ကောင်းကင်နိုင်ငံတော်ကို မရပ်မနား ရှာဖွေနေသူများဖြစ်ခြင်း

ကောင်းကင်နိုင်ငံတော်ကို မရပ်မနား ရှာဖွေနေသူများဖြစ်ခြင်း

ကောင်းကင်နိုင်ငံတော်ကို မရပ်မနား ရှာဖွေနေသူများဖြစ်ခြင်း

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်သည် အန်ဂျေလူးမေတ္တာဆိုရာနေရာမှ လယ်ပြင်၌ဝှက်ထားသောပုံဥပမာနှင့် တန်ဖိုးကြီးတဲ့ပုလဲပုံဥပမာ နှစ်ခုကို ထောက်ရှုရင်း "ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်ကို စွမ်းစွမ်းတမံ မရပ်မနား ရှာဖွေနေသူများဖြစ်ရန်အတွက် ခေါ်တော်မူခြင်းခံရသည်" ဟူ၍ မိန့်ကြားခဲ့သည်။

ပုံဥပမာနှစ်ခုစလုံးတွင် "အဖိုးထိုက်သော အရာများကို ရှာဖွေသူများသည် သူတို့အနှစ်သက်ဆုံးဖြစ်သော အရာများကို ရရှိရန်အတွက် ပိုင်ဆိုင်သမျှကို ရောင်းကြရသည်" ဤပုံဥပမာနှစ်ခုနဲ့အတူ သခင်ခရစ်‌‌တော်သည် ကျွန်ုပ်တို့အား ကောင်းကင်နိုင်ငံတော်ကို တည်ဆောက်ခြင်း၌ ပါ ၀င်ကြဖို့ ဖိတ်ခေါ်ထားပါသည်။ အဓိကကျတဲ့အချက်များထဲမှ တစ်ခုဖြစ်‌သော - "ဘုရားသခင့်နိုင်ငံတော်အတွက် အပြည့်အဝ ကတိပြုခဲ့သူတွေဟာ အရာအားလုံးကို မျှဝေချင်တဲ့သူတွေဖြစ်သည်” ဟု ဆိုခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က ပြောကြားသည်မှာ "ပို၍တိကျပြတ်သားခြင်းနှင့် ပို၍စေ့စပ်သေချာခြင်း” ဟူသော ဆုံးဖြတ်ချက်သည် တန်ဖိုးရှိသောရတနာများရှာဖွေရန် အရာအားလုံးကို စွန့်လွှတ်နိုင်သည်။ ဘုရားသခင်၏ နိုင်ငံတော်တည်ဆောက်ခြင်းသည် "ဘုရားသခင်၏ ကျေးဇူးတော်သာမက လူသား၏ တက်ကြွသောလိုလိုလားလားရှိခြင်းကိုလည်း လိုအပ်သည်” ဟုမိန့်ဆိုခဲ့ပါသည်။

စွမ်းစွမ်းတမံ မရပ်မနား ရှာဖွေသောသူများ

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က ဤသို့ပြောခဲ့သည် “ကျွန်ုပ်တို့သည် ဧဝံဂေလိကျမ်းများ၏ သဘောတရားကို လက်ခံရန်ဖိတ်ခေါ်ခံရသည်၊ သို့မှသာ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်ကို သန်မာစွာ ရှာဖွေကြသူများ ဖြစ်လာပါမည်” ပုံဥပမာများကဲ့သို့ပင် ၎င်းတွင် ကုန်ကျစရိတ်များပါဝင်သည်။ ကျွန်ုပ်တို့၏ရှာဖွေမှုကို နှောင့်နှေးစေနိုင်သော “ပစ္စည်းဥစ္စာ တပ်မက်ခြင်း၊ အကျိုးအမြတ်ကို တောင်းတခြင်း၊ မိမိအတွက်သာ စဉ်းစားခြင်း” စသည့် လောကအာမခံချက်များကို စွန့်လွှတ်ခြင်းဖြင့် ပေးဆပ်ရမည်။

ပုပ်ရဟန်းမင်းကြီးက ပြောကြားရာတွင် "လူတို့သည် စစ်မှန်သောရတနာကို မရှာဖွေသောကြောင့် သာမန်ဘဝနှင့် ငြီးငွေ့စရာကောင်းသောဘဝများ၌သာ နေထိုင်ကြသည်။ ငြီးငွေ့စရာကောင်းသောဘဝ၏ အခြားတစ်ဖက်တွင် ကောင်းကင်နိုင်ငံတော်ကို ရှာဖွေခြင်းသည်နေ့စဉ်အသက်တာကို အသစ်ပြုပြင်ပေးပြီး ပိုမိုကျယ်ပြန့်သော ဘဝအသက်တာသို့ ပို့ဆောင်ပေးသည်။ ဘုရားသခင့်နိုင်ငံတော်ကို ရှာဖွေသူများသည် တီထွင်ကြံစည်တတ်သော နှလုံးသားနှင့် သိရှိစူးစမ်းလိုသော နှလုံးသားက သူတို့ကို ဘုရားသခင်ကိုသော်လည်းကောင်း အိမ်နီးချင်းနှင့် မိမိကိုယ်ကိုချစ်‌ရန်အတွက်သော်လည်းကောင်း လမ်းသစ်သို့ ပို့ဆောင်ပေးသည်။"

သန့်ရှင်းခြင်းအတွက် စွန့်စားခြင်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဤသို့ပြောကြားခဲ့သည် “ဝှက်ထားသောဘဏ္ဍာနှင့် အလွန်တန်ဖိုးရှိသည့် ပုလဲဖြစ်သည့်ယေရှုသည် ကမ္ဘာပေါ်ရှိ ဝမ်းမြောက်မှုအားလုံးကို လှုံ့ဆော်‌ပေးပါစေ။ ဘဝ၏အဓိပ္ပါယ်ကို ရှာဖွေတွေ့ရှိခြင်း၏ ဝမ်းမြောက်ခြင်း၊ သန့်ရှင်းသော ဘဝအသက်တာကို စွန့်စားရာ၌ မိမိဘဝကို အပ်နှံခြင်း၏ ပျော်ရွှင်မှုကို လှုံ့ဆော်ပေးတော်မူပါစေ" ဟူ၍ မိန့်မြွက်ခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က "ကညာစင်မယ်‌တော်မာရီယားသည် သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်ပေးသော ချစ်ခြင်းမေတ္တာတော်ကို ကျွန်ုပ်တို့၏ အပြောအဆိုနှင့် အပြုအမူများ၌ ဖော်ပြရန် ကောင်းကင်နိုင်ငံတော်၏ ဘဏ္ဍာကို ရှာဖွေရန် ကျွန်ုပ်တို့အား ကူညီ‌တော်မူပါ” ဟူ၍ ဆုတောင်းခြင်းဖြင့် နိဂုံးချုပ်ခဲ့ပါသည်။

ဘာသာပြန်- စစ္စတာရ်လူစီ လားလ်နိုင်ကြိုင်း၊ SJA

https://bit.ly/315ezYR

Add new comment

11 + 7 =