
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် အထက်တန်းကျောင်းသူ၊ ကျောင်းသားများနှင့်အတူ ၄င်​းတို့၏ မိဘများ နှင့် တွေဆုံခြင်း

စမတ်ဖုန်းများရဲ့​ကျေးကျွန်မဖြစ်စေဖို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ သတိပေးခြင်​း

ဧပြီလ ၁၃၊ ၂၀၁၉

ဗာတီကန် နိုင်ငံ ရောမမြို့ ဆဌမမြောက် ပေါလူး ခန်းမတွင် အထက်တန်းကျောင်းသူ၊ ကျောင်းသားများနှင့်အတူ ၄င်​းတို့၏ မိဘများ နှင့် တွေဆုံခြင်းအခမ်​းနား၌ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ​ကျောင်​းသူ။​ကျောင်​းသားများအား ဘဝအတွက်​ သိရှိ၊ သင်ယူလိုစိတ်ပြင်းပြကြဖို့နဲ့ စမတ်ဖုန်းများရဲ ​ကျေးကျွန်မဖြစ်စေဖို့သတိပေးခဲ့ပါသည်။

လူ့ဘဝဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဆက်ဆံနေရတဲ့ ဘဝအသက်တာဖြစ်သလို ဒါကိုဘဲ စမတ်ဖုန်းများဟာ ချိတ်ဆက်ပေးတာဖြစ်​ပါတယ်​။တကယ်​​တော့ စမတ်ဖုန်းများဟာ ကောင်းမွန်သောအရာများ၊ အသုံးဝင်သော အရာများဖြစ်ကြပါတယ် ကောင်းမွန်စွာအသုံးချကြသင်​့ပါတယ်​၊ သိုသော် သင်တို့ရဲ့ဘဝတွေကို စမတ်ဖုန်း အစွဲးအလန်းကြီးစွာ အသုံးပြုခြင်းမှရှောင်ကျင်ကြဖို့လိုအပ်တယ်။ ဖုန်းတွေဟာ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့ဖြစ်တယ်၊ တစ်ယောက်နဲ့တစ်ယောက်ပြောဆိုဆက်သွယ်ကြခြင်​းဟာ ကောင်းမွန်သော အလုပ်ဖြစ်တယ် သို့သော် အလွန်အမင်း အစွဲးကြီးစွာ အသုံးပြုခြင်းဟာ အန္တရာယ် ဖြစ်စေတယ်။ လူတိုင်းကောင်းမွန်စွာအသုံးပြုသင့်​ကြောင်​း အစွဲ့အလန်းဖြစ်သွားပြီဆိုရင် ဒီဖုန်းရဲ့ ကျွန်တစ်ယောက်ဖြစ်လာပြီး သင့်တို့ရဲ့လွတ်လပ်မူ့တွေဆုံးရုံး ကုန်နိုင်​​ကြောင်​း။

စာသင်ကျောင်းတွေမှာ မတူညီတဲ့ရိုးရာယဉ်ကျေးမူ့တွေကို တန်ဖိုးထားတပ်ဖို့၊ လေးစားတပ်ဖို့၊ မတူကွဲးပြားမူ့တွေကိုနားလည်လက်ခံတပ်ဖို့ သင်ကြားပေးရမယ် မြှင့်တင်ပေးရမယ်။ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီး ချစ်ခင်မူ့အလေ့အထတွေကိုဖော်ဆောင်ပေးရမယ်။ မတူကွဲးပြားမူ့တွေကို မကြောက်ပါနဲ့၊ မတူညီတဲ့အရာတွေကြားမှာပြောဆိုဆွေးနွေခြင်းဖြင့် နားလည်မူ့ရယူကြပါ၊ ဒီနည်းလမ်းက မတူညီတဲ့အရာတွေ အင်အားတွေကို စုစည်းတည်ဆောက်ခြင်းဖြစ်တယ် ဒီနည်းလမ်းအားဖြင့် ခွန်အားတွေစုစည်းရမယ်။ ဒုတိယ ဗာတီကန် အစည်းအဝေးကြီးက လွတ်လပ်ခြင်း၊ ရိုးသားစွာ အမှန်တရားရှာဖွေခြင်း၊ တရားမျှတမူ့နှင့် စည်းလုံးခြင်းကို အထူးသဖြင့် အင်းအားချိနဲ့သော နိုင်ငံများ အတွက်ရှာဖွေဖော်ထုတ်ပေးခြင်းတို့ကိုပြုလုပ်​ ဖော်ဆောင်ပေးသင်​့ပါတယ်။

ဒီအရာတွေကို ရှာဖွေဖော်ထုတ်ခြင်းမပြုလျှင် အတူတကွယှဉ်တွဲးနေထိုင်ခြင်းဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ယောက်ကို တစ်ယောက်က အနိုင်ကျင့်ခြင်းအလေ့အထဟာ စာသင်ကျောင်းတွေမှာတွေ့ရတပ်တဲ့ အလေးအထတစ်​ခုဖြစ်တယ်၊ အဲ့ဒီအကျင့်ဆိုးဟာ ကျောင်းသူကျောင်းသားတွေကြားမှာ နားကြီးမုန်းတီးမူစိတ်မျိုးဓာတ်​​စေ့၊ ခိုက်ရန်ဖြစ်ပွားဖို့မျိုးစေ့လေးတွေ ချပေးလိုက်ခြင်းပါပဲ။ ဒါ​ကြောင်​့ ကျောင်းသူကျောင်းသာများသာမက မိဘဆရာများကပါ ယင်းအချက်ကို သတိထား ပြုပြင်ပေးကြရမယ်။ လူငယ်တွေကို အားပေးခြင်တာက ပိုမိုကောင်းမွန်တဲ့ကမ္ဘာကြီး တည်ဆောက်ဖို့အတွက် ကြီးမားတဲ့ရည်မှန်းချက်မှော်လင့်ချက်တွေထားရှိကြစေခြင်ပါတယ်ဟုမိန်​့ကြားသွားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-04/pope-francis-audience-st...

#pope, #students, #phones, #peterkm
Photo credits to Vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 7 =