ကိုယ်အတွက် အဆင်ပြေမှ၊ သက်သာမှုရှိမှဆိုတဲ့ စိတ်မျိုးနဲ့ သင်သူတစ်ပါးကို ချစ်လို့မရပါ

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်း
ကိုယ်အတွက် အဆင်ပြေမှ၊ သက်သာမှုရှိမှဆိုတဲ့ စိတ်မျိုးနဲ့ သင်သူတစ်ပါးကို ချစ်လို့မရပါ
အောက်တိုဘာလ ၂၄၊ ၂၀၁၈

အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တွေ့ဆုံနေကြ လူထုတွေ့ဆုံခြင်းတွင် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ပညတ်တော်ဆယ်ပါးတွင် (သူ၏သားမယားကို ပြစ်မှားခြင်းကိုမပြုလင့်) ဟူသော ဆဌမ ပညတ်တော် ကို အခြေခံပြီး ဘာသာတရားသင်ကြားမှုကို ဆက်လက်သင်ကြားခဲ့ပါသည်။
ဆဌမ ပညတ်တော် သည် လူမှုပေါင်းသင်းရေး လောကတွင် သစ္စာစောင့်သိမှုကို ဖော်ညွန်းနေခြင်းဖြစ်သည်။
ကိုယ်အတွက် အဆင်ပြေမှ၊ သက်သာမှုရှိမှဆိုတဲ့ စိတ်မျိုးနဲ့ သင်သူတစ်ပါးကို ချစ်၍မရပါ။ တကယ့် စစ်မှန်သော ချစ်ခြင်းမေတ္တာ သည် လူမှုပေါင်းသင်းရေး လောကတွင် တာဝန်ယူတတ်ခြင်း၊ ရင့်ကျက်ခြင်းနှင့် လွတ်လပ်ခြင်း တို့ကို ဖော်ဆောင်ပေးသည်။ မိတ်ဆွေ သူငယ်ချင်းထဲမှာတောင် စစ်မှန်သောမိတ်ဆွေစစ်သည် ကိုယ်တကယ်ဒုက္ခရောက်ချိန်မှာ ဘေးမှာ ရှိနေပေးသူတွေဖြစ်သည်။ ဘာအကြောင်းပြချက်မှ မရှိတဲ့ချစ်ခြင်းမျိုးနဲ့ ချစ်တဲ့အချစ်သည်လူလောကမှာ လိုအပ်သည့်အချက်ဖြစ်သည်။ ဒီလိုအချစ်မျိုးနဲ့မချစ်နိုင်သေးသရွေ့ ပြည့်စုံသော အချစ်ကိုမရနိုင်၊ အမြဲ လိုအပ်နေဦးမည်သာ။ စစ်မှန်သောချစ်ခြင်းမေတ္တာမပါသည့် ပေါင်းသင်းဆက်ဆံရေးမှာ လိုအပ်ချက်က အမြဲရှိနေမှာပင်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန် အချစ်စစ်ဟု ထင်ရသည့်အရာများနှင့် လိုက်ရှာအစားထိုးမိကြလိမ့်မည်။
ကိုယ်ခန္ဒာလှပမှု၊ စွဲဆောင်မှုရှိဖို့လောက်ပဲ လူတွေကရှာကြသည်။ စွဲဆောင်မှုရှိခြင်းဆိုတာ ဘုရားရဲ့ကျေးဇူးတော်ပါ၊ ယင်စွဲးဆောင်မှုက တစ်ပါးသူနဲ့ သစ္စာစောင့်သိမှုနဲ့ ခိုင်မြဲသော ပေါင်းသင်းဆက်ဆံရေး တည်ဆောက်ဖို့ တောင်းဆိုတယ်ဆိုတာကို လည်းမမေ့ပါနဲ့။
အိမ်ထောင်သည်ဘဝမှာ ခိုင်မြဲသည့် ပေါင်းသင်းဆက်ဆံရေး ကိုသိရှိဖို့ သေချာပြင်ဆင်လေ့လာဖို့ အချိန်အတိုင်းတာ တစ်ခုထိလိုအပ်သည်။ ဘာသာဝင်တွေကြားထဲမှာလည်း၊ လက်ထပ်ထိမ်းမြား မင်္ဂလာအတွက် ပြင်ဆင်တဲ့နေရာမှာ အလေးအနက်မထားကြတဲ့သူတွေအတွက် သေချာလေး ပြင်ဆင်ဖို့ ဘာသတရားအကြောင်း လက်ထပ်ထမ်းမြားခြင်းအကြောင်းကိုကောင်းမွန်စွာ လေ့လာသင်ယူရမည်။ ပေါ့ပျက်ပျက် လုပ်ရမည့် အရာမဟုတ်ဘူး၊ တန်ဖိုးထားရမည့်အရာ၊ အလေးအနက်နားမလည်းခဲ့ရင် ရှေ့ဆက်ပြသနာတွေဖြစ်လာနိုင်ပါသည်။
ဆဌမ ပညတ်တော် သည် သစ္စာစောင်သိမှုကိုနားလည် စေသော ဘဝနေထိုင်နည်းတစ်ခုဖြစ်သည်။
လူသားတွေရဲ့သစ္စာစောင့်သိမှုသည် သခင်ခရစ်တော်မှာ ထာရှိသော သစ္စာစောင့်သိမှုမှာ အခြေခံရမည် ။ ဘုရာအပေါ်သစ္စာရှိမှ ဖြူစင်သော နှလုံးသားတွေဖြစ်လာမည်။ ၊ဖြူစင်သောနှလုံးသားတွေမှာ သစ္စာစောင်သိမှုရှိကြသည်။ ဘုရားနဲပေါင်းစပ်တဲ့သူတွေဟာ လှူုမှုပေါင်းသင်း ဆက်ဆံရေးမှာလည်း သစ္စာရှိသူတွေဖြစ်ကြတယ် ဟု ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မှ ဟောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2018-10/pope-francis-general-audience-sixth-commandment-25-october-2018.html

#pope, #generalaudience, #peterkm
Photo credit to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

1 + 8 =