တက္ကသိုလ် များတွင်ငြိမ်းချမ်းခြင်းနှင့်​ဆိုင်သောအရာများ မြင့်တင်ပေးမှုများပြုလုပ်ရန် ရဟန်းမင်းကြီး တိုက်တွန်း

အသင်းတော်ဆိုင်ရာ Lateran တက္ကသိုလ်
တက္ကသိုလ် များတွင်ငြိမ်းချမ်းခြင်းနှင့်​ဆိုင်သောအရာများ မြင့်တင်ပေးမှုများပြုလုပ်ရန် ရဟန်းမင်းကြီး တိုက်တွန်း
နိုဝင်ဘာလ ၁၂၊ ၂၀၁၈

ပညာသင်နှစ် တစ်​နှစ်စတင်ခြင်း အခမ်းအနား ပြုလုပ်နေသော ရောမမြို့ရှိ အသင်းတော်ဆိုင်ရာ Lateran တက္ကသိုလ် အကြီးအကဲ ရဟန်းမင်းအမတ် ကာဒီနယ် de Donatis အဓိပတိထံသို့ ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ပေးပို့သော စာတွင် တက္ကသိုလ် များတွင်ငြိမ်းချမ်းခြင်းနှင့်​ဆိုင်သောအရာများ မြင့်တင်ပေးမှုများပြုလုပ်ရန် ရဟန်းမင်းကြီး တိုက်တွန်းထားပါသည်။
ယနေ့ခေတ်ကြီးတွင် စဉ်ဆက်မပြတ် ခုခံကာကွယ်နေဖို့ ပြသနာတွေကိုဖြေရှင်းနေဖို့ဟာ အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်လာတယ်၊
အသင်းတော်ဟာ သမ္မာကျမ်းစာ ရဲ့ အလင်းပေးလမ်းညွန်ပြမှုနှင့် ငြိမ်းချမ်းရေး ခရီးစဉ် မှာ လုပ်ဆောင်စရာများကို လုပ်ဆောင်နေကြောင်း၊ ပြသနာ​တွေဖြေရှင်းဖို့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဆိုတဲ့နေရာမှာ နားလည်နိုင်စွမ်းအား၊ နားထောင်ပေးနိုင်မှု​တွေရှိဖို့ ပညာရေးဟာအရေးပါတဲ့အရာတခုဖြစ်တယ်။
အထီးကျန်မှု​တွေ၊ အာဏာတပ်မက်မှု​တွေကနေ ဖျက်ဆီးခြင်း အကြမ်းဖက်ခြင်းတွေဖြစ်မလာစေဖို့ လူသားအချင်းချင်းအပေါ် တန်ဖိုးထားခြင်း၊ တန်ဖိုးထားတတ်ေ​သာ အသိပညာများလည်း လိုအပ်ကြောင်း၊
ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊ လူသားတို့ သဟဇာတဖြစ်စွာနေထိုင်နိုင်ရေး၊ လူအသက်ကိုကာကွယ်ခြင်း၊ လူ့အခွင့်အရေးကို ကာကွယ်ပေးခြင်း၊ ငြိမ်းချမ်း​ရေး
ဖော်ဆောင်သော တိကျထိရောက်သော နည်းလမ်းများဖော် ထုတ်ရေးတို့သည် အသင်းတော် တခုတည်း၏ တာဝန်မဟုတ် ၊ ကမ္ဘာတခုလုံး၊ လူသားအားလုံးနှင့်ဆိုင်သော အရာဖြစ်ကြောင်း၊
တက္ကသိုကျောင်းများသည် လူသာထုတိုးတက်ရေးအတွက် စဉ်​ဆက်မပြတ် နည်းလမ်းသစ်များဖြင့် ဖော်ထုတ်ပေးနေသော နေရာများဖြစ်သည့်အလျှောက် ခေတ်နှင့်လျှော်ညီသော ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ကောင်းမွန်သော တိုးတက်မှုများကို ဖော်ထုတ်ကြဖို့၊ တင်းတိမ်ရောင့်​ရဲပြီး လက်ရှိအခြေအနေမှာ ရပ်နေရန်မဟုတ်ဘဲ၊ ရှေ့ဆက်ရမယ့်​ သာသနာပြုလုပ်ငန်းတွေမှာလည်း ပဲပင် ထိန်းကြောင်းပေးမှုများပိုမိုအားကောင်းလာစေရန်၊ လူငယ်မျိုးဆက်သစ်များကို ကောင်းမွန်မှန်ကန်သော နည်းလမ်းများဖြင့် လမ်းညွှန်းကြရန်လိုကြောင်း၊ တိုင်းနိုင်ငံအားလုံးအတွက် မကြောက်မရွံငြိမ်းချမ်းရေးကို ဖော်ဆောင်​ကြရန် တိုက်တွန်းထားကြောင်း ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ပေးပို့သော စာတွင် ဖော်ပြထားပါသည်။

https://www.vaticannews.va/en/pope/news/2018-11/pope-francis-message-pontifical-lateran-university-academic-year.html

#pope, #peace, #university, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 13 =