ညီလာခံ ပိတ်ပွဲ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဟောကြားသော သြဝါဒ

သင်တို့အပေါ် ငါတို့ရဲ့ နှလုံးသားများကို ဖွင့်ထားရမည့်အစား သင်တို့ရဲ့နားတွေကိုပဲပည့်ဝစေခဲ့သည့်​အတွက် တောင်းပန်ပါတယ်။
ညီလာခံ ပိတ်ပွဲ ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဟောကြားသော သြဝါဒ
အောက်တိုဘာ ၂၈၊ ၂၀၁၈

အောက်တိုဘာ ၂၈ တနင်္ဂနွေနေ့ သမ္မာကျမ်းစာမှ မျက်မမြင် ဘာတီမေးဦး ကိုမျက်စိပြန်မြင်အောင်ကုသပေးခဲ့ခြင်း​အကြောင်းကိုအခြေခံပြီး သခင်ခရစ်တော်၏စနမှုနာယူစရာများဖြစ်သော နားထောင်ပေးတတ်​သူ၊ အိမ်နီးနားချင်းမိတ်ဆွေအဖြစ်အသိအမှတ်ပြုတတ်​သူ၊ ဘဝနှင့် သက်သေခံတတ်​သူဖြစ်ဖို့ အချက် သုံးချက်ကိုအခြေခံပြီး ဟောကြားခဲ့ပါသည်။
၁။ ။ နားထောင်ခြင်း
နားထောင်ပေးခြင်းဟာ ယုံကြည်ခြင်းဘဝ အသက်တာအတွက် ပထမခြေလှမ်းဖြစ်တယ်။
မျက်မမြင် ဘာတီမေးဦး ကို သခင်ခရစ်တော်ဆီ ​ခေါ်လာခဲ့တယ်။ သခင်ခရစ်တော်က သူကိုမေးတယ် "သင့်အတွက် ငါ့အားမည်သည့်အရာကို ပြုလုပ်စေလိုသနည်း"။ သခင်ခရစ်တော်က ဒုက္ခရောက်နေသူရဲ့ အခြေအနေကိုပြောပြစေတယ် ၊ တနည်းအားဖြင့် နားထောင်ပေးဖို့ အဆင့်သင့်ဖြစ်တယ်၊ နားနှင့်သာသနာပြုခြင်း၊ လူအများစုက ပါးစပ်နဲ့ပဲ သာသနာပြုဖို့ အဓိကထားကြတယ်။ နားနဲ့သာသနာပြုခြင်း သို့မဟုတ် နားထောင်ပေးခြင်းဟာ ယုံကြည်ခြင်းဘဝ အသက်တာအတွက် ပထမခြေလှမ်းဖြစ်တယ်ဆိုသိရမယ်၊ ကိုယ်ဘာမှမပြောခင် သူ့ကို အရင်နားထောင်ပေးပါ။ လူတွေဘယ်လောက်ပဲ သူတိုရဲ့ဒုက္ခအခက်အခဲ​တွေကို ထပ်ခါတလဲ ပြော​နေပါစေ၊ စိတ်ရှည်သည်းခံပြီးနားထောင်ပေးပါ၊ သင်ဆုတောင်းတဲ့အခါမှာ သင်လည်း သင်ဒုက္ခအခက်အခဲကို မကြခဏ ဘုရားကိုပြောပြနေခဲ့တာပဲ၊ ဘုရားက သင့်ကို စိတ်ရှည်စွာနားထောင်ပေးသလို သင်လည်း၊ တပါးသူကို ချစ်ခြင်းမေတ္တာဖြင့် စိတ်ရှည်စွာနားထောင်ပေးရမယ်။ တဆက်တည်းမှာပဲ သင်တို့အပေါ် ငါတို့ရဲ့ နှလုံးသားများကို ဖွင့်ထားရမည့်အစား သင်တို့ရဲ့နားတွေကိုပဲပည့်ဝစေခဲ့သည့်​အတွက် တောင်းပန်ပါတယ်။ ရဟန်းမင်းကြီး မှ ညီလာခံမှာပါဝင်နေသော လူငယ်များ၊ လူကြီးများအားလုံးကို အသင်းတော်မှ ဘာသာသူများ၏ အသံကို နားထောင်ဖို့ရန် မေ့လျှော့ခဲ့မှုအပေါ် တောင်းပန်ခဲ့ပါသည်။
၂။ ။ အိမ်နီးနားခြင်းမိတ်ဆွေအဖြစ်အသိအမှတ်ပြုတတ်​သူ
အကူညီတောင်းသူကို ကူညီတတ်​တဲ့ မိတ်ဆွေဖြစ်ခြင်းဟာ ယုံကြည်ခြင်းဘဝ အသက်တာအတွက် ဒုတိယခြေလှမ်းဖြစ်တယ်။
မျက်မမြင် ဘာတီမေးဦး ကို သခင်ခရစ်တော်ဆီ ​ခေါ်လာခဲ့တယ် သခင်ခရစ်တော်က သူကိုမေးတယ် "သင့်အတွက် ငါ့အားမည်သည့်အရာကို ပြုလုပ်စေလိုသနည်း"၊ ဘာတီးမေးဦးတောင်ဆိုတာကို ကူညီဖို့ အဆင်သင့်ဖြစ်နေတာ၊ သခင်ခရစ်တော်က သူဆီဒုက္ခရောက်လို့ အကူအညီတောင်းတဲ့သူတွေရဲ့အနားမှာရှိနေသော မိတ်ဆွေတစ်ေ​ယာက်ဖြစ်တယ်။ သခင်ခရစ်တော်ရဲ့ လက်ဝါးကားတိုင်ကနေ စကြည့်ပါ၊ သူဟာ သင့်အပြစ်တွေရဲ့ သင်ရဲ့ သေခြင်းတရား အတွက် အနီးကပ်မိတ်ဆွေတစ်ေ​ယာက်ဖြစ်နေတယ်။ သူရဲ့ဒုက္ခခံခြင်း သင့်အတွက်အနစ်နာခံခြင်း အသက်ပေးခြင်းအားဖြင့် သင့်​ရဲ့မိတ်​​ဆွေ
်တစ်​ဦးအဖြစ်ရှိနေတာကို သတိရပါ။ သခင်ခရစ်တော်ရဲ့နောက်လိုက်တွေ သခင်ခရစ်တောကို ချစ်တဲ့စိတ်နဲ့ ကိုယ်နဲ့နီးစပ်သူတွေအတွက် အနစ်နာခံကူညီနိုင်သူတွေဖြစ်ရမယ်။
၃။ ။ ဘဝနှင့် သက်သေခံတတ်​သူ သခင်ခရစ်တော်က မျက်မမြင် ဘာတီမေးဦး ကို ခေါ်ခဲ့ရန် သူတပည့်​တော်တွေကိုစေလွှတ်ခဲ့တယ်၊ တပည်တော်တွေ ပြောတဲ့စကားထဲမှာ "အားမငယ်နှင့် ထလော့ ကိုယ်တော်သည် သင့်ကို ခေါ်နေပြီ" ဆိုပြီး သုံးနုန်းခဲ့ကြတယ်၊ အဲ့ဒီစကားဟာ သခင်ခရစ်တော်ရဲ့နောက်လိုက်တွေ နေတိုင်းသုံးနေရမဲ့စကားဖြစ်တယ်။ အားငယ်နေသူတွေ၊ ဒုက္ခရောက်နေသူတွေ၊ ဘဝအမှောင်ကျပြီး လမ်းပျောက်နေသူတွေ၊ အပြစ်နွန်ထဲမှာ နစ်မွန်းနေသူတွေကို သခင်ခရစ်တော်ရဲ့စကား
"အားမငယ်နှင့် ထလော့ ကိုယ်တော်သည် သင့်ကို ခေါ်နေပြီ" ဆိုတာကို ပြော နိုင်ရမယ်။
ထလော့ ဆိုတဲ့စကားမှာ ကိုယ်စိတ်နှလုံး အားလုံးကို ဆိုလိုခြင်းဖြစ်တယ်၊ ခန္ဓာမသန်းစွမ်းခြင်း၊ စိတ်ဓါတ်ကျနေခြင်း၊ ပြစ်ပယ်ခံထားရတဲ့ ဘဝအခြေအနေကနေထခိုင်းတယ်၊ အဲ့လိုထလာနိုင်ဖို့ သခင်ခရစ်တော်သာလျှင် ကူညီနိုင်မယ်။
မျက်မမြင် ဘာတီမေးဦး ရဲ့ယုံကြည်ခြင်း၊ မက်စီးယားသခင်ကိုစောင့်မျှော်နေခြင်း၊ ဘုရားသခင်နှင့်တွေ့ရင် သူပြန်မြင်ရမယ် ဆိုတဲ့ယုံကြည်ခြင်း၊ ဘုရားသခင်ကြွလာချိန်ကို ကောင်းမွန်စွာ အသုံးချခဲ့ခြင်း၊ သခင်ခရစ်တော် နေ့စဉ် ဒုက္ခရောက်နေသူတွေရဲ့​ဘေးမှာရှိနေတယ် ဆိုတာကို သူတို့သိအောင်​ပြော​ပပေးရမယ်၊ သင်ကိုတိုင်က ဘုရားနှင့်သွားလာနေသူဖြစ်မှ သခင်ခရစ်တော် ကြွလာခြင်းကို သူများကိုပြောပြ သက်သေခံနိုင်မှာ ဖြစ်တယ် ဟု ဟေားကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-10/synod-youth-2018-pope-closing-mass.html

#bishops, #finalmass, #synod, #youth, #pope, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 4 =