စိန့်ပီတာရင်ပြင်အနီး၌ ရှိသော မယ်တော့်သနားကြင်နာခြင်းဆေးခန်းကို ရောမမြို့ ဆင်းရာမမြို့ရှိဆင်းရဲသားများအား ကူညီကုသပေးရန် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ လှုဒါန်းခြင်း

စိန့်ပီတာရင်ပြင်အနီး၌ ရှိသော မယ်တော့်သနားကြင်နာခြင်းဆေးခန်း
စိန့်ပီတာရင်ပြင်အနီး၌ ရှိသော မယ်တော့်သနားကြင်နာခြင်းဆေးခန်းကို ရောမမြို့ ဆင်းရာမမြို့ရှိဆင်းရဲသားများအား ကူညီကုသပေးရန် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ လှုဒါန်းခြင်း
ဒီဇင်္ဘာ ၂၂၊ ၂၀၁၈

ဗာတီကန်နိုင်ငံ ကျန်းမားရေးနှင့် တကိုယ်ရေးသန့်ရှင်းရေးဌာန၊ ဗာတီကန်နိုင်ငံတော် အစိုးရတို့၏ ပူးပေါင်းပြီး ရဟန်းမင်းကြီးရုံးတော်ကရုဏာရေးအဖွဲ့၏ ဦးဆောင်းမှုဖြင့် စိန့်ပီတာရင်ပြင်အနီးရှိ ၂၀၁၆ ခုနှစ်မှစတင်ကာ စန်မာတီးနို စင်တာ အမည်ဖြင့် ဆင်းရဲသားများကို ကူညီကုသပေးနေသောနေရာအား ယခုအခါ မယ်တော့်သနားကြင်နာခြင်းဆေးခန်းအမည်ဖြင့် ဆံပင်ညှပ်ပေးသောအခန်း၊ ရေချိုးရန်အသုံးပြုနိုင်သောအခန်းများ ထပ်မံပေါင်းထည့်ကာ ရောမမြို့ ဆင်းရာမမြို့ရှိ ဆင်းရဲသားများ၊ အိုးမဲ့အိမ့်မဲ့များနှင့် ဘုရားဖူးလာ ဧည့်သည်များ ဖျာနာလျှင် ကူညီကုသပေးရန် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် မှ လှုဒါန်းပေးခဲ့ပါသည်။

 
 
ယခင်က ဗာတီကန် စာတိုက်ပိုင်ဆိုင်သောနေရာ Ambulatorio-Madre di Misericordia တွင် အခန်းသုံးခန်းကို ကျန်းမာရေးဆေးစစ်ခန်း၊ ရုံးခန်း၊ ရေချိုးခန်းနှစ်ခန်း နှင့် ဆေးခန်းလာသူများစောင်းဆိုင်းရာနေရာအဖြစ်အသုံးပြုထားကြောင်း၊ အခန်းများကို ရောဂါစစ်ဆေးခြင်းများ အပြည့်အဝပေးနိုင်းသော စက်ကရိယာ အသစ်များ ဖြည့်ဆည်းထားကြောင်းဖော်ပြထားသည်။ ဆေးခန်းကို တစ်ပတ်လျှင် တနင်္လာ၊ ကြာသာပတေးနှင့် စနေနေ့တို့တွင် သုံးရက်ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ပြီး၊ တနင်္လာနေ့ ညနေပိုင်းတွင် ခြေထောက်နှင့်ခြေကျင်းဝတ် ရောဂါများအတွက် အထူးကုဆရာဝန်များမှ ကုသပေးမည်ဖြစ်ကြောင်း၊ ရှေးဦးသူနာပြုစုနည်းဖြင့် ဗာတီကန်သို့ဘုရားဖူးလာသူများ၏ လိုအပ်မူများကိုလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
 

ဆေးဝါးကုသပေးခြင်းကို ဗာတီကန်နိုင်ငံ ရောမမြို့ Tor Vergata တက္ကသိုလ်မှ အထူးကုဆရာဝန်းများ၊ ဆရာဝန်းများမှ လုပ်အားပေးအဖြစ်တာဝန်ယူကုသပေးသွားမည်ဖြစ်ကြောင်း နှင့် Tor Vergata တက္ကသိုလ် ဆေးပညာဌာနမှ အလုပ်သင်ကျောင်းသား ဆရာဝန်လောင်းများ၊ ဘွဲ့ရပြီးသွားသော ဆရာဝန် အသစ်များအတွက် လက်တွေ့လေ့လာမှု့များအတွက်လည်း ခွင်ြ့ပုပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 
 
နိုဝင်ဘာလ ၁၈၊ ၂၀၁၈ ကမ္ဘာ ဆင်းရဲသားများနေ့ တွင်လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ စိန့်ပီတာ ရင်ပြင်တွင် ရွေ့ပြောင်းကုသနိုင်သော ဆေးကုသ စင်တာများဖွင့်လှစ်ပေးခဲ့ပြီး ဆင်ရဲသားများအတွက် အခမဲ့ဆေးစစ်ခြင်း၊ အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပေးခြင်းများကိုလည်းပြုလုပ်ပေးခဲ့ပြီး၊ တခါတရံ အကြောင်းကြားမှုမရှိဘဲ ဆေးရုံဆေးခန်းများသို့ လူနာများနှင့် ကူညီလုပ်ဆောင်ပေးနေသော လုပ်အားပေးအဖွဲ့များကို သွားရောက်အားပေးခြင်များလည်းပြုလုပ်လေ့ရှိသည်။ တခြားထူးခြားသောအရာမှာ ဒီဇင်္ဘာလ ၁၈ ရက်နေ့က ဆင်းရဲသားများကို နေလည်စာဖိတ်ကျွေးခြင်းများကိုလည်း လူအများအံအားသင့်စေသောအရာများ စိတ်ကြည်နူးစေသောအရာများကိုပြုလုပ်ခဲ့ကြောင်းလည်း ဗာတီကန် သတင်းဌာနမှ ဖော်ပြထားပါသည်။
 

https://www.vaticannews.va/en/pope/news/2018-12/pope-francis-christmas-gift-clinic-homeless-pilgrims-apostolic-c.html

#clinic, #pope, #donate, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 16 =