ဆယ်ယောက်မှာ ကိုးယောက်သောကလေးငယ်များသည် လေထု အဆိပ်သင်မှု ခံစားနေရ

လေထု အဆိပ်သင်မှု
ဆယ်ယောက်မှာ ကိုးယောက်သောကလေးငယ်များသည် လေထု အဆိပ်သင်မှု ခံစားနေရ
အောက်တိုဘာ ၃၀၊ ၂၀၁၈

အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်နေ့ထိ ပြုလုပ်နေသော ကုလသမ္မဂ ကျန်းမာရေးဆိုင်ရာညီလာခံတွင် လေထုညစ်ညမ်းမှု့နှင့် ကလေးသူငယ်များကျန်းမာရေး ခေါင်းစဉ်ဖြင့် အစည်းအဝေး ကျင်ပခဲ့ပါသည်။ ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ထုတ်ပြန်ချက်အရ ဆယ်ယောက်မှာ ကိုးယောက်သောကလေးငယ်တွေ လေထု အဆိပ်သင်မှု ခံစားနေရသောကြောင့် ဖွံဖြိုးတိုးတက်မှုနှင့် ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိနေကြောင်း၊ ၂၀၁၆ ခုနှစ် စစ်တမ်းအရ လေထုညစ်ညမ်းမှုကြောင့် ကလေးသူငယ် ခြောက်သိန်းခန့် အသက်ရှုလမ်းကြောင်း ပိုးဝင်သော ဝေဒနာဖြင့် သေဆုံးခဲ့ကြောင်း၊ ဝင်ငွေ အလည်အလပ်နှင့် ဝင်ငွေနည်းသော နိုင်ငံများတွင် အိမ်တွင်းအိမ်ပြင် လေထုညစ်ညမ်းမှုကြောင့် ဆိုးဝါးစွာ ခံစားနေရကြောင်း နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ လေထုညစ်ညမ်းမှု့ဒဏ်ကို ကမ္ဘာပေါ်ရှိကလေးသူငယ် ၉၃ ရာခိုင်နုန်းမှာ နေစဉ်ခံစားနေကြရကြောင်း အထူးသဖြင့် အာရှ၊ အာဖရိက နှင့် လက်တင်အမေရိကတို့တွင် အဆိုးဝါးဆုံးခံစားနေရကြောင်း ထုတ်ပြန်ခဲ့ပါသည်။
ကိုယ်ဝန်ဆောင်မိခင်များ လမစေ့ဘဲမွေးဖွားခြင်း၊ ကလေးကိုယ်အလေးချိန်မပြည့်ခြင်း၊ အမောဖောက်ရောဂါဖြစ်ခြင်း၊ ကလေးငယ် ကင်ဆာရောဂါဖြစ်ပွားမှုမြင့်တက်လာခြင်း၊ ဦးနှောက်ဖွံဖြိုးမှုအားနည်းခြင်းများ ကမ္ဘာတဝှမ်းတွင် အဖြစ်များလာခြင်း များကိုလည်း တင်ပြခဲ့ကြပါသည်။
နေအိမ်များတွင် လေထုညစ်ညမ်းမှုနည်းသော လောင်စာကိုသာ အသုံးပြု၍ ချက်ပြုတ်စေခြင်း၊ စက်သုံးဆီအသုံးပြုမှု အသိပညာပေးမှုများပိုမိုပြုလုပ်စေလိုခြင်း၊ လေထုသန့်စင်ပေးသော နည်းပညာများ အသုံးပြု ရေးများကို နိုင်ငံတော်အဖွဲ့အစည်းများမှ ပါဝင်ပြုလုပ်စေလိုကြောင်း ဆွေးနွေးခဲ့ကြပါသည်။

https://www.vaticannews.va/en/world/news/2018-10/who-air-pollution-child-health-report.html

#who, #airpollution, #health, #children, #peterkm,
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung.

Add new comment

2 + 2 =