ခရစ္စမတ် သစ်ပင်နှင် သဲဖြင့်ပုံဖော်ထားသော သူငယ်တော်အိမ် လှုဒါန်းသူများကို ရဟန်းမင်းကြီး ကျေးဇူးတင်ခြင်း

စိန့်ပီတာ ရင်ပြင်တွင်ပြင်ဆင်ရန် ၂၃ မီတာမြင့်သော ခရစ္စမတ် သစ်ပင်နှင် သဲဖြင့်ပုံဖော်ထားသော သူငယ်တော်အိမ် လှုဒါန်းသူများကို ရဟန်းမင်းကြီး ကျေးဇူးတင်ခြင်း
စိန့်ပီတာ ရင်ပြင်တွင်ပြင်ဆင်ရန် ၂၃ မီတာမြင့်သော ခရစ္စမတ် သစ်ပင်နှင် သဲဖြင့်ပုံဖော်ထားသော သူငယ်တော်အိမ် လှုဒါန်းသူများကို ရဟန်းမင်းကြီး ကျေးဇူးတင်ခြင်း
ဒီဇင်္ဘာ ၇၊ ၂၀၁၈

ခရစ္စမတ် သစ်ပင်နှင် သူငယ်တော်အိမ် သည် ခရစ်ယာန်များအတွက် အဓိပ္ပါယ် ရှိသောအရာဖြစ်ပြီး၊ သူဖန်ဆင်းထားသောလူသားများနှင့်အတူနီးကပ်စွာနေဖို့ လောကသို့ ကြွလာသော ဘုရားသခင်၏ မွေးဖွားရာနေ့ အမှတ်အသားများဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီးမှ ရှင်းပြခဲ့ပါသည်။

မီးထွန်းထားသော ခရစ္စမတ် သစ်ပင် သည် သခင်ခရစ်တော်သည် လောကအလင်းကို ပုံဆောင်၍၊ ဝိညာဉ်အသက်တာအလင်းနှင့်၊ အမုန်းတရားအမှောင်ထုကိုဖယ်ရှားပြီး ခွင့်လွတ်ခြင်းဖော်ဆောင်ပေးရာ ဖြစ်သည်။ သစ်ပင်၏ မြင်မားခြင်းသည် မကောင်းတွေကြားတွင်းကောင်းမြတ်ခြင်းတရား ပေါ်ပေါက်လာခြင်းကို ဆိုလိုကြောင်း ရှင်းပြခဲ့ပါသည်။

သဲဖြင့်ပုံဖော်ထားသော သူငယ်တော်အိမ်၏ ရည်ရွယ်ချက်သည် နှိမ့်ချခြင်းနှင့်လွတ်လပ်ခြင်းကို ဖော်ပြလို၍ဖြစ်ကြောင်း၊ သဲ၏ အရွယ်အစားသေးငယ်မှုသည် ဘုရား၏ နှိမ်ချမူကို ဖော်ဆောင်ခြင်းဖြစ်ပြီး၊ ဘုရား၏တစ်ပါးတည်းသောသားတော် လောကကယ်တင်ရှင်သည် နွားစားခွက်ထဲ၌၊ ဖြူစင်နှိမ့်ချခြင်း၊ သိမ်ငယ်စွာမွေးဖွားခြင်း၊ ရိုးသားခြင်း နှင့် အနိမ့်ကျဆုံးလူသားတို့နှင့် အတူရှိကြောင်း ပေါ်လွင်စေရန် ဒီနှစ် သူငယ်တော်အိမ်ကို သဲ နှင့် ပုံဖော်ခဲ့ကြောင်း ရှင်းပြခဲ့ပါသည်။

ခရစ္စမတ် သစ်ပင်နှင့် သူငယ်တော်အိမ် သည် လူသားအားလုံးဝမ်းမြောက်ဖွယ်ရာအချိန်ကာလ၊ ဘုရားသခင်၏ နုညံသိမ်မွေ့မှုကို ခံစားရသောကာလ၊ မိသားစုများအတွင်ငြိမ်းချမ်း ပျော်ရွှင်မှုများ သယ်ဆောင်လာသောကာလအဖြစ်၊ ဖော်ပြနေကြောင်း၊ ဘုရားသခင်၏ နှိမ့်ချခြင်းအလင်းရောင် နွားစားခွက်မှာ ထွန်းတောက်ခဲ့သလို ကျွန်ုပ်တို့အရောက်တိုင်းစီ၏ ဘဝတွင်လည်း၊ ကောင်းမြတ်ခြင်း၊ နုညံ့သိမ်မွေ့ခြင်း နှင့် နှိမ်ချခြင်း အလင်းရောင်တို့ ထွန်တောက်နေရမည်ဖြစ်ပါသည်။

https://www.vaticannews.va/en/pope/news/2018-12/pope-thanks-donors-of-st-peter-s-square-christmas-crib-and-tree.html

#Christmas, #tree, #crib, # peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

15 + 2 =