ခရစ္စမတ်ည ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော သြဝါဒ

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်
ခရစ္စမတ်ည ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော သြဝါဒ
ဒီဇင်္ဘာ ၂၄၊ ၂၀၁၈

ခရစ္စမတ်ည ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ဟောကြားသော သြဝါဒတွင် သူငယ်တော်ယေဇူးလေး နွားစားခွက်မှာ နှိမ့်ချစွာမွေးဖွားခဲ့ခြင်းသည်ကျွနုပ်တို့အချင်းချင်း လိုအပ်သောညီကိုမောင်နှမကိုကူညီကြရန် သင်ကြားပေးနေခြင်းဖြစ်ကြောင်း ဟောကြားခဲ့ပါသည်။

 

ဗက်သလင်ဟင်တွင် ဘုရားသခင်မွေးဖွားခဲ့ခြင်းသည် အသက်ကိုရယူခဲ့ခြင်းမဟုတ်အသက်ပေးခဲ့ခြင်းဖြစ်တယ်။ ဗက်သလင်ဟင် ဆိုသော သခင်ခရစ်တော် ဖွားမြင်ခဲ့တဲ့နေရာလေးကို အခြေခံပြီး ရဟန်းမင်းကြီးမှ- ဗက်သလင်ဟင် ရဲ့အဓိပ္ပါယ်ဟာ မုန်ဖို၊ မုန်ဖုတ်တဲ့နေရာ စားစရာရှိတဲ့နေရာလို့ အဓိပ္ပါယ် ရတယ်၊ အဲ့ဒီ မြို့လေးတနေရာရဲ့ နွားတင်းကုတ်က နွားစားခွက်လေးထည်းမှာ မယ်တော်မာရီယားက သူငယ်တော်လေးကို သိပ်ထားတယ် အဲ့တာဘာအဓိပ္ပါယ်ကိုဖော်ဆောင်နေသလည်း ဆိုတော့ လာကြ ဒီမှာသင်တို့၏ စားစရာကိုယူ၍စားကြ၊ ဆိုတဲ့ စားပွဲးတခုကိုယ်ပြင်ဆင်ပေးထားသလိုပါပဲ။ သခင်ခရစ်တော်က သူတစ်ဘဝလုံး အသက်တခုလုံး ကိုလူတွေအတွက်ပေးခြင်း ဒီနေရာမှာ ဝါးစားဖို့မဟုတ်ဘူး ပေးကမ်းခြင်းဝေမျှခြင်းဆိုတာကို ဖော်ပြနေတာပါ။ သင်တို့အသက်ရှင်ဖို့ ငါ့စီကယူကြပါ ဆိုးပြီးသူငယ်တော်လေးကို ဘုရားရှင်က သင့်အတွက် ပေးတာ။ ကျွနုပ်တို့လည်း သခင်ခရစ်တော်ကို ရယူခြင်း စားသုံးခြင်းအားဖြင့် ချစ်ခြင်းမေတ္တာ ၌ တဖန်မွေးဖွားကြရမယ်။

 

ဘုရားပေးသော စားစရာ

လူသားတွေရဲ့ မိဘရင်းအပြစ် အာဒန် ဧဝ ပြုခဲ့သော အပြစ်က ဘုရားသခင်တားမြစ်ထားခဲ့သောအရာကို စားခဲ့ကြခြင်းကြောင့် အစားအစာကြောင့် ဖြစ်ခဲ့သော အပြစ်။ အဲ့တာကြောင့် အစားအစာနဲ့ပြန်လည်ကုသပေးတယ် ဘုရားသခင်ခွင့်ပြုပေးသော အစားအစာ။ အာဒန် ဧဝ ကြောင့် ဆုံးရုံးခဲ့သောအသက်ကိုပြန်ပေးမဲ့အစားအစာ ဒါပေမဲ့ လောကအဆောင်အယောင်အပြင်အဆင်တွေမပါဘူး ချစ်ခြင်မေတ္တာ သက်သက်ပဲ ပါတယ်။ လောဘကြီးခြင်းတွေမပါဘူး ပေးကမ်းစွန့်ကျဲးခြင်ပဲပါတယ်၊ ကြွာဝါခြင်းတွေမပါဘူး ရိုးသားခြင်းတွေပဲပါတယ်။ ယူစားကြပါ။

 

ပေးကမ်းစွန့်ကျဲးကြ

သခင်ခရစ်တော်က ငါတို့နေ့စဉ်စားသောက်ဖို့လိုတယ်ဆိုတာသိတယ် ဒါကြောင့် သူကိုသူ ကိုယ်တော်မြတ် စက္ကရမင်းတူး မှာ အသက်ဆက်ရှင်သန်ဖို့ စားစရာအဖြစ် နေ့တိုင်းပေးနေတယ်။ သူကိုသူ ချိုးဖဲ့ပြီး တို့စားဖို့ပေးတယ်။ သခင်ခရစ်တော်ကိုသာ သင်နှလုံးသားမှာ နေရာပေးလိုက်ရင် သင်ဘဝအသက်ရှင်မူ့တစ်ခုလုံး ပြောင်းလည်းသွားမယ်၊ လောဘ၊ ဒေါသ၊ အတ္တမာန တွေနဲ့ရှင်သန်နေတဲ့ဘဝကနေ ချစ်ခြင်းမေတ္တာပြည့်ဝသော ဘဝ ပေးကမ်းစွန့်ကျဲးသော အသက်တာကို ပြောင်းလည်းသွားလိမ့်မယ်။ အဲ့အချိန်မှာ မိမိအတွက်မစဉ်းစားတော့ဘူး တပါးသူအတွက်၊ အထူးသဖြင့်လိုအပ်သူအတွက် ကူညီပေးသော အသက်တာ ဘဝကိုပြောင်လည်းသွားစေတယ်။ ပြောင်းလည်းကြပါ၊ သခင်ခရစ်တော်ကို သင့်နှလုံးသားမှာ နေရာပေးလိုက်ပါ။

 

မကြောက်ပါနဲ

ဗက်သလင်ဟင်ဆိုတဲ့မြို့လေးကို ဒေဗစ်ရဲ့ မြို့အဖြစ်လည်းခေါ်ကြတယ် ဒေဗစ်ဘုရင် မဖြစ်ခင်တုန်းက သူဟာသိုးကြောင်းသားလေး တယောက်ပါ၊ အဲ့သိုးကြောင်းသားလေးကိုပဲ ဘုရားကရွေးခဲ့ပြီး သူလူမျိုးကိုဦးဆောင်စေခဲ့တာပါ။ ခရစ္စမတ် ညမှာ သိုးကြောင်းသားတွေက ပဲ သခင်ခရစ်တော် ကိုကြိုဆိုခဲ့ကြတာပါ။ အားငယ်နေတဲ့သိုးကြောင်းသားတွေ လူရာအသွင်မခံရတဲ့သူတွေကို သကြားတမန်အရင်းဆုံးပြောတဲ့စကားက မကြောက်ကြနဲ့ လူသားတွေဟာ အားငယ်ကြောက်ရွံမှု့တွေနဲ့ပြည့်နေကြတယ် ဘာ့ကြောင့်လည်း မပြည့်စုံမှု့၊ အပြစ်အမှားတွေကြောင့်ကြောက်နေကြရတယ်။ အဲ့တာကြောင့် သခင်ခရစ်တော်က သူငယ်တော်လေးအဖြစ်နဲ့ကြွလာတာ၊ ဘုန်းတခိုးပါဝါတွေနဲ့ တရားစီရင်မဲ့ဘုရင်ကြီးလို ကြွမလာခဲ့ဖူး၊ လူတိုင်းကလေးငယ်လေးတွေကို ချစ်တပ်ကြပါတယ် ကလေးလေးနာကိုသွားဖို့လည်း မကြောက်ကြပါဘူး အဲ့တာကြောင့် ဘုရားသခင်ဟာ ကလေးငယ်လေးအသွင်နဲ့ လူတွေသူကို မကြောက်အောင် သူထံလာရဲးအောင် ကလေးလေး အဖြစ်နဲ့လူတွေအတွက်ကြွလာခဲ့တယ် မကြောက်ကြနဲ့။ ငါတို့နဲ့အတူရှိခြင်သောဘုရား၊ အတူရှိနေသောဘုရာ ကလေးလေးအဖြစ်နဲ့ ကြွလာသောဘုရား၊ သွားကြပါ ကလေးလေး သင်တို့ကို စောင့်နေတယ်၊ မကြောက်ကြနဲ့။

 

စောင့်မျှော်နေတာလား၊ ကိုယ့်အလိုပြဲဖည့်စည်းနေတာလား

သကြားတမန် သိုးထိမ်းတွေနဲ့တွေ့တဲ့အချိန်မှာ သိုးထိမ်းတွေရဲ့အခြေအနေဟာ မအိပ်ပဲ စောင့်နေကြတယ် လိုဖော်ပြထားတယ်။ ဘဝရဲ့ ခက်ခဲးတဲ့အချိန် အားငယ်ချိန် အကူညီသူမဲ့ချိန်မှာ ဘုရားကိုစောင့်မျှော်သူတွေဟာ ပြည့်ဝကြမယ်။ အမြင့်မြတ်ဆုံးသောဘုရားကို ဖူးတွေ့ခွင်ရမယ်။ ဒါပေမဲ့ ကိုယ့်အလိုဆန္ဒပဲ ကြည့်နေသူဖြည့်စည်းနေသူ၊ လောဘတက်နေသူတွေအတွက် သတင်းကောင်းဟာ သူတို့စီကိုမရောက်နိုင်ဖူး သူတို့က နှလုံးသားတခါးပိတ်ထားကြတယ်၊ ကယ်တင်ရှင်ကို စောင့်မျှော်နေခြင်း၊ ထွက်ခွာလာကြခြင်း၊ အရဲးစွန့်ခြင်း၊ ဒီလှပဲတဲ့အရာတွေဟာ ချစ်ခြင်မေတ္တာ ရဲ့တွန်းအားကြောင့် ဖြစ်ပေါ်လာတယ် အဲ့အချက်တွေကို နှိမ်ချတဲ့နှလုံးသားပိုင်ရှင်တွေမှာ ဥပမာ သိုးထိမ်းတွေ မှာ တွေ့ရတယ်။ စောင်မျှော်နေကြပါ။

 

ညီကိုမောင်နှမကဲ့သို့ ချစ်ကြပါ

ဗက်သလင်ဟင်ကို သွားခြင်တဲ့ညီကိုမောင်နှမတွေ တချိုလူတွေအတွက် တောင်တွေကို ကျော်ဖြတ်ရမယ်၊ တချို့လူတွေအတွက်ချိုင့်ဝှမ်းတွေကို ဖို့ရအုံးမယ်၊ မာနတောင်တွေကိုကျော်နိုင်မှ၊ ကုသိုလ်ပါရမီတွေဖြည့်နိုင်မှ ဗက်သလင်ဟင်ကို ရောက်မယ်။ တစ်ယောက်ကို တစ်ယောက်ဖေးမကူညီပြီး သွားကြပါစို့။ ဗက်သလင်ဟင် မှာ ငါတို့အတွက် အသက်ရှိတယ် သွားယူကြပါစို့။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-christmas-mass-at-night-bethlehem.html

#christmas, #night, #pope, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 6 =