ခရစ်တော်သည် အသက်ရှင်တော်မူသော ဘုရား

OFM အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး Raniero Cantalamessa ၏ သြဝါဒ
ခရစ်တော်သည် အသက်ရှင်တော်မူသော ဘုရား
ဒီဇင်္ဘာ ၂၁၊ ၂၀၁၈

အာဒ်ဝင်တူးကာလ သုံးကြိမ်မြောက် ရဟန်းမင်းကြီး နှင့်တကွ ရဟန်းမင်းကြီး ရုံးတော်အဖွဲ့ဝင်များအား OFM အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး Raniero Cantalamessa ဟောကြားသော သြဝါဒ တွင် သခင်ခရစ်တော်သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဖော်ပြသူသက်သက်မဟုတ် သူကိုယ်၌က အသက်ရှင်တော်မူသော ဘုရားဖြစ်ကြောင်းကို ဟောကြားခဲ့ပါသည်။

သခင်ခရစ်တော်သည် ဘုရားနှင့်လူကြား ပေါင်းကူးတံတားထိုးပေးသော ဘုရား၊ သူကိုယ်၌က အသက်ရှင်တော်မူသောဘုရား၊ ခွဲခြားမှု့မရှိဘဲ လူသားအားလုံးကယ်တင်ခြင်းရရှိရေးအတွက် မိမိအသက်ကိုပူ​​ဇော်​​ပေးတော်မူသော ခရစ်တော်သခင်ဖြစ်ကြောင်း ဟောကြားခဲ့ပါသည်။

ဘုရားသခင်သည် ဖြောင့်မတ်သူကို ကြိုဆိုခြင်း

သခင်ခရစ်တော်ကို သိရှိသူတို့ကယ်တင်ခြင်းရမည်ဆိုတာထက် မိမိကိုယ်၌က ဘုရားပေးသောကယ်တင်ခြင်းအပေါ်မှာ ဘယ်လောက်ယုံကြည်ခြင်းပြင်းထန်သလဲ ဆိုတာက ပိုအရေးကြီးတယ်။
မိမိကိုယ်ကို ဘုရားကိုယ်ယုံတယ်၊ ခရစ်တော်ကိုယုံပါတယ် လို့ပြောပြီး မိမိနေထိုင်မှုပုံစံသည် သခင်ခရစ်တော် ဘယ်တုန်း​ကမှ မရှိခဲ့သလိုနေထိုင်နေလျှင် ကိုယ့်ရဲ့ဆေးကြောခြင်းခံစဉ်​က ရခဲ့သောကျေးဇူးတော်ကိုလုံးဝမေ့လျှောသွားသူ၊ အသင်းတော်နှင့် ကင်းကွာသွားသူသာ၊ ကောင်းမွန်သော နေထိုင်အသက်ရှင်မူ​ပျောက်ဆုံးသွားသူသာလျှင်ဖြစ်ပါလိမ့်မယ်။ ဘုရားသခင်မိန်ကြားထားတယ် သူကိုကြောက်ရွံသူတို့သည် ကောင်းမွန်သောအရာများကိုပြုလုပ်ကြပြီး ဘုရားသခင်လက်ခံနိုင်ဖွယ်ရာများဖြစ်နေကြရမည် ဟု မိန့်မှာတော်မူခဲ့တယ်။

ဘုရားသခင်၏ နှိမ့်ချခြင်း

ဘုရားသခင်၏ ကယ်တင်ခြင်းသည် လူသားအားလုံးအတွက်ဖြစ်တယ်၊ သူကိုကယ်တင်ရှင်အဖြစ်သိသူတွေကို သာသူကယ်တင်မည်ဟု တံဆိပ်​ခတ်သတ်​မှတ်​ထားခြင်းမရှိခဲ့ပါဘူး။ သူတို့ကိုလည်း သူတို့သည် ဘုရားဖန်းဆင်းထားသူများအဖြစ် စားရေးမပေးလိုက်ပါဘူး အကြောင်းက မိမိကိုယ်ကိုယ် မိမိ ဘုရားသခင်ဖန်းဆင်းထားခြင်းခံရကြောင်းကို ရှာဖွေသိရှိစေရန် ဖြစ်လို့ပါပဲ။ ဘုရားသခင်သည် ငါမင်းကိုဖန်ဆင်းထားတာ ငါ့ကိုကိုးကွယ်ရမည်ဟူသော အတ္တမျိုးမထားဘဲ လူသားကိုလေးစားစွာရွေးချယ်ခွင့်ပေးထားသည်မှာ ဘုရားသခင်၏ နှိမ့်ချခြင်းဖြစ်ကြောင်းဟောကြားခဲ့ပါသည်။

သန့်ရှင်းဝိညာဉ်တော်ဘုရား၌ သခင်ခရစ်တော်သည် ခမည်းတော်ကို ဖော်ပြခြင်း

သန့်ရှင်းဝိညာဉ်တော်ဘုရားသည် အသက်ရှင်သော ပတ်ဝန်းကျင်ဖြစ်တယ်၊ သန့်ရှင်းဝိညာဉ်တော်ဘုရားသည် ရှင်ပြန်ထမြောက်တော်မူသောသူ၏ ဝိညာဉ်ဖြစ်တယ်၊ သခင်ခရစ်တော်၏ လောကလုပ်ဆောင်မူအရာအားလုံးကို ဖြည့်ဆည်းပေးနေသူဖြစ်တယ် ဒါကြောင့် သခင်ခရစ်တော်ဟာ သန့်ရှင်းဝိညာဉ်တော်ဘုရား၌ အဖခမည်းတော်ကို ဆက်လက်ဖော်ပြနေသူဖြစ်တယ်။

ဘုရားသခင်သည် အစစ်အမှန်ဖြစ်သည်

အသက်ရှင်တောမူသော ဘုရား၏ ဝိညာဉ်တော်သည် လူသားများကို ကျေးဇူးတော်နှင့်ပြည့်ဝသော အခြေအနေသို့ဖန်ဆင်းတော်မူပြီး ကြီးမားသောဖွင့်လစ်ပြသမူ တောက်ပသော ဘုရားအဖြစ်တော်ကို တွေ့ကြုံစေတယ်၊ ထိုအချက်ဟာ ဘုရားသခင်သည် အစစ်အမှန်ဖြစ်သည် ကိုဖော်ပြသော အချက်ဖြစ်တယ်။ ဘုရားသခင်ကို လောကပညာတွေမှာ စာအုပ်တွေထဲက ဗဟုသုတ သိထားရုံလောက်ရှာဖွေကြိုးစားခြင်းသည် အသက်ရှင်သောဘုရားကို သေသောသူများကြားတွင် ရှာဖွေနေခြင်းအဆင့်သာဖြစ်ကြောင်း ဟောကြားခဲ့ပါသည်။

OFM အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး Raniero Cantalamessa ၏ သြဝါဒအပြည့်အစုံဖတ်ရန် အောက်ပါ Link ကို နှိပ်ပါ။
http://www.cantalamessa.org/?p=3670&lang=en

https://www.vaticannews.va/en/vatican-city/news/2018-12/third-advent-sermon-jesus-christ-living-god-raniero-cantalamessa.html

#RanieroCantalamessa, #pope, #preach, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

5 + 6 =