ဆင်းရဲသောသူတို့သည်ခေတ်သစ်လူမူအသိုင်းအဝိုင်းကိုတည်ဆောက် သူများဖြစ်သည်ဟု ပုပ်ရဟန်းမင်း ကြီးမိန့်ကြား

ဆင်းရဲသောသူတို့သည်ခေတ်သစ်လူမူအသိုင်းအဝိုင်းကိုတည်ဆောက် သူများဖြစ်သည်ဟု ပုပ်ရဟန်းမင်း ကြီးမိန့်ကြား

ဆင်းရဲသောသူတို့သည်ခေတ်သစ်လူမူအသိုင်းအဝိုင်းကိုတည်ဆောက် သူများဖြစ်သည်ဟု ပုပ်ရဟန်းမင်း ကြီးမိန့်ကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က စိန့်ပီတာရင်ပြင်၌ကိုဗစ် (၁၉) ကြောင့်ပူးပူးကပ်ကပ်နေ ခွင့်မရှိဘဲတစ်ဦးနှင့်တစ်ဦးခြား ၍ရပ်နေကြသောဘာသာတူများအားတနင်္ဂနွေ နေ့၌ဖတ်ရှု ရသည့် ရှင်မာတေဦး (၁၁:၂၅-၃၀) လာဧဝံဂေလိအ ကြောင်း အရာကိုရှင်းပြခဲ့သည်။

ထိုဧဝံဂေလိကျမ်းကိုသုံးပိုင်းခွဲ၍ထောက်ရူခဲ့သည်။ ပထမအပိုင်း ၌ ယေဇူးသခင်သည်ခမည်းတော်ဘုရားအားကျေးဇူး ဆပ်တင်သောဆုတောင်း မေတ္တာကိုပြုခဲ့သည်။
အဘယ်ကြောင့်ဆိုသော်ခမည်းတော်ဘုရားသည်ကောင်းကင်နိုင်ငံနှင့်ဆိုင်သောနက်နဲဖွယ် ရာများကို ဆင်းရဲသူနှင့်ရိုးသားသူတို့ကိုဖော်ပြခဲ့သည်။ ခမည်းတော်ဘုရားသည်အလွန်အတွင်းကျပြီး၊ ခွဲခြားမရ သောယေဇူးသခင်နှင့်ခမည်းတော်ဘုရား၏ပတ်သက်ဆက်နွယ်မှုကိုပြနေသည်။ ထို့နောက်ယေဇူးသခင်ထံ ချဉ်းကပ်၍သူ့နောက်လိုက်ကာသောကများဖြေလျော့ကြရန်ဘုရား ဖူးများအားဖိတ်ခေါ်တိုက်တွန်းခဲ့သည်။

ကျေးဇူးဆပ်တင်ခြင်း

ယေဇူးသခင်သည်ခမည်းတော်ဘုရားကိုကျေးဇူးတင်ဆပ်သောအခါကောင်းကင် နိုင်ငံတော်နှင့်ဆိုင်သောအရာများကို မိမိတို့ကိုယ်မိမိတို့တော်လှ၊ တတ်လှဟုမှတ်ထင်နေ သောသနားစရာမာနာတရား၏သားကောင်းများမှဝှက် ကွယ်ထားသော ကြောင့်ခမည်း တော်ဘုရားကိုကျေးဇူးတင်သည်။ ထိုသူတို့ကိုသနားစရာကောင်းသောပု၀ါစဖြင့်အုပ်ခံ ထားရသည်။ ထို့ ကြောင့်၄င်းတို့၏စိတ်နှလုံးသည်
ပိတ်လျှက်သားဖြစ်နေသည်။ သို့သော် ကောင်းကင်နိုင်ငံ တော် ၏လျှိုဝှက်ချက်ကိုခ မည်း တော်ဘုရားသည်သိမ်ငယ်သောသူတို့အားဖော်ပြခဲ့သည်။ သိမ်ငယ်သူတို့မှာ မိမိတို့ကိုယ်ကိုယုံကြည်စွာဖြင့်ကယ်တင်ခြင်း ကိုပို့ ပေးသောသမ္မာတရားတော်၌ဖွင့်ဟ၀န်ခံ သူများ၊ ထိုသို့ခမည်းတော်ဘုရားထံဖွင့်ဟ၀န်ခံရန်လိုအပ်သည်ဟုခံစားရသူများ၊ အရာရာကိုခမည်းတော်ထံမှသာမျှော်လင့်သူများဖြစ်ကြသည်။

လုံး၀အပြန်အလှန်တည်မှီနေခြင်း

ဆက်လက်၍ယေဇူးက သူသည်အရာရာကိုခမည်းတော်ထံမှလက်ခံရရှိသည်။ ယေဇူးကဘုရားသခင်ကို ‘ငါ၏ခမည်း တော်’ ဟုခေါ်သည်။ အဘယ်ကြောင့်ဆိုသော်ယေ ဇူးသခင်နှင့်ခမည်းတော်သည်ဇာတိတူကြောင်းကိုပြရန်ဖြစ်သည်။ ခမည်း တော်နှင့်သား တော်ကြား၌လုံး၀ အပြန်အလှန်တည်မှီးနေသည့်ကွင်းဆက်မျိုးရှိနေသည်။ တစ်ဦးကိုတစ် ဦးကိုကောင်းစွာသိ သည်။ အခြားသူ၏အသက်တာ၌ကျန်တစ်ဦးကပေါင်းစပ်ရှင်သန်နေ သည်။ ဤပေါင်းစပ်ရှင်သန်ခြင်းကိုအခြေပြု၍ယေဇူးသခင်က ‘ငါ့ထံလာကြလော့’ ဟုဖိတ် ခေါ်နေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ယေဇူးသခင်သည်ခမည်းတော်ထံမှသူရရှိ သောအရာများကိုကျွန်ုပ်တို့အားလည်းဝေမျှပေးချင်သည်။

သိမ်ငယ်သောသူတို့အားဦးစားပေးခြင်း

ခမည်းတော်ဘုရားသခင် သိမ်ငယ်သောသူတို့အားဦးစားပေးသကဲ့သို့ ယေဇူးသခင် သည်လည်း ၀န်လေးသောသူတို့ကို ဖိတ်ခေါ်ထားသည်။ ယေဇူးသခင်သည်ခမည်းတော်ဘုရားအားပြည့်၀စွာဆက်ကပ်အပ်နှံထားသည်။ ယေဇူးသခင်၏နူးညံ့ သိမ်မွှေ့ခြင်းနှင့်နှိမ့်ချ ခြင်းသည်နောက်ဆုတ်ခြင်းကိုမီးမောင်းထိုးပြနေသည်မဟုတ်။ ထို့အတူယဇ်ကောင်သက်သက်မျှဖြစ် သည်ဟုလည်းမဟုတ်။ ဤအခြေအနေကိုနှလုံးသားမှခံယူရှင်သန်နေ၍ခမည်းတော်ကိုချစ်ကြောင်းမြင်သာ၊ သိသာစေသည်။ ထိုချစ်ခြင်းသည်သန့်ရှင်းသော
၀ိညာဉ် တော်ကိုချစ်ကြောင်းလည်းပြသည်။ ယေဇူးသခင်သည်အတွင်းစိတ်၌ဆင်းရဲသော သူတို့နှင့် ဧဝံဂေလိတရားမှထွက်ပေါ်လာသောမင်္ဂလာအမျိုးမျိုးတို့၏စံဖြစ်သည်။ ယေဇူးသခင် သည်နွမ်းရိညှိုးငယ်သူ၊ ဖိနှိပ် ခံရသူများအားစိတ်ပိုင်းဆိုင်ရာသက်သာမူ၊ သို့မဟုတ် အလှူ များပေးရုံမဟုတ်ဘဲကြည် လင်လန်းဆန်းတက်ကြွပြီး၊ ဆင်းရဲ သားများအားလည်းဧဝံဂေ လိတရားကြေငြာဟောပြောနိုင်ရန်နှင့်လူမှုအသင်းအဖွဲ့ကိုတည်ဆောက်သူဖြစ်နိုင်သော ပျော်ရွှင်မူ ကိုလည်းပေးနေပါသည်။

လူတိုင်းအတွက်သတင်းတစ်ပုဒ်

ယေဇူးသခင်ယနေ့ပေးသောသတင်းသည် စိတ်ကောင်းရှိသူအား လုံးအတွက်ဤ သတင်းသည်သ တင်းကောင်းတစ်ပုဒ် ဖြစ်ပါ သည်။ အဘယ်ကြောင့်ဆိုသော်ကမ္ဘာကြီး သည်အဘယ်သို့ချမ်းသာကြွယ်၀ လာကြသည်၊ အာဏာရှင်ဆန်စွာဩဇာအာ ဏာထွားကြိုင်းလာသူများအားမြောက်စားနေကြသည်။ အမှန်မှာတစ်ခါတရံ၌လူသားအချင်းချင်း ကိုကြီးနိုင်ငယ်ညှဉ်းကာ ဖြစ်စေ၊ တစ်ဖက်သား၏ ဂုဏ်သိက္ခာကိုဖျက်လိုဖျက်ဆီးပြုကာ မိမိတို့၏ဥစွာ၊ ဂုဏ်ဩဇာများကိုအရသိမ်းကျုံး ပိုင်ဆိုင်ထား ကြသည်။ ဤသတင်းသည် သာသနာတော်ကြီးအတွက်လည်းဖြစ်ပါသည်။ သာသနာတော်ကြီးအားချို့တဲ့နွမ်းပါးသူ များအား ကရုဏာရေးလုပ်ငန်းများနှင့်ဧဝံဂေလိသတင်း ကောင်းများကြေငြာဟောပြောရန် တိုက်တွန်းနိုးဆော်နေသည်။ ရဟန်းမင်းကြီး က၄င်း ၏ ဩ၀ါဒအား မိမိ၏အသက်တာကိုလူ တို့အလယ်တွင်ထူးခြားကွဲပြားစွာရှင်သန်ခဲ့၊ မာနထောင် လွှားသောသူတို့မှဝှက် ကွယ်နေ သောနက်နဲရာများအားကိုယ်တိုင် ဝေမျှခံထမ်း၍နှိမ့်ချသောသူတို့အားဖော်ပြပေးခဲ့သော အမိမယ်တော် ၏ကြား၀င် ဆုတောင်းခြင်းကိုတောင်းခံ၍နိုဂုံးချုပ်ခဲ့ပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3ixvsDn

Add new comment

4 + 4 =