ကောင်ကင်ဘုံ၌ရှိသော စစ်မှန်သည့်ရတနာ

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်းတွေဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်း

ကောင်ကင်ဘုံ၌ရှိသော စစ်မှန်သည့်ရတနာ
သြဂုတ်လ ၄၊ ၂၀၁၉

အပတ်စဉ် တနင်္ဂနွေနေ့ တိုင်းတွေဆုံနေကြ လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေးလူးမေတ္တာ ရွတ်ဆိုခြင်းတွင် ရှင်လုကား တနင်္ဂနွေနေ့ သမ္မကျမ်းစာ ကိုအခြေခံပြီး ချမ်းသာကြွယ်ဝမူ့သည် လူနှလုံးသားကို ပြောင်းလည်စေနိုင်ပြီး၊ စစ်မှန်သော ကောင်းကင်၏ ရတနာမှ လောကတပ်မက်မူ့သို့ အာရုံလွဲးစေနိုင်ကြောင်း သတိပြုကြရန် ဟောကြားခဲ့ပါသည်။

သမ္မကျမ်းစာ မှာ ချမ်းသာကြွယ်ဝသူတစ်ယောက်ဟာ သူရရှိခဲ့သော ပစ္စည်းဥစ္စာ တွေကြောင့် သူဘဝသူလုံခြုံ စိတ်ချရပြီ၊ သူဘဝပြည့်စုံပြီဟုတွေးတောပျော်ရွှင်နေခဲ့တယ်၊ သူကိုယ်သူအတွက် ပဲ စဉ်းစားပြီး စာသောက်ပျော်ပါးအသက်ရှင်ဖို့အတွက် ဆုံဖြတ်ခဲ့တယ်၊ အဲ့ဒီလူရဲ့စည်မံကိန်းများဟာ ဘုရားဖြစ်စေခြင်တဲ့အရာနဲ့ဆန်ကျင်နေခဲ့တယ်၊
သူဘဝသူ ပျော်ပါးသောက်စား ရာဂခံစားဖို့အတွက် စည်မံကိန်းတွေ ချခဲ့တယ် ဒါပေမဲ့ ဘုရားသခင်က သူ၏ ဝိညာဉ်ကို ဒီည ပြန်လည်သိမ်းပိုက်မယ် ဆိုတာကို ပြေားကြားလိုက်တယ်၊ ဒီနေရာမှာ သူရဲ့စည်မံကိန်းတွေဖြစ်တဲ့ အချိန်ကြာရှည်စွာ ပျော်ပါးဖို့ စားသောက်ဖို့၊ ရာဂခံစားဖို့ဆိုတဲ့စည်မံကိန်းများဟာ ပယ်ဖျက်ခြင်းခံလိုက်ရပါတယ်။

ဘုရားရဲ့စီမံကိန်းကို ပယ်ဖျက်ပြီး မိမိဘဝတစ်ခုတည်း အတွက်သာကြည့်တပ်သော၊ လောက အသက်တာတစ်ခုလောက်သာ မြင်တပ်သော ချမ်းသာကြွယ်ဝသူကို ဘုရားသခင်က ရူသွတ်မိုက်မဲသောသူလို့ ခေါ်ခဲ့တယ်။

လောကပစ္စည်းဥစ္စာများဟာ မကောင်းတဲ့အရာများမဟုတ်ပါဘူး သိုသော် ဒီ လောကပစ္စည်းဥစ္စာများ၌သာ ကိုယ်ဘဝ လမ်းဆုံးမနေဖို့၊ ကိုယ်ဘေးပတ်ဝန်းကျင်ကို ကြည့်တပ် ဝေမျှတပ်ဖို့၊ အထူးသဖြင့် အလိုအပ်ဆုံး ဒုက္ခအရောက်ဆုံးသူများကို ကူညီပေးဖို့၊ ရိုးသားစွာ အသက်ရှင်ဖို့ လိုအပ်တယ်။

ချမ်းသာကြွယ်ဝမူ့သည် လူနှလုံးသားကို ပြောင်းလည်စေနိုင်ပြီး၊ စစ်မှန်သော ကောင်းကင်၏ ရတနာမှ လောကတပ်မက်မူ့သို့ အာရုံလွဲးစေနိုင်ကြောင်း သတိပြုကြဖို့၊

လောဘရမ္မက် ဟာ လူနှလုံးသာကို ဘယ်တော့မှ တင်တိမ်ရောင်ရဲစေမှာ မဟုတ်ဘူး၊ ပိုလို့သာ ဆာလောင်တောင်းတစေမှာဖြစ်တယ်၊ ဒါ့ကြောင့် တကယ်စစ်မှန်သော တန်ဖိုးကြီးအရာများ ဖြစ်တဲ့ တရားမျှတမူ့၊ ငြိမ်းချမ်းခြင်း၊ ညီကိုယ်မောင်နှကဲ့သို့ ချစ်ခြင်း၊ တပါးသူကို လက်ခံနိုင်ခြင်း၊ အေးအတူ ပူအမျှ အတူတကွစည်းလုံးခြင်းစသည် အရာတို့ကို ဦးစွာရှာကြဖို့။
သတိ ရှိစွာဖြင့် လောကမှာ ဘယ်အရာတွေက တကယ်တန်ဖိုး စစ်မှန်တဲ့အရာတွေလည်းဆိုတာ ကြည့်မြင်တပ်ဖို့သင်ယူလေ့လာကြရမယ်။

အဲ့ဒါကြောင့် သခင်ခရစ်တော်က လူသားတွေကို မကောင်းသောလောဘစိတ်မှ ကင်ဝေးစေရန် သတိပေးနေတယ်၊ လောကမှာ ကိုယ်ရရှိသမျှအရားအားလုံး နှင့် ဘုရားကို ချစ်နိုင်ဖို့၊ လူတွေကိုချစ်နိုင်ဖို့ ၊ ဘုရားပေးတဲ့ လောကဥစ္စာပစ္စည်းတွေနဲ့ ကိုယ်ကျိုး အတွက်သာမက အများအကျိူးပါ ဆောင်ရွက်နိုင်သူတွေဖြစ်ကြရမယ်။
By Kyi Maung
Photo credits to Vatican News

https://bit.ly/2YnYQFE.

 

Add new comment

3 + 1 =