ကျွန်ုပ်ရဲ့ နေ့စဉ်လုပ်ဆောင်မှုနဲ့ အားလပ်ချိန်မှာ ဧဝံဂေလိ သတင်းကောင်း ဖြန့်ဝေ ပျိုးထောင် နေပါသလား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့မှာ ဧဝံဂေလိ သတင်းကောင်းကို ကြိုးစား ဖြန့်ဝေကြဖို့ မိန့်ကြားခဲ့ပါတယ်။ ကျွန်ုပ်တို့ နှုတ်ကပါဌ်တော် ဟောပြောချိန်မှာ ဘာမှဖြစ်မလာဘူးလို့ ထင်ရပေမယ့်လည်း လက်တွေ့မှာ သန့်ရှင်းသောဝိညာဉ်တော်ဘုရားရှင်က အလုပ်လုပ်နေတာကြောင့် ကောင်းကင်နိုင်ငံက ကျွန်ုပ်တို့ လုပ်ဆောင်နေတာထက်ပို ကြီးထွားနေတယ်ဆိုတာ ဘယ်တော့မှ မမေ့ကြပါနဲ့။ let’s us never forget, when we proclaim the word, even when nothing seems to be happening, in reality the Holy Spirit is at work and the Kingdom of God is already growing, through and beyond our efforts. ဒါကြောင့် ချစ်သော ညီအစ်ကို မောင်နှမ အပေါင်းတို့ဝမ်းမြောက်ခြင်းနဲ့ ရှေ့ဆက်ကြိုးစား ကြပါ။ ကျွန်ုပ်တို့ရဲ့ဘဝမှာ ဘုရားရဲ့ နှုတ်ကပါဌ်တော်မျိုးစေ့ချပေးခဲ့ကြတဲ့သူတွေကိုလည်း သတိရကြပြီး၊ “ကျွန်ုပ်ရဲ့ယုံကြည်ခြင်း ဘယ်လိုစတင်ရရှိခဲ့သလဲ” လို့ ကျွန်ုပ်တို့ တစ်ဦးချင်းစီ စဉ်းစား ကြည့်ကြပါစို့။ သူတို့နဲ့တွေ့ဆုံပြီး နှစ်တွေကြာမှ ယုံကြည်ခြင်ပေါက်ဖွားကြီးထွား လာခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ကြောင့်ပဲ အဲလိုမျိုး ဖြစ်လာရတယ်။ အဲဒီအချက်တွေနဲ့ ပတ်သက်ပြီး “ကျွန်ုပ်ကောင်းတဲ့အရာကို စိုက်ပျိုးနေသလား” မိမိကိုယ်ကို မေးကြည့်သင့်ပါတယ်။ မိမိတစ်ဦးထဲ အတွက်ပဲ ရိတ်သိမ်းနသလား (သို့) တခြားသူတွေ အတွက်ရော မပျိုးထောင်တော့ဘူးလား။ Do I sow some seeds of the Gospel in my daily life; study, work and leisure time? ကျွန်ုပ်ရဲ့ နေ့စဉ်လုပ်ဆောင်မှုနဲ့ အားလပ်ချိန်မှာ ဧဝံဂေလိ သတင်းကောင်း ဖြန့်ဝေ ပျိုးထောင် နေပါသလား။ သခင်ယေဇူးလို ချက်ချင်း ရလဒ်မရပေမယ့် ဆက်ပြီးပျိုးထောင်နေသလား (သို့) စိတ်ပျက်အားလျော့နေသလား။ ကျွန်ုပ်တို့ ယနေ့ ကိုးစားနေတဲ့ Mount Carmel ကညာစင်မယ်တော်သခင်မ ကျွန်ုပ်တို့ ရက်ရောဝမ်းမြောက်စွာသတင်းကောင်း ဖြန့်ဝေနိုင်အောင် ကူညီမစ တော်မူပါစေ။ ✍️ထန်းဟာ SJ Source: Catholic News Service

Add new comment

3 + 4 =