ဂွာတာလူပေ မယ်တော်ပွဲ

မယ်တော်၏ လက်အုပ်ချီဆုတောင်းနေသော ပုံတော်ပါ ခြုံထည်
ဂွာတာလူပေ မယ်တော်ပွဲ
ဒီဇင်​ဘာ ၁၂၊ ၂၀၁၈

ဒီဇင်​ဘာ ၁၂ နေ့သည် အမေရိကတိုက်၏ ကိုးစားရာ မက်က်စီကို နိုင်ငံ၏ သခင်မအဖြစ်တင်စားထားသော ဂွာတာလူပေ မယ်တော်ပွဲ​နေ့ဖြစ်ပါသည်။

ဂွာတာလူပေ မယ်တော်သည် ဒေသခံတိုင်ရင်း လယ်သမားတစ်​ဦးဖြစ်သူ Juan Diego အား ၁၅၃၁ ခုနှစ် မက်က်စီကို နိုင်ငံ Tepeyac တောင်ကုန်းတွင် လူသားအားလုံးတို့၏မိခင်၊ ဘုရား၏မယ်တော်အဖြစ် ပထမအကြိမ်တန်​ခိုးပြခြင်းတွင်ဖော်ပြခဲ့ပါသည်။

ယင်းတံခိုးပြခြင်းတွင် သူမအတွက် ဤတောင်ကုန်းနေရာ၌ ယုံကြည်သူများအတွက် သူမ၏ ချစ်ခြင်းမေတ္တာ နှင့်သနားကြင်နာမှုကိုဖော်ပြရန် မယ်တော်ဗိမာန်တခုတည်ဆောက်ဖို့တောင်းဆိုခဲ့ပါသည်။

မယ်တော်တန်​ခိုးပြခြင်းကိုဖူးမြင်ရပြီးနောက် Juan Diego သည် မက်က်စီကိုမြို့ဂိုဏ်းချုပ်ဆရာတော် Juan Zumarraga ထံသို့သွားရောက် အကြောင်းကြားခဲ့သော်လည်း ယုံကြည်မှုမရှိကြောင်း ရဟန္တာတို့သည် မိမိမည်သူမည်ဝါဖြစ်ကြောင်းသက်သေပြကြတယ် မယ်တော်တကယ်ဖြစ်ရင် သက်သေပြဟုသူအားပြောဆို၍ မောင်းထုတ်ခဲ့ပါသည်။
Juan Diego သည် မယ်တော်တန်​ခိုးပြရာနေရာသို့ပြန်သွားခဲ့ပြီးမယ်တော်နှင့်တွေ့ဆုံချိန်တွင် မယ်တော်မှ သူ့အားတောင်ကုန်းထိပ်သို့တက်၍ ပန်းတချို့ကို ယူသွားပြီး ဂိုဏ်းချုပ်ဆရာတော်ကို ပေးရန်ပြောကြားခဲ့ပါသည်။

ဆောင်ရာသီပန်းပွင့်​သောအချိန်ကာလမဟုတ်သော်လည်း Juan Diego သည် တောင်ကုန်းပေါ်တွင် သူတခါမျှ မမြင်ဖူးသော ပန်းပေါင်းစုံပွင့်နေသည်ကိုတွေ့ခဲ့ရပြီး မယ်တော်သည် Juan ၏ tilma ဟုခေါ်သော အမျိုးသား ခြုံထည်ဖြင့်ပန်းများကိုစုစည်းပေးခဲ့ပြီး ဆရာတော်ထံသို့ပေးစေခဲ့ပါသည်။ Juan Diego ပေးသော ပန်းများသည် မက်က်စီကို နိုင်ငံတွင်မတွေ့ရှိနိုင်သော စပိန်နိုင်ငံတွင်ရှိသော Castilian နှင်းဆီပန်းများဖြစ်ကြောင်းဆရာတော် မှ ချက်ချင်းသတိထားမိခဲ့ပါသည်။ ပို၍ထူးဆန်းသော အချက်မှာ ပန်းများထည့်သယ်ဆောင်လာသော tilma အမျိုးသား ခြုံထည်ပေါ်တွင်  မယ်တော်၏ ပုံတော် ရောင်စုံကာလာဖြငိ့ထူးဆန်းအံသြဖွယ်ရာ ပေါ်နေကြောင်းကို တွေ့ရှိခဲ့ကြပါသည်။

ယင်းမယ်တော်၏ လက်အုပ်ချီဆုတောင်းနေသော ပုံတော်ပါ ခြုံထည်ကို ထိုနေမှစ၍ ဂွာတာလူပေ မယ်တော်သခင်မအဖြစ်သတ်မှတ်ခဲ့ကြပါသည်။ ယနေ့ထက်တိုင် ယင်းခြုံထည်ကို မက်က်စီကို နိုင်ငံ တွင် သန့်ရှင်းသော အထွဠ်အမြတ်ထားရာ အဖြစ်ထိန်းသိမ်းထားကြသည်​။

်Aztec တိုင်းသား Nahuatl မူရင်ဘာသာစကားဖြင့် Antonio Valeriano မှ မယ်တော်ထင်ရှားပြခြင်းကို ၁၅၅၆ ခုနှစ်လောက်တွင် စာရေးမှတ်တမ်းတင်ခဲ့ပါသည်။
မယ်တော်ထင်းရှာပြရာ ​တောင်ကုန်းသို့ နှစ်စဉ်နှစ်တိုင်း လူပေါင်းသန်း နှစ်ဆယ်ခန့် ဘုရားဖူးလာရောက်ကြသည်​။ ၁၉၉၀ ခုနှစ်တွင် ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ် မက်က်စီကို နိုင်ငံသို့သွားရောက်ခဲ့စဉ် Juan Diego အားသူတော်စင်​ အဖြစ်တင်မြှောက်ခဲ့ပြီး၊ နှစ် ၂၀၀၀ တွင် ရဟန္တာ အဖြစ်တင်မြှောက်ကြေငြာခဲ့ပါသည်။

https://www.vaticannews.va/en/church/news/2018-12/our-lady-of-guadaloupe-feast-day-mexico-americas.html

#Guadalupe, #mary, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 3 =