ငြိမ်းချမ်းရေးလမ်းစဉ်၌ ပျော်ရွှင်စွာ လျှောက်လှမ်းကြဖို့ မိုဇမ်ဘစ် နိုင်ငံ လူငယ်များကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

မိုဇမ်ဘစ် နိုင်ငံ လူငယ်များ နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် တွေ့ဆုံခြင်း

ငြိမ်းချမ်းရေးလမ်းစဉ်၌ ပျော်ရွှင်စွာ လျှောက်လှမ်းကြဖို့ မိုဇမ်ဘစ် နိုင်ငံ လူငယ်များကို ပုပ်ရဟန်းမင်းကြီး တိုက်တွန်း
စက်တင်ဘာလ ၅၊ ၂၀၁၉

မိုဇမ်ဘစ် နိုင်ငံ လူငယ်များ နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် တွေ့ဆုံခြင်းတွင် ငြိမ်းချမ်းရေးလမ်းစဉ်၌ ပျော်ရွှင်စွာ လျှောက်လှမ်းကြဖို့ မိုဇမ်ဘစ် နိုင်ငံ လူငယ်များကို တိုက်တွန်းခဲ့ပါသည်။

အိမ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ၊ တို့တိုင်းပြည်တွေကြုံနေရတဲ့ အခက်အခဲးတွေကို တို့ဘယ်လိုဖြေရှင်းမလည်း၊ မိုဇမ်ဘစ် နိုင်ငံရဲ့ သမိုင်းစာမျက်နှာ အသစ်ကို ဘယ်လိုရေးကြမလည်း စသည့်မေးခွန်းသုံးခုဖြင့် လူငယ်များကို ခွန်အားပေးပြောကြားခဲ့ပါသည်။

သင်တို့ အခုကျွနုပ်ကို ကြိုဆိုတဲ့ အခမ်းအနားတွေနဲ့ အစည်အစဉ်တစ်လျောက်လုံးမှာ သင်တို့ရဲ့ တွေဆုံရင်းနှီးစုပေါင်းလုပ်ကိုင်ခြင်း၊ သင်တိုရဲ့ အနုပညာလက်ရာများ၊ သီချင်းသံစဉ်များ၊ ရိုရာယဉ်ကျေးမူ့များ ဖြင့်ဖျော်ဖြေမူ့များမှာ အဖြေတွေကို တွေ့နေရတယ်။ ဒီအခမ်းအနား တစ်လျှောက်လုံးမှာ သင်တို့ရဲ အိမ်မက်တွေ၊ အနာဂတ်တွေ၊ မျှော်လင့်ချက်တွေပါဝင်နေတယ်။ ဒါတွေကို အတူတကွ တည်ဆောက်ပြီး တောက်ပတဲ့အနာဂတ်ကို ဖန်တည်းရမယ်။

လက်လျှော့အရူံးပေခြင်း နဲ့ စိုးရိမ်ပူပန်ခြင်း စိတ် နှစ်ခုဟာ လူကို ဒုက္ခရောက်စေတယ်။ လူကိုသက်သာစေပြီး ရုံးနိမ့်မူ့ဆီကို ပိုပေးတယ်။
ဇွဲးလုံးလရှိခြင်းက လူကို ပိုမိုတိုးတက်စေတယ်၊ ဘယ်လိုအခက်မျိုးပဲ ဖြစ်ဖြစ် ဂရုမစိုက်ပဲ အိမ်မက်တွေကို ဆက်လက်ရှင်သန်စေပြီး ရှေ့ကိုတိုးတက်နေစေတယ်၊ ကိုယ်ရဲ့အောင်မြင်မူ့တွေက တပါးသူကို ချန်လှပ်ထားတာမျိုးမဖြစ်စေနဲ့။

အဖွဲ့အစည်းနဲ့လုပ်ဆောင်တတ်ခြင်းကို လေ့လာသင်ယူကြပါ။ ဘာသာတရား မတူညီမူ့များကို၊ ရိုးရာယဉ်ကျေးမှု မတူညီမူ့များ၊ ဘာသာစကားမတူညီမူ့များဟာ ကျွနုပ်တို အတွက် အတားအဆီးများ မဖြစ်စေရပါ အဲ့ဒီမတူညီမူ့တွေကို စုစည်းပြီး ပိုလှပသော၊ခိုင်မာတောင့်တင်းသော ခွန်အားတွေဖြစ်ပေါ်လာအောင်ဖန်တီးရမှာဖြစ် တယ်။ အမြန်သွားချင်ရင် တစ်ယောက်တည်းသွားပါ၊ ခရီးဝေးဝေးသွားခြင်ရင်တော့ အဖွဲ့နဲ့သွားပါ။ ပိုမို ခိုင်မာတောင့်တင်းပြီး ကာလကြာရှည်စွာ တည်မြဲးမည့်ငြိမ်းချမ်းခြင်းကို လိုခြင်ရင် အဖွဲ့နဲ့လုပ်ဆောင်တပ်အောင်ကြိုးစားပါ။

လူကြီးသူမတွေစီက အကြံဉာဏ်တွေ တောင်းခံပါ သူတို့တွေဟာ တို့အတွက် ရေသောက်မြစ်တွေလိုပဲ အခက်အခဲးတွေကြားမှာ ရှင်သန်နိုင်အောင် အကြံဉာဏ် တွေပေးနိုင်တယ်။ သူတို့ မသေခင် သူတို့ကို ရိုသေလေးစားပြီး သူတို့ဆီးက ပညာတွေကိုရအောင်ယူနိုင်ကြရမယ်။

ညီကိုမောင်နှစိတ်နဲ့ ချစ်ခင်ရင်းနှီးမူ့ကို တည်ဆောက်ကြခြင်း၊ ကမ္ဘာမြေကြီးကို ကာကွယ်စောင်ရှောက်ကြခြင်း၊ မိသားစုများ၊ လူမျိုးစုများ၊ နိုင်ငံသားအားလုံး စည်းလုံးခြင်းဖြင့် အတူတကွတည်ဆောက်ကြရမယ်။
ဘုရားရဲ့ချစ်ခြင်းမေတ္တာကို ခံစားပြီး ငြိမ်းချမ်းရေးလမ်းစဉ်၌ ပျော်ရွှင်စွာ လျှောက်လှမ်းကြဖို့ မိုဇမ်ဘစ် နိုင်ငံ လူငယ်များကို ပုပ်ရဟန်းမင်းကြီး အားပေး တိုက်တွန်းခဲ့ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2lFEUva

 

Add new comment

4 + 8 =