ကရုဏာသနားခြင်းကို အသက်ရှုသကဲ့သို့ ပြုကျင့်ကြရန် မိန့်ကြားတော်မူ မတ်လ၊ ၁၈ ရက်၊ ၂၀၂၀

ကရုဏာသနားခြင်းကို အသက်ရှုသကဲ့သို့ ပြုကျင့်ကြရန် မိန့်ကြားတော်မူ မတ်လ၊ ၁၈ ရက်၊ ၂၀၂၀

ကရုဏာသနားခြင်းကို အသက်ရှုသကဲ့သို့ ပြုကျင့်ကြရန် မိန့်ကြားတော်မူ
မတ်လ၊ ၁၈ ရက်၊ ၂၀၂၀

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က ဗုဒ္ဓဟူးနေ့ လူထုပရိတ်သတ်အား ဘုရားစကားသင်ကြား ရာတွင် မင်္ဂလာတရား (၈) ပါးထဲမှ ပဉ္စမမြောက်မင်္ဂလာဖြစ်သော "သနားကြင်နာတတ်ခြင်းရှိသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ကြင်နာခြင်း ခံကြရလိမ့်မည်" ဟူသော မင်္ဂလာတရားကို သွန်သင်မိန့်ကြားတော်မူခဲ့သည်။

ပုပ်ရဟန်းမင်းကြီး အဖြစ် စတင်ရွေးကောက်တော်မူခြင်းခံရစဉ်က ကရုဏာသနားခြင်းကို ပထမဆုံး သတင်းစကားအဖြစ် အရှင်သူမြတ်က ရွေးချယ်ခဲ့ကြောင်းကို ပြန်ပြောင်းသတိရကာ ကရုဏာသနားခြင်း ပါရမီကို မိမိတို့ အသက်ရှုသွင်းသည့် လေကဲ့သို့ အောက်မေ့ကာ ကျင့်သုံးကြရန် နှိုးဆော်တိုက်တွန်းခဲ့သည်။ ကရုဏာသနားခြင်းကို ပြသကျင့်ကြံသူသည် သနားခြင်းကို ပြန်လည်ခံစားရမည်။ မိမိစိုက်ပျိုးသည့် ကရုဏာ အတိုင်းအထွာအတိုင်း သနားခြင်းကို မိမိဘ၀မှာ ပြန်လည်ရိတ်သိမ်းကြရပေမည်။ ကရုဏာကြောင့် ကရုဏာ သက်ရောက်ခြင်းခံစားရမည့် တန်ပြန်သဘောတရားကို ဤမင်္ဂလာတရားတော်၌ တွေ့မြင်ရသည်။

ကရုဏာသနားခြင်းသည် ဘုရားသခင်၏ နှလုံးသည်းပွတ် ဗဟိုလည်း ဖြစ်၏။ ဧ၀ံဂေလိကျမ်းစာ၌လည်း တန်ပြန်သက်ရောက်ခြင်း သာဓကများစွာကိုလည်း တွေ့နိုင်သည်။ သူတစ်ပါးကို ဆုံးဖြတ်စီရင်သည့် ပမာဏအတိုင်း မိမိကိုယ်တိုင်လည်း စီရင်ဆုံးဖြတ်ခြင်း ခံရပေမည်။ ထိုနည်းတူ ကောင်းကင်ဘုံ၌ မေတ္တာမှာလည်း ကျွန်ုပ်တို့ အပေါ်ကျူးလွန်သော သူတို့အား ကျွန်ုပ်တို့ ခွင့်လွှတ်သကဲ့သို့ ကျွန်ုပ်တို့ အပြစ်များကို ခွင့်လွှတ်တော်မူပါ ဟု ဆိုထားသည်။

မိမိညီအစ်ကို၏ အပြစ်ကို ချည်နှောင်လျှင် သင်၏ အပြစ်များသည်လည်း ချည်နှောင်ခြင်း ခံရလိမ့်မည်။ မိမိပေးသောအရာနှင့် မိမိရရှိမည့်အရာ ထိုနှစ်ခုကို ခွဲထား၍ မရနိုင်ပေ။ လက်တွေ့ဘ၀မှာ ခွင့်မလွှတ်နိုင်ကြသူတွေ များလှ၏။ ခွင့်လွှတ်နိုင်ရန် ဘုရား သခင်ကျေးဇူးတော်ကို တောင်းခံရမည်။ မင်္ဂလာတရား၌ သနားခြင်းကို ရှာတွေ့၏။ ကောင်းကင်ဘုံ၌ မေတ္တာ၌ ခွင့်လွှတ်ခြင်းကို ရှာတွေ့၏။ ခွင့်မလွှတ်နိုင်လျှင် ဘုရားသခင်အပေါ် အကြွေးတင်နေမည်။ ထိုအတွက်ကြောင့် ဘုရား၏ သနားကရုဏာတော်ကို ကျွန်ုပ်တို့ တောင်းခံရခြင်းဖြစ်သည်။

ကျွန်ုပ်တို့၏ သနားကရုဏာသည် အဘယ်က လာသနည်းဟု ပုပ်ရဟန်းမင်းကြီးက မေးခွန်းထုတ်ခဲ့သည်။ ကရုဏာသနားခြင်း မရှိလျှင် ခရစ်ယာန်ဘ၀ မရှိနိုင်။ ခရစ်ယာန်ဘ၀အသက်တာက ကရုဏာသနားတတ်ခြင်းကို ဦးတည်မခေါ်ဆောင်သွားလျှင် ကျွန်ုပ်တို့ လမ်းမှားနေပြီ။ သနားခြင်းသာလျှင် ၀ိဉာဉ်ရေး ခရီးလမ်းတိုင်း၏ ပန်းတိုင်သာ ဖြစ်ရမည်။ သနားခြင်းသည် မေတ္တာတရားမှ ဖြစ်တည်လာသော အလွန်လှသည့် အသီးအပွင့် တစ်ခုပင်ဖြစ်သည်။

နိဂုံးအချုပ်အနေဖြင့်၊ ဘုရားသခင်၏ ကရုဏာသနားခြင်းသည် ကျွန်ုပ်တို့၏ လွတ်မြောက်ရာနှင့် ပျော်ရွှင်မှုခြင်း။ ကရုဏာသနားခြင်းသည် ကျွန်ုပ်တို့ ရှုရှိုက်ရမည့် လေ ဖြစ်ကြောင်း မီးမောင်းထိုးပြကာ သွန်သင်တော်မူခဲ့ပါသည်။

ဘာသာပြန် သီကိုရှင်း

Photo courtesy: (AFP or licensors)

http://bit.ly/33wqNdS

Add new comment

6 + 13 =