ခရစ်စမတ်၏အနှစ်သာရအဖြစ် သူငယ်တော်အိမ်လေးများ ဆောက်လုပ်ကြဖို့ ရဟန်းမင်းကြီး တိုက်တွန်း

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း

ခရစ်စမတ်၏အနှစ်သာရအဖြစ် သူငယ်တော်အိမ်လေးများ ဆောက်လုပ်ကြဖို့ ရဟန်းမင်းကြီး တိုက်တွန်း
ဒီဇင်ဘာလ ၁၈၊ ၂၀၁၉

အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းတွင်ရဟန်းမင်းကြီးမှ ရက်သတ္တပတ်သာလိုတော့သည့် ခရစ်စမတ်ကို ရိုးရှင်းပြီးထိရောက်သောသခင်ခရစ်တော် မွေးဖွားသည့် နေ့လေးကိုဘယ်လိုပြင်ဆင်နေသလဲ၊ သူငယ်တော်အိမ်ကလေးများဆောက်လုပ်ခြင်းသည် ထိရောက်သောအဓိပ္ပါယ်ကိုဖော်ဆောင်နေပါသည်။

သူငယ်တော်အိမ်လေးသည် အသက်ရှင်သောနှုတ်ကပတ်တော်ကိုဖော်ဆောင်နေပြီး ယင်းနှုတ်ကပတ်တော်ကို ကျွနုပ်တို့ဘဝများနှင့်အဓိပ္ပါယ်ပေါ်လွင်စေရမှာဖြစ်တယ်၊

အသက်ရှင်သောနှုတ်ကပတ်တော်ကိုဖော်ဆောင်နေသောသူငယ်တော်အိမ်လေးများကို လမ်းဆုံလမ်းဝများ၊ အကျဉ်းထောင်းများ၊ ဆေးခန်းများဆေးရုံများ၊ လူစည်ကားရာနေရာများ၊ အလုပ်ရုံများစာသင်ကျောင်းများနှင့်မိမိတို့၏အိမ် များတွင် ပြုလုပ်ထားရှိကြခြင်းအားဖြင့်၊ ဘုရားရှင်သည်ကျွန်ုပ်တို့လူသားတိုင်းကိုချစ်ခင်မြတ်နိုးသောကြောင့်၊ လူသားတိုင်းအတွက်နေရာတိုင်းတွင် ဘုရားရှင်မွေးဖွားကြောင်းကိုအဓိပ္ပါယ်ပေါ်လွင်စေဖို့ ဘုရားရှင်ကျွန်ုပ်တို့လူသားများနှင့်အနီးကပ်ရှိနေကြောင်းကိုဖော်ပြသည့် အဓိပ္ပါယ် ဖြစ်ပြီး ဘုရားရှင်သည်သူငယ်တော်ယေဇူးလေးအသွင်ဖြင့် လူသားအားလုံးကို ပွေ့ဖက်ကယ်တင်ရန်ကြွရောက်လာခြင်းဖြစ်တယ်။

သူငယ်တော်အိမ်လေးရှေ့တွင် ခရစ်တော်သခင်နှင့်အတူရှိပြီး ကျနော်တို့၏နေ့စဉ်ဘဝအတွေ့အကြုံများ အသက်ရှင်နေထိုင်မှုများ မျှော်လင့်ချက်များကိုဝေမျှဖို့၊ သန့်ရှင်းသောမိသားစုနှင့်အတူပျော်ရွှင်စွာနေထိုင်ခံစားကြဖို့၊

သူငယ်တော်အိမ်လေး၏အဓိပ္ပါယ်သည် မိသားစုသမ္မာကျမ်းစာနှုတ်ကပတ်တော်ဖြစ်ကြောင်း၊ နွားစားခွက်တွင်ရှိနေသောသူငယ်‌တော်လေးသည် ကောင်းကင်မှဆင်းလာသောအသက်ရှင်သောမုန့်ဖြစ်သည့်သခင်ခရစ်တော်ပင်ဖြစ်သည်၊ သူငယ်တော်အိမ်လေးမိသားစုတွင်ထားရှိခြင်းအားဖြင့် ထိုအသက်ရှင်သောမုန့်သည်မိသားစုအတွင်းသို့ ရောက်ရှိလာမည်ဖြစ်သည်။

အသက်ရှင်သောနှုတ်ကပတ်တော်ဖြစ်သည့်သူငယ်တော်အိမ်လေးများကို၊ မိသားစုတိုင်းတွင် ထားရှိခြင်းသည်အတွက်ထောက်ရှု့စရာ၊ ဘုရားရှင်နှင့်ထိတွေ့ရခြင်း၊ ဘုရားရှင်းမိမိတို့၏မိသားစုအတွင်းဖွားမြင်လာခြင်း၊ ကျနော်တို့နှင့်အတူဘုရားရှင်ရှိနေခြင်း စသည်တို့ကိုခံစားစေသည်အတွက် သူငယ်တို့အိမ်လေးများပြုလုပ်ကြဖို့တိုက်တွန်းလိုက်ပါသည်။

ယင်းသူငယ်တို့အိမ်လေးသည် မျက်လှည့်ပြသကဲ့သို့ ပြောင်းလဲပေးမည်မဟုတ် ကျွန်ုပ်တို့ကသာ၊ ဘုရားကိုချစ်သောကြိုး၊ ဆိုလိုသောစိတ်များဖြင့် ကျွန်ုပ်တို့၏နှလုံးသားများကို ပြုပြင်ပြောင်းလဲကြရမည်သာဖြစ်သည်။ ယင်းသို့ပြုလုပ်ပါက ခရစ်စမတ်သည် ကျွနုပ်တို့ကို အသက်သစ်‌မွေးဖွားပေးရာကာလဖြစ်လာပါလိမ့်မည်။
https://bit.ly/2PEGURf
Credit to Vatican News
#rvamyanmarservice

Add new comment

4 + 15 =