တို့ပတ်ဝန်းကျင်မှာရှိတဲ့ လိုအပ်နေသူတွေ ဒုက္ခရောက်နေသူတွေကို ကူညီကယ်တင်ဖို့ကြိုးစားရုံးကန်တဲနေရာမှာ ဘုရားသခင်ဟာတို့ဖက်မှာ အပြည်အဝရှိနေတယ်

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေဆုံးနေကြ လူထုတွေဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်း

တို့ပတ်ဝန်းကျင်မှာရှိတဲ့ လိုအပ်နေသူတွေ ဒုက္ခရောက်နေသူတွေကို ကူညီကယ်တင်ဖို့ကြိုးစားရုံးကန်တဲနေရာမှာ ဘုရားသခင်ဟာတို့ဖက်မှာ အပြည်အဝရှိနေတယ်
သြဂုတ်လ ၂၈၊ ၂၀၁၉

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေဆုံးနေကြ လူထုတွေဆုံခြင်း နှင့် ဘာသာတရားသင်ကြားခြင်းတွင် တမာန်တော်ဝတ္ထု၌ ဖော်ပြထားသော ရှင်ပေတရု ၏ တမာန်တော်လုပ်ငန်း ကို အခြေခံပြီး ဟေားကြားသွန်သင်ခဲ့ပါသည်။

ချစ်လှစွာသော ညီကိုယ်မောင်နှအပေါင်းတို့ အပတ်စဉ် သင်ကြာလာခဲ့တဲ့ ဘာသာတရားသင်ကြားခြင်းကို ဒီတစ်ပတ်မှာတော့ ဘုရားသခင်က ရှေးဦးခရစ်ယာန်တွေရဲ့ ဘဝအသက်တာတိုးတက်လာဖို့ အသင်းတော်တိုးတက်လာဖို့ အလိုအပ်ဆုံးသောသူတွေကို အစေခံနိုင်ဖို့ မည်သို့ခွန်အားပေးခဲ့ကြောင်း ဆက်လက်လေ့လာထောက်ရှုကြပါစို့။

ညှင်းပန်း နှိပ်စက်မူပေါင်းမြောက်များစွာကြားက နိုးကြားတက်ကြွာနေသော အသင်းတော်ကို ရှင်ပေတရု ၏ တမာန်တော်လုပ်ငန်းအပေါ် အခြေခံပြီးတိုတတွေ သိရှိနိုင်တယ် တွေမြင်နိုင်တယ်။

သခင်ခရစ်တော်လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်ကို ဆက်လက်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ကျေးဇူးတော် ခွန်အားများဖြင့် ရှင်ပေတရု ဟာ တမာန်တော်လုပ်ငန်းမှာ ဆင်းရဲသားများ ခံစားနေရသောဒုက္ခများ၊ အထူးသဖြင့် ဖျားနာနေသူ ချည့်နဲ့မသန်စွမ်းသူတွေကို ကုသကယ်တင်ပေးခဲ့တယ်။

အဲ့ဒီသခင်ခရစ်တော်ရဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့လိုပဲ တမာန်တော်ကြီးတွေအပေါ်မှာ မကြိုက်မနှစ်မျို့သူတွေ မနာလိုမုန်းတီး သးတွေက အမုန်းပွားပြီး ဖမ်းစီးထောင်ချခြင်းတွေပြုလုပ်ခဲ့ကြတယ်၊ သခင်ခရစ်တော်ရဲ့လမ်းစဉ်ကို ရပ်တန့်သွားအောင်ကြိုပန်း ခဲ့ကြခြင်း ဖြစ်တယ်။

သို့သော်ရှင်ပေးတရုရဲ့တုန်ပြန်မူ့က ရဲရင်ပြတ်သားပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့ကျေးဇူးတော် ပြည့်ဝမူ့ကို ဖော်ဆောင်နေတယ် သူတုန်ပြန်လိုက်တာက ငါတို့သည် လူ၏စကားထက် ဘုရားသခင်၏စကားကို နာခံမည်သာဖြစ်သည် လို့ ဆိုခဲ့တယ်။ ဒါဟာတို့ခရစ်ယာန်တွေ အတွက် အရေးကြီးသော သောချက်တစ်ခုကို ဖွင်ပြပေးလိုက်ခြင်းပဲဖြစ်တယ်။

ဘုရားသခင်ရဲ့ နုတ်တော်ထွက်စကားကို အချိန်မစွဲးပဲနားထောင်ခြင်း၊ စိတ်နှလုံး၌ခိုင်မြဲစွာထိမ်းသိမ်းထားခြင်းနှင့် အမြဲတစေ သစ္စာရှိစွာစောင်ထိမ်းခြင်းကို ဆိုလိုခြင်းဖြစ်တယ်။

တို့ပတ်ဝန်းကျင်မှာရှိတဲ့ လိုအပ်နေသူတွေ ဒုက္ခရောက်နေသူတွေကို ကူညီကယ်တင်ဖို့ကြိုးစားရုံးကန်တဲနေရာမှာ ဘုရားသခင်ဟာတို့ဖက်မှာ အပြည်အဝရှိနေတယ် ရပ်တည်ပေးနေတယ်ဆိုတာယုံကြည်ပြီး သန့်ရှင်းသော်ဝိညာဉ်တော်ဘုရားထံမှ စိတ်နှလုံး ခွန်အားတွေရရှိဖို့ တောင်ခံသွားကြပါစို့။
By Kyi Maung
Photo credit to Vatican News

https://bit.ly/2ZzZmA6

 

Add new comment

14 + 0 =