တက်သွားတဲ့ကောင်းကင်ဘုံ အထက်အရပ်ကို အာရုံပြုဖို့ အမိမယ်တော်ကတဆင့် ကောင်းကင်တခါးပွင့်သွားပြီ ဆိုတာ သတိပေးနေခြင်းဖြစ်တယ်။

ဒါကြောင့် ကောင်းကင်နိုင်ငံဟာ တို့အတွက် ဝေးကွာတဲ့အရာ မဟုတ်တော့ဘူး၊ ကြောက်ရွံစိုးရိမ်ရမည့်အရာမဟုတ်တော့ဘူး ဘာကြောင့်လည်းဆိုတော့ ဒို့အမေက ဒို့ကို အဲ့ဒီမှာ စောင့်နေပြီ။

သင်ဟာ ဘုရားသခင်အတွက် တန်ဖိုးရှိတဲ့အရာဖြစ်တယ်၊ ထာဝရ ပျော်ရွှင်မူ့ကို ဘုရားနှင့်အတူခံစားဖို့ ဖန်ဆင်ခံထားရခြင်းဖြစ်တယ် ဆိုတဲ့ တို့ရဲ့တန်ဖိုးကို ဒို့အမေ အမိမယ်တော်မာရီယားက အမြဲး သတိပေးနေတယ်။

ဒို့တတွေ စိတ်ပုတီးစိတ်တဲ့အခါတိုင်း ဒို့မျော်လင့်နေတဲ့ ကောင်းကင်နိုင်ငံ စီကို ခြေတစ်လှမ်းတိုးတက်လာခြင်းဖြစ်တယ် ဆိုတာ သတိရပါ။

သေးနုပ်တဲ့လောကအရာတွေကို ပယ်ဖျက်ပြီး ကြီးမြတ်သော ကောင်းကင်နိုင်ငံတော်ဆီကို စွဲးလမ်းကြဖို့၊ တို့ရဲ့ ထာဝရအိမ်တော်မှာ အမိမယ်တော် မိခင်မေတ္တာအပြည့်နဲ့ သူသားသမီးတွေကို စောင့်နေတယ် ဆိုတဲ့ အသိနဲ့ ဘဝခရီးကို လျှောက်လှမ်းကြပါ။

ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ သြဂုတ်လ ၁၅ ရက် ကြာသာပနေးနေ့ နေခင်း အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်းတွင် ဟေားကြားခဲ့ပါသည်။
By Kyi Maung
Photo credits to Vatican News

https://bit.ly/2Ky2MLk

 

Add new comment

1 + 4 =