ဆင်းရဲးမွဲးတေခြင်းသည် ရှောင်လွှဲး၍ မရသောအရာ မဟုတ်

အာကာမာစိုအာ လူမူကူညီရေး အသင်းသို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သွားရောက်လည်ပတ်

ဆင်းရဲးမွဲးတေခြင်းသည် ရှောင်လွှဲး၍ မရသောအရာ မဟုတ်
စက်တင်ဘာလ ၈၊ ၂၀၁၉

စက်တင်ဘာလ ၈ တနင်္ဂနွေနေ့ နေ့လည်ခင်းတွင် မာဒါဂါစကာနိုင်ငံ အင်တာနာရီဘို မြို့ရှိ အာကာမာစိုအာ လူမူကူညီရေး အသင်းသို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သွားရောက်လည်ပတ် ခဲ့ပါသည်။ အာကာမာစိုအာ လူမူကူညီရေး အသင်းကို တည်ထောင်သူ ဘုန်းတော်ကြီး ပေထရို အိုပီကာ မှ ရဟန်းမင်းအား လာရောက်ရန်ဖိတ်ခေါ်ခဲ့သော်လည်း လာနိုင်လိမ်မည်ကိုမူ မမျှော့့်လင့်ခဲ့ကြောင်း၊ သို့သော်လည်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ သွားရောက်လည်ပတ် ခဲ့ပြီး အားပေးစကားပြေားခဲ့ပါသည်။

တပါးသူကိုရိုသေလေးစားခြင်း၊ မိမိကိုကိုယ်လေးစားခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ အလုပ်ကျိုးစားခြင်း တို့၏ တန်ဖိုးများကို သစ္စာရှိစွာလုပ်ကိုင်တန်ဖိုးထားကြဖို့၊ ဘုရားသခင်၏ စည်မံကိန်းသည် တို့ဘဝတစ်ခုတည်းဖွံ့ဖြိုးတိုးတက်ဖို့စေရန်မဟုတ်၊ တပါးသူအတွက် အစေခံခြင်းအားဖြင့် လူအဖွဲ့အစည်းတစ်ခုလုံး တိုးတက်စေဖိုဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါသည်။

နှစ်ပေါင်း ၃၀ အကြာလုပ်ဆောင်ကူညီပေးနေသော အာကာမာစိုအာ လူမူကူညီရေး အသင်း၏ ကူညီမူ့ကြောင့် လူပေါင်း နှစ်သောင်းငါးထောင်ကျော် အတွက် ရွာပေါင်း ၁၈ ရွာ၊ ဆေးပေးခန်း၊ စာသင်ကျောင်းများ နှင့် ကလေးငယ်ပေါင်း ၁၄၀၀၀ ကျော် ပညာရေးအတွက် ကူညီပေးနေသော အဖွဲ့ဖြစ်ပါသည်။ ဆေးပေးခန်းတွေ၊ ပညာရေး စင်တာတွေဟာ ဆင်းရဲးမွဲးတေမှုကိုကျော် လွှာနိုင်သော အဓိကမျှော်လင့်ချက်များဖြစ်ကြောင်း၊ အတူတကွ ရုန်ုးကန်လုပ်ရှားကျော်လွှာကြရမည်ဖြစ်ကြောင်း။

တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ယုံကြည်မူ့၊ အသိပညာအတတ်ပညာတို့ဖြင့်ကူညီကြခြင်း၊ အတူတကွလုပ်ဆောင်ကြခြင်းဖြင့် ဆင်ရဲးမွဲးတေမူ့ကို မဆုတ်မနစ် တိုက်ဖျက်ကြဖို့၊ အထူးသဖြင့် လူငယ်တွေအနေနဲ့ရှေ့ကလူကြီးတွေရုန်း ကန်တိုက်ဖျက်ခဲ့ကြတဲ့ဆင်ရဲးမွဲးတေမူ့ကို ဆက်လိုက် တိုက်ဖျက်ကြဖို့ ရဟန်းမင်းကြီးမှ အားပေးခဲ့ပါသည်။ စိတ်ဆုံဖြတ် နှစ်မြုပ်လုပ်ကိုင်ခြင်း၊ ကြိုးစားအားထုတ်ခြင်း ပညာရေးကဏ္ဍမြှင့်တင်ခြင်း၊ အတူတကွယုံကြည်မူ့တို့ဖြင့် တည်ဆောက်သွားကြရမည်ဟု့ အားပေးခဲ့ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2kC0alo

Add new comment

1 + 0 =