ကျူးဘား ကက်သလစ်လူငယ်များကို သာသနာပြုနောက်လိုက်ကောင်းများ ဖြစ်ကြဖို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် တိုက်တွန်း

ပုပ်ရဟန်းမင်ကြီးအရှင်သူမြတ် ပနားမား ကမ္ဘာလူငယ်များပွဲတော်နေ့

ကျူးဘား ကက်သလစ်လူငယ်များကို သာသနာပြုနောက်လိုက်ကောင်းများ ဖြစ်ကြဖို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် တိုက်တွန်း
သြဂုတ်လ ၁၊ ၂၀၁၉

သြဂုတ်လ ၁ ရက်နေက ကျူးဘားနိုင်ငံတွင် ကျွနု်ပ်က ဘုရားသခင်၏ကျွန်မတည်း ကျွန်မ၌ အမိန်တော်အတိုင်းဖြစ်ပါစေ ဟူသော ခေါင်းစဉ်ဖြင့် ဒုတိယအကြိမ်မြောက် ကျင်းပနေသော လူငယ်ပွဲတော်သို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်မှ သဝဏ်လွှာပေးပို့ခဲ့ပါသည်။

ရဟန်းမင်းကြီး ကိုယ်စား ဗာတီကန်နိုင်ငံ အထွေထွေအတွင်းရေမူးချုပ် ရဟန်းမင်းအမတ်ကာဒီနယ် ပီရဲထရို ပါရိုလင်း မှ ပေးပိုသော သဝဏ်လွှာတွင် မယ်တော်သခင်မ၏ စံနမူနာကိူ အတုယူကြပြီး ရှေ့ဆက်လျှောက်လှမ်းကြဖို့ လူငယ်များကို တိုက်တွန်းခဲ့ပါသည်။
ရှင်လုကာ ဧဝံဂေလိကျမ်းစာကို အခြေခံပြီး သစ္စာရှိသော ဘုရား၏ ကျွန် အမိမယ်တော် မာရီယာ သူငယ်တော်လေးကို မျက် နှာ မြင်ရချိန်တွင် ခံစာရသောပျော်ရွှင်မူ့မျိုး (ဘုရားကိုပိုင်ဆိုင်ရပြီ ဖူးတွေ့ရပြီ) ဟူသော အတွေ့အကြုံမျိုး ရရှိခံစားကြဖို့ အတုယူပြီး မယ်တော်ကဲ့သို့ ဘုရားသခင်အပေါ်သစ္စာရှိစွာနေထိုင်ကြဖို့။

မိမိတို့၏ အပြုအမူအနေအထိုင် အသက်တာကြောင့် တခြားသော လူငယ်များလည်း သခင်ခရစ်တော်ကို ရှာဖွေတွေရှိစေကြဖို့၊ သူ၏ ခေါ်သံကို နာထောင်နိုင်စေကြဖို့၊ ယုံကြည်ခြင်း နှင့် ကရုဏာမေတ္တာတရားများတိုးပွားပြီး ဘုရားသခင်နှင့် ပိုမိုပေါင်းစပ်နိူင်သူများဖြစ်စေ တိုက်တွန်းအားပေးခဲ့ပါသည်။
By Kyi Maung
Credit: Vatican News

https://bit.ly/2M0fnsK

 

Add new comment

1 + 0 =