စစ်တိုက်ခြင်း၊ အကြမ်းဖက်ဝါဒအသုံးပြုခြင်းများ သည် လူသားထုတစ်ရပ်လုံးအတွက်ကြီးမားသော ဆုံးရုံးမူများကို သာ ဖြစ်ပေါ်စေကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန် စစ်အရှင်သူမြတ် သတိပေးခြင်း

လူထုတွေဆုံခြင်း နှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်းအ

စစ်တိုက်ခြင်း၊ အကြမ်းဖက်ဝါဒအသုံးပြုခြင်းများ သည် လူသားထုတစ်ရပ်လုံးအတွက်ကြီးမားသော ဆုံးရုံးမူများကို သာ ဖြစ်ပေါ်စေကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန် စစ်အရှင်သူမြတ် သတိပေးခြင်း
သြဂုတ်လ ၁၁၊ ၂၀၁၉

ရောမမြို့ စိန့်ပီတာ ရင်ပြင် တွင် အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း တွေ့ဆုံနေကြ လူထုတွေဆုံခြင်း နှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်းအပြီး၌ ပုပ်ရဟန်းမင်းကြီး ဖရန် စစ်အရှင်သူမြတ် မှ လက်နှက်ကိုင် တိုက်ပွဲးများကြောင့် ထိခိုက်သေကြေပျက်စီးမူများ ပျက်စီးဆုံးရုံးနေကြသော တိုင်ပြည်များ နှင့် ကမ္ဘာတစ်ဝှမ်းကို သတိပေးသောအားဖြင့် ဒုတိယ ကမ္ဘာစစ်အပြီး ချုပ်ဆ်ုိခဲ့သော ဂျနီဗာ သဘောတူ စာချုပ် ၇၀ နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် နိုင်ငံတကာဥပဒေ စံချိန် စံညွှန်းများဖြစ်သည့် စာချုပ်ပါအချက်အလက်များကို လိုက်နာကြဖို့ တိုက်တွန်းခဲ့ပါသည်။

လက်နှက်ကိုင် တိုက်ပွဲးများကြောင့် ဒုက္ခရောက်ကြရသူများ သေကျေပျက်စီးကြရသူများ၏ အသက် နှင့် လူ့ ဂုဏ်သိက္ခာ ကို ကာကွယ်ပေးရမည့် အချက်သည် အဓိက အရေးကြီးသော အချက်ဖြစ်ကြောင်း တိုင်းနိုင်ငံများ ပိုမို သိရှိဖို့ သတိထားဖို့လိုကြောင်း၊

ဆက်လက်ပြီး နိုင်ငံတကာ ဥပဒေများ၊ နိုင်ငံတကာ လူအခွင့်အရေး ဥပဒေများ ကို လေးစားလိုက်နာကြဖို့၊ စာသင်ကျောင်းများ၊ အပြစ်မဲ့ပြည်သူများ နေထိုင်သော လူနေရပ်ကွက် အိမ်များ၊ ဆေးရုံးများကို ကာကွယ်စောင့်ရှောက်ပေးကြဖို့၊

စစ်တိုက်ခြင်း၊ အကြမ်းဖက်ဝါဒအသုံးပြုခြင်းများ သည် လူသားထုတစ်ရပ်လုံးအတွက်ကြီးမားသော ဆုံးရုံးမူများကို သာ ဖြစ်ပေါစေကြောင်းကို မမေ့ကြဖို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ပြောကြားခဲ့ပါသည်။
By Kyi Maung
Photo credits to Vatican News

https://bit.ly/2KtcwXd

 

Add new comment

6 + 1 =