ချစ်ခြင်းမေတ္တာကြီးမားသူတွေဟာ လောကလက်ရှိအခြေအနေကိုနာလည်ဖို့ အခ်ါခံရသူတွေဖြစ်တယ်

ခရစ်တော်၏မေတ္တာတော် အသင်းဂိုဏ်းဝင်များနှင့်တွေ
ချစ်ခြင်းမေတ္တာကြီးမားသူတွေဟာ လောကလက်ရှိအခြေအနေကိုနာလည်ဖို့ အခ်ါခံရသူတွေဖြစ်တယ်
အောက်တိုဘာ ၂၂၊ ၂၀၁၈

ချစ်ခြင်းမေတ္တာကြီးမားသူတွေဟာ လောကလက်ရှိအခြေအနေကိုနာလည်ဖို့ အခေါ်ခံရသူတွေဖြစ်တယ်ဟု မျော်လင်ြ့ခင်း၊ ဟောပြောခြင်၊ ကျေးဇူးဆပ်တင်ခြင်း နှင့် အားသစ်လောင်းခြင်း ခေါင်းစဉ်ဖြင့် အောက်တိုဘာလ ၆ ရက်မှ ၂၇ ရက်ထိ ၄၇ ကြိမ်မြောက် အထွေထွေညီလာခံ ကျင်းပနေသော ခရစ်တော်၏မေတ္တာတော် အသင်းဂိုဏ်းဝင်များနှင့်တွေချိန်တွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ပြောကြားခဲ့ပါသည်။
သာသနာပြုလုပ်ငန်းအတွက် သင်တို့ရဲ့ အသင်းဂိုဏ်ကိုအားသစ်လောင်ဖို့ ချစ်ခြင်းမေတ္တာ မီးကို တောက်စေကြရမယ်၊ သင်တို့ရဲ့အသင်းဂိုဏ်းအားဘုရားသခင်ကိုမိမိဘဝထဲမှာခံစားရသော ဆုတောင်းခြင်းမျိုး သင်ပေးသော ကျောင်းဖြစ်စေချင်ပါတယ်၊
အသင်းရဲ့ရည်ရွယ်ချက်နဲ့ လုပ်ငန်းဟာ သခင်ခရစ်တော်ရဲ့မေတ္တာဖြစ်တယ်၊ ယနေ့ကမ္ဘာကြီးမှာ လိုအပ်နေတဲ့
ပြန်လည်သင့်မြတ်ခြင်းနဲ့ ဝိညာဉ်ရေး ကုသပေးသူများအဖြစ် သင်တို့ကိုဖြစ်စေချင်တယ်၊ အသင်းတော်မှာ သနားကြင်နာမှု့နဲ့ပြောဆိုတတ်သော၊ သနားကြင်နာမှုနဲ့ကြိုဆိုတတ်သော၊ အပြစ်မတင်ဘဲနားထောင်ပေးတတ်သော ခေါင်းဆောင်တွေ လိုအပ်တယ်။ သာသနာလုပ်ငန်းမှာ သနားကြင်နာခြင်းက လူတွေနဲ့ပိုမိုနီးကပ်စေတယ်။
အမေ့လျှောခံထားရတဲ့ အစွန်းအဖျား မှာ နေတဲ့လူတွေဆီထိရောက်အောင် သွားကြပါ။ သာသနာနယ်ပယ် သစ်များရှာဖွေကြပါ။ သင်တို့ရဲ့ အသင်းသားများကို သူတိုရဲ့သာသနာပြုလုပ်ငန်းမှာ နုတ်ကပတ်တော် တခုတည်းသာမကပဲ လက်တွေ့ကမ္ဘာထဲမှာ ဖြစ်ပျက်နေတဲ့၊ ရွေ့ပြောင်းဒုက္ခသည်များ၊ ခေတ်စနစ်ရဲ့လွှမ်းမိုးမှုများ၊ မီဒီယာတိုးတက်မှု၏ ကောင်းကျိုး ဆိုးကျိုးများကိုလည်း လက်တွေမြင်တွေစေပြီး နည်းလမ်းသစ်များဖြင့် သာသနာပြုနိုင်သောသူများဖြစ်စေပါ၊ ဒုက္ခမျိုးစုံထဲမှာကျင်လည်နေကြရတဲ့ဘဝတွေကိုမြင်စေပါ။
သင်တို့အသင်းဂိုဏ်း၏ အားကိုးရာ ရဟန္တာ Saint Paul Of the Cross သည် တီထွင်ကြံဆမှုကောင်းသူဖြစ်ပြီး ခေတ် စနစ်၏ လိုအပ်ချက်ကိုသိမြင်သူဖြစ်တယ်။ ဒါ့ကြောင့် သင်တို့သည်လည်း သူကဲ့သို့ အသင်းတော်ရဲ့လိုအပ်ချက်၊ ခေတ်စနစ်ရဲ့ လိုအပ်ချက် တွေကိုသိဖို့၊ သင်တို့ဟာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား အလုပ်လုပ်နေတာကို မြင်အောင်ကြည့်နိုင်သူတွေဖြစ်ရမယ်။
သင်တို့တွေဟာ ဘုရားကို ရှာဖွေနေသော လူငယ်တွေအတွက် မျှော်လင်ြ့ခင်းခွန်အားများဖြစ်ကြပါဟု ခရစ်တော်၏မေတ္တာတော် အသင်းဂိုဏ်းဝင်များနှင့်တွေချိန်တွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-10/pope-francis-passionists-general-chapter-audience.html

#pope, #religious, passionofjesus, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 1 =