ဆရာတော် တစ်​ပါးသည် မင်းညီမင်းသားတစ်​ပါးမဟုတ် ၊နှိမ့်ချသော၊ နူးညံ့သိမ်မွေ့သော အစေခံတစ်​ဦး သာဖြစ်ရမည်

Casa Santa Marta တွင် တနင်္လာနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
Casa Santa Marta တွင် တနင်္လာနေ့က ရဟန်းမင်းကြီးဟောကြားသော သြဝါဒ
နိုဝင်ဘာလ ၁၂၊ ၂၀၁၈
နိုဝင်ဘာလ ၁၂ ရက် တနင်္လာ နေ့ Casa Santa Marta ၌ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော မစ္ဆားတရား တွင် ဆရာတော် တစ်​ပါးသည် မင်းညီမင်းသားတစ်​ပါးမဟုတ်၊နှိမ့်ချသော၊ နူးညံ့သိမ်မွေ့သော အစေခံတစ်​ဦး သာဖြစ်ရမည်ဟု တမန်တော်ပေါလု တိတု ထံပေးစာကို အခြေခံပြီး ဟောကြားခဲ့ပါသည်။
အသင်းတော်က တခါတည်း အပြည့်အဝ အားလုံးအကောင်း​တွေနဲ့ မွေးဖွားလာတာမဟုတ်ဘူး၊ အသင်းတော်က စိတ်အားထက်သန်မှုနဲ့ အခက်​ခဲ​တွေကြားက​နေ ​မွေးဖွားလာတာပါ။ ဒါပေမဲ့ ချစ်ခင်နှစ်လိုဖွယ်ရာကောင်းတဲ့ အရာတွေနဲ့ ဖြည့်ဆည်းပေးခံထားရတာဖြစ်တယ်။ အသင်းတော်အတွင်းမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှုနဲ့ လူသားတွေ၏ နားလည်မှုစွမ်းအားမပြည့်ဝမှု​တွေကြောင့် ရှုပ်ယှက်ခပ်ကာ နားလည်မှုလွဲခြင်းတွေ အစီအစဉ်မကြမှု​တွေတွေ့ကြုံရမယ်။ ဒါပေမဲ့ကြောက်စရာမလိုပါဘူး။ ဒါတွေဟာ လှပတဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ လမ်းညွန်နေမှု​တွေဖြစ်တယ်။
အသင်းတော် က ပြသနာကင်းကင်းရှင်းရှင်းနဲ့ မွေးဖွားလာတာမဟုတ် ဒါပေမဲ့ အဲ့ပြသနာတွေကို အဖြေရှာဖို့ စနစ်တကျဖြစ်ဖို့လုပ်ဆောင်ရမည့်တာဝန် ခရစ်တော်ရဲ့နောက်လိုက်အယောက်တိုင်းစီမှာရှိတယ်။ ဂျေရုဆလင်
မြို့တွင် အသင်းတော်၏ ပထမဦး ကောင်စီအစည်းအဝေးကနေ အသင်းတော် အစပိုင်းပြသနာတွေကို စီစဉ်တကျဖြစ်အောင်​ဖော်ဆောင်ပေးခဲ့တယ်၊ ယခု ယနေ့အသင်းတော်လည်း အခက်ကြုံလာရတိုင်း၊ ပြသနာတွေဖြစ်ပေါ်လာတိုင် ဖြေရှင်းရမယ်။ အစီစဉ်တကျဖြစ်အောင်လုပ်ဆောင်ရမယ်။
တမန်တော်ပေါလု က သူနောက်လိုက် တိတု ကို ခရိ ကျွန်းတွင် ထားခဲ့စဉ် မှာကြားခဲ့သော စကားများသည် (ယုံကြည်ခြင်းခိုင်မြဲရန်၊ ဘုရားအစေခံဆိုတာမမေ့ရန်၊ လောက ပစ္စည်းဥစ္စာ၊၊ ဘုန်းတခိုးအာဏာ၊ မိမိစိတ်အားထက်သန်ရာများ အတွက် မဟုတ်၊ ဘုရားသခင် ကိုသာ စိတ်ဝင်စားရန်) ဖြစ်ကြောင်း ကျွနု​ပ်တို့အမြဲ သတိ​ပေးခဲ့သည်​။
ဆရာတော်တစ်​ပါး၊ ဘုရားခံအပ်ခြင်းခံထားရသော စီမံခန့်ခွဲအုပ်ချုပ်တစ်​ဦးအနေနှင့် အပြစ်ကင်းစင်​ရမည်၊ ခေါင်းေ​ဆာင်လုပ်သူတယောက်က ဘုရားရှေ့မှာ အသက်ရှင်နေသူ အပြစ်ကင်းစင်ေ​နသူဖြစ်ရမယ်။

ငွေကြေးတပ်မက်ခြင်း၊ စီးပွားရေးလုပ်၊ ကိုယ်ကျိုးရှာခြင်း၊ သောက်စားမူးယစ်ခြင်း၊ ငြူစူစိတ်ဆိုးခြင်း၊ ဘဝင်မြင့် စိတ်ကြီးဝင်ခြင်း၊ ကြမ်းတမ်းစွာပြောဆိုဆက်ဆံတတ်ြ​ခင်း သည် ဆရာတော်တစ်​ပါးအနေနှင့် မဖြစ်သင့်မရှိသင့်ပါ၊ ယင့်ကဲ့သို့ အမူအကျင့် စိတ်နေစိတ်ထား ဆရားတော်တစ်​ပါးတွင်ရှိနေခြင်းသည် အသင်းတော်အတွက် ဆိုးကျိုးကပ်ဆိုက်ခြင်းပင်​ ဖြစ်​သည်​။
ဆရာတော်တစ်​ပါး အနေနှင့် နူးညံ့သိမ်မွေ့ဖော်ရွေသူ၊ ကောင်းမြတ်ခြင်းကို မြတ်နိုးသူ၊ တစ်​ပါးသူအတွက် စာနာပေးတတ်​သူ၊ တရားမျှတသူ၊ သန့်ရှင်းစင်​ကြယ်သူ၊ မိမိကိုယ်ကိုယ်ထိန်း​ချုပ်နိုင်သူ၊ ဘုရားသခင်၏နုတ်​ကပတ်တော်ကို သစ္စာစောင့်သိသူ၊ မိမိယုံ
ကြည် အသက်ရှင်သည့်အတိုင်း သွန်သင်ဟောကြားသူဖြစ်နေရပါမည်။
ဘုရားသခင်သင်တို့ကို ခေါ်ခဲ့တာ က မင်းညီမင်းသားလို ခံစားရန်မဟုတ်။ ​နှိမ့်ချသော နူးညံ့သောစိတ်ထားဖြင့် အစေခံတတ်​သူဖြစ်ဖို့ရန်ခေါ်ဆောင်ခဲ့ခြင်းကို သတိရပါ။ ဘုရားသခင်ရှေ့မှာ သင် ဘယ်လောက်တရားဟောကောင်းခဲ့သည် ဆိုတာထက် သင်ဘယ်လောက် နှိမ့်ချစွာ အစေခံခဲ့ခြင်းသည် သာ၍ အရေးပါကြောင်း ဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope-francis/mass-casa-santa-marta/2018-11/mass-casa-santa-marta.html

#pope, #mass, #service, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 1 =