ခရစ်ယာန်ပီသစွာ အမှန်တရားကို သက်သေခံကြပါ

ဗာတီကန်နို်င်ငံ ရဟန်းမင်းကြီးရုံးတော် လူထုဆက်သွယ်ဆက်ဆံရေးဌာန အဖွဲ့ဝင်များ နှင့်ပုပ်ရဟန်းမင်း ဖရန်စစ်အရှင်သူမြတ်တို့ တွေ့ဆုံ

ခရစ်ယာန်ပီသစွာ အမှန်တရားကို သက်သေခံကြပါ
စက်တင်ဘာ ၂၃၊ ၂၀၁၉

ဗာတီကန်နို်င်ငံ ရဟန်းမင်းကြီးရုံးတော် လူထုဆက်သွယ်ဆက်ဆံရေးဌာန၏ နစ်ပတ်လည် အစည်းအဝေးတွင် အဖွဲ့ဝင်များ နှင့်ပုပ်ရဟန်းမင်း ဖရန်စစ်အရှင်သူမြတ်တို့ တွေ့ဆုံခဲ့ကြပါသည်။ ယင်းတွေ့ဆုံခြင်းတွင် ဆက်သွယ်ဆက်ဆံရေး အရည်အချင်းများကို ဝေမျှပြောကြားခဲ့ပါသည်။

♥ နှလုံးသားမှလာသော ဆက်သွယ်ဆက်ဆံရေး
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် စာရွက်ကြီးကိုင်ပြီ ပုံသေ ပြောဆိုရသော ပုံစံမျိုးကို နှစ်သက်သူမဟုတ်၊ လွတ်လပ်စွာပြောဆို ဆက်သွယ်ရသည်ကို နှစ်သက်သူဖြစ်ပါသည်။ ထိုအရာသည် နှလုံးသားမှလာပြီး ဆက်သွယ်စာကားပြောနေသလို ဖြစ်ပါသည်။

♥ တုံဆိုင်မူ့မရှိသော ထိန်ချန်မူ့မရှိသော ဆက်သွယ်ဆက်ဆံရေး
ဘုရားကတို့ကို ဆက်သွယ်စကားပြောနေသလို စိတ်နေစိတ်ထားနဲ့ဆက်သွယ်ပြောဆိုကြရမယ်။ တကယ် ဆက်သွယ်ဆက်ဆံရေး ကောင်းမွန်သူတွေဟာ မိမိကိုယ်ကိုပေးဆပ်ဖွင့်လှစ်ထားသူ၊ ရင်ထဲးမှာဘာအစိုင်အခဲမှ မြိုသိပ်သိမ်းစည်းထားသူမျိုးမဟုတ်ပါ၊ ဒါကြောင့် တစ်ဦးနဲ့တဦးပြောဆိုဆက်ဆံကြတဲ့နေရာမှာ ရင်ထဲမှာရှိတဲ့ မာကြောတဲ့ အစိုင်အခဲးတွေကို မီးထဲးမှာ သံကို အရည်ပျော်သွားစေသလို၊ ဘာအစိုင်အခဲးမှမပါသော ဖြူစဉ်ရိုးသားသည့် ဆက်သွယ်ရေးဖြစ်ရမယ်။

♥ လုံးလုံးလျှာလျှာ စိတ်ရောကိုယ်ပါဆက်သွယ်ဆက်ဆံရေး
လုံးလုံးလျှာလျှာ စိတ်ရောကိုယ်ပါဆက်သွယ်ဆက်ဆံရေးဆိုတာ အမှန်တရား၊ တရာမျှတမူ့၊ ကောင်းမွန်ခြင်း နှင့်လှပခြင်းတို့နဲ့ ဆက်သွယ်ပြောဆိုဖို့ဖြစ်ပြီး အဲ့ဒီအရာတွေကို စိတ်ရောကိုယ်ရော အာရုံ နှစ်မြုပ် ပြီးပြုလုပ်ခြင်ပါပဲ။ အဲ့ဒီကနေ မေတ္တာ တရားဆိုတာကို တို့ခံစားရမယ်၊ အဲ့လို မေတ္တာ တရားကို ခံစားလာရပြီဆို ပြည့်စုံသော ဆက်သွယ်ဆက်ဆံရေးအဆင့်ကို ရောက်လာခြင်းပါပဲ။

♥ ဆက်သွယ်ဆက်ဆံရေးသည် မိမိအယူဝါဒကို အတင်းအဓ္ဓမ လက်ခံစေခြင်းမျိုးမဖြစ်စေရ
ဆက်သွယ်ဆက်ဆံရေးသည် မိမိအယူဝါဒကို အတင်းအဓ္ဓမ လက်ခံအောင် ဘာသာအယူဝါဒထဲအတင်းဆွဲးဆောင်သည့်ပုံစံမျိုး မဖြစ်ရပါ။ သာသနာတော်သည် အတင်းအဓ္ဓမ နည်းလမ်းဖြင့်တိုးတက်ကြီးထွားလာခြင်းမျိုမဟုတ် သက်သေခံခြင်းအမူ့၌သာ ကြီးထွားလာခြင်းဖြစ်တယ်။

♥ သက်သေခံသော ဆက်သွယ်ဆက်ဆံရေး
အမှန်တရားအားဖြင့်ဆက်သွယ်ဆက်ဆံကြခြင်းဆိုတာ သင့်ဘဝနှင့် သက်သေခံခြင်းကိုဆိုလိုခြင်းဖြစ်တယ်၊ ခရစ်ယာန်ဖြစ်ခြင်းကိုက သက်သေခံနေဖို့နဲ့ ဘုရား၊တရားအတွက် အသက်ပေးဆပ်ဖို့ဖြစ်တယ်။ ရဟန္တာ ဖရန်စစ် အစီစီ က အချိန်တိုင်း ဧဝံဂေလိတရားတော်ကို ဟေားကြားနေရမယ် လို့ပြောတယ်၊ အဲ့လိုတရားဟေားတဲ့နေရာမှာ မိမိဘဝနဲ့သက်သေခံခြင်းဟာ အမြဲပထမဖြစ်ရမယ်၊ လိုအပ်မှသာ စကားလုံးတွေနဲ့ဝေမျှခြင်းကိုပြုလုပ်ရမယ်။ သာသနာတော်ဟာ အသက်ပေးဆပ်သူ ရဟန္တာ တို့ရဲ့ သွေးနဲ့တည်ဆောက်ထားတာဖြစ်တယ်။

♥ လက်လျော့အရုံးပေး နှုတ်ထွက်သော ဆက်သွယ်ဆက်ဆံရေးမျိုး မဖြစ်ရ
လက်လျော့အရုံးပေးခြင်းဟာ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို ထောက်ရှု့ခြင်းမဟုတ်ဘဲ လောကဆန်ခြင်းသာဖြစ်ကြောင်း၊ ဘယ်လိုအခြေအနေမျိုး ရောက်နေပါစေ မကြောက်မရွံ ဘုရားသခင်ကို သက်သေခံသူဖြစ်နေရမယ်၊ ဘယ်လောက်ပဲ နည်းပါးပါစေ တဆေးကဲ့သို့၊ ဆားကဲ့သို့ ပတ်ဝန်းကျင်ကို အကျိုးသက်ရောက်စေသော အစွမ်းကိုဘုရားသခင်ပေးလိမ့်မယ်။

♥လူကို အဓိကထားသောဆက်သွယ် ဆက်ဆံရေး
လူကို အဓိကထားသောဆက်သွယ် ဆက်ဆံရေးသည် လူဂုဏ်သိက္ခာ ကိုတန်ဖိုးထားခြင်း၊ လူကို အရာဝတ္တုလိုမမြင်မိဖို့ ဖြစ်ပြီး ခရစ်ယာန်များ ပြုမူ့ရမည့် ဆက်သွယ်ဆက်ဆံရေးနည်းလမ်းဖြစ်ပါသည်။ နေ့စဉ်ဆက်သွယ်ဆက်ဆံမူ့ပြုနေကြရသည့် ခရစ်ယာန်များ သခင်ခရစ်တော်ရဲ့ ရှေးဦးတပည့်တော်ကြီးတွေ၊ တရားတော်အတွက် အသက်ပေးသွားကြသော သူတော်သူမြတ်တွေကိုအတုယူ ကြရမယ်။ နှုတ်ကပတ်တော်၌ပျော်ရွင်ဝမ်းမြောက်စွာ လူတွေနဲ့ပြောဆိုဆက်ဆံရမယ်။ ဒါဟာ ဘုရားလုပ်စေခြင်တဲ့အလုပ်ဖြစ်တယ် ဟု ရဟန်းမင်းကြီးမှ ဝေမျှခဲ့ပါသည်။

By Kyi Maung
Credit to Vatican
https://bit.ly/2kOJXts

Add new comment

3 + 7 =