စစ်ပွဲဆိုတာက မှားယွင်းတဲ့ အရာ တစ်ခုဖြစ်သလိုအရမ်းကို ထိတ်လန့်ဖို့လည်း ကောင်းပါတယ်

စစ်ပွဲဆိုတာက မှားယွင်းတဲ့ အရာ တစ်ခုဖြစ်သလိုအရမ်းကို ထိတ်လန့်ဖို့လည်း ကောင်းပါတယ်။

ယူကရိန်းမှာ ပိုပြင်းထန်လာတဲ့ စစ်ပွဲကြောင့် အဖျက်အဆီးနဲ့ ခြိမ်းခြောက်မှုတွေက အကြီးအကျယ် စိုးရိမ် စရာဖြစ်လာပါတယ်။ မကြာသေးခင်က နိုင်ငံတကာ ဥပဒေကို ဆန့်ကျင်ပြီး ဆက်လက်လုပ်နေတဲ့ အဖြစ်အပျက်တွေအပေါ် ကျွန်ုပ်ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။

အဲဒီလုပ်ရပ်တွေက ထိန်းမရနိုင်တဲ့ နျူကလီးယားလက်နက် အသုံးပြုမှု အန္တရာယ်တိုးမြင့်စေပြီး တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် နေတာဖြစ်တယ်။ ပထမဆုံးအနေနဲ့ ရုရှားဖက်ဒရေးရှင်း သမ္မတ အနေနဲ့ လက်ရှိဖြစ်ပျက်နေတာတွေ အရင်ဖြေရှင်းဖို့နဲ့ မိမိပြည်သူတွေရဲ့အကျိုးကိုထောက်ပြီး အကြမ်းဖက်မှုနဲ့ သေဆုံးမှု တွေကို ရပ်တန့်အောင် လုပ်ဆောင်ဖို့ လေးနက်စွာ ပန်ကြားအပ်ပါတယ်။

တစ်ဘက်မှာလည်း ရန်စမှုကြောင့် ကြီးမားတဲ့ဒုက္ခနဲ့ဝမ်းနည်းနေကြတဲ့ ယူကရိန်းနိုင်ငံက ပြည်သူတွေအတွက် ကျွန်ုပ်အတူ စိတ်မကောင်းဖြစ်ပြီး ယူကရိန်းသမ္မတကို ငြိမ်းချမ်းရေးအတွက် အဆိုပြုချက်တွေကို အလေးပေး တောင်းခံဖို့ ပန်ကြား ချင်ပါတယ်။ စစ်မက်(၇)လကြာလာချိန်မှာ အဲလိုမျိုး အဖြစ်ဆိုးကို အဆုံးသတ်နိုင်ဖို့ဖြစ်နိုင် ရနိုင်သမျှ သံတမန်နည်းလမ်း အားလုံးကို အသုံးပြု ကြပါစို့။

စစ်ပွဲဆိုတာက မှားယွင်းတဲ့ အရာ တစ်ခုဖြစ်သလို အရမ်းကို ထိတ်လန့်ဖို့လည်း ကောင်းပါတယ်။

✍️ထန်းဟာ SJ ✍️

Source: Catholic News Service

#rvamyanmar #rvapastoralcare #PopeFrancis

Add new comment

13 + 0 =