ကရုဏာတရားအားဖြင့် သခင်ခရစ်တော်ကို သက်သေခံ ကြပါ

ပုပ်ရဟန်းမင်းကြီး  ဖရန်စစ်အရှင်သူမြတ်မှ ဆရာတော်ကြီးတစ်ဆယ့်သုံးပါးကို ရဟန်းမင်းအမတ် ကာဒီနယ်အဆင့်သို့ တင်မြှောက်

ကရုဏာတရားအားဖြင့် သခင်ခရစ်တော်ကို သက်သေခံ ကြပါ

အောက်တိုဘာလ ၅၊ ၂၀၁၉

အောက်တိုဘာလ ၅ ရက် နေ့က ဗာတီကန် နိုင်ငံ စိန့်ပီတာ ဘာစီလီကာ ကျောင်းတော်ကြီး တွင် ပုပ်ရဟန်းမင်းကြီး  ဖရန်စစ်အရှင်သူမြတ်မှ ဆရာတော်ကြီးတစ်ဆယ့်သုံးပါးကို ရဟန်းမင်းအမတ် ကာဒီနယ်အဆင့်သို့ တင်မြှောက်  ပေးခဲ့ပါသည်။ယင်းကာဒီနယ်တင်မြှောက်ခြင်းအခမ်းအနားတွင် ရဟန်းမင်းကြီးမှ ရဟန်းမင်အမတ်များအား ကရုဏာ တရားသည် ဧဝံဂေလိတရား‌တော်၏အဓိကကျသောအချက်ဖြစ်ပြီး  ဘုရားရှင်၏နှလုံးသား ၌ ရေးသားထားေ သာ စကားလုံးဖြစ်ကြောင်းဝေမျှခဲ့ပါသည်။

ဒုက္ခဝေဒနာခံစားနေရသူများကို သခင်ခရစ်တော်သနားကြင်နာမှုပြသခဲ့သည့်အကြောင်းများ ပိုမိုဖတ်ရှု‌လေ မိမိဘ ဝအတွက်ပိုမိုထောက်ရှုခွင့်ရရှိလေဖြစ်ပြီး၊ ဘုရားသခင်၏သနားကြင်နာမှုသည် အချိန်အခါလျောက်ပေးသောအ ရာမဟုတ်၊အမြဲတမ်းပေးနေသောအရာဖြစ်ပြီး၊ ဘုရားသခင်သည်သနားကြင်နာမှုဖြစ်ကြောင်း ပို၍သဘောပေါက်လာရမည်။
အပြစ်ထဲမှာနစ်မွန်းနေသောဘုရားသခင်၏ သားသမီးများကို လူအဖြစ်ကိုယူတော်မူသော ဘုရားသခင်၏တပါး တည်းသောသားတော်ယေဇူးခရစ်တော်မှ သန့်ရှင်းစင်ကြယ်စေခဲ့ပါသည်။ သခင်ခရစ်တော်၏ရုဏာ တရာတော်အားဖြ င့် လူသားတို့နှင့်ဘုရားအကြားတွင် လူသားတို့အကျိုးအတွက်ပေါင်းကူးတံတား တည်ဆောက်ပေးခဲ့ပြီး  ဝေးကွာခြင် းအစားနီးစပ်မှုကို တည်ဆောက်ပေးခဲ့ပါသည်။

သခင်ခရစ်တော်သည် ကရုဏာတရားဖြင့်မျှော်လင့်ချက်မဲ့နေသူများ စွန့်ပစ်ခံဘဝများကို ရှာဖွေကယ်တင်ပေးခဲ့သော အလုပ်သည်၊ဖခင်မေတ္တာပြည့်ဝသောအဖခမည်းတော်ဘုရား၏ ကရုဏာတရားကိုလူသားတို့အားလာရောက်ပြ သ‌နေခြင်းဖြစ်သည်။

ဘုရားရှင်၏ချစ်ခြင်းမေတ္တာသည် ဂရုဏာတရားပြသမှုဖြင့် လူသားတို့ကိုပြည့်ဝစေခဲ့သော်လည်း၊ လူသားတို့အချင်း ချင်းကြားတွင်၊ ကရုဏာတရားပျောက်ဆုံးနေမှုများကို၊ ၀မ်းနည်းစွာ တွေ့နေရပါသည်။သခင်ခရစ်တော်၏  နောက်လို က်တပည့်တော်ကြီး များသည်လည်းပဲ ဂရုဏာတရားနည်းပါးခဲ့သည်ကို (လူငါးထောင်အား မုန့်ငါး လုံးနှင့်ငါးနှစ်  ကောင်အားဖြင့်) သခင်ခရစ်တော်ပွားများစေခဲ့ပြီးကျွေးမွေးခဲ့သည်အဖြစ်အပျက်တွင် တွေ့မြင်ခဲ့ရပါသည် ။

တပည့်တော်ကြီးတို့မှ လူအများအားနီးစပ်ရာရွာများသို့သွားစေပြီး စားစရာကို သူတို့ဖာသာ သူတို့ ရှာဖွေစေရန်‌ပြော
‌ပြောကြားခဲ့မှုသည်ကရုဏာ ကင်မဲ့မှုကို ဖော်ပြခြင်းဖြစ်ကြောင်း ရဟန်းမင်းကြီးမှရှင်းပြခဲ့ပါသည်။ ယင်းကဲ့သို့သော စိတ်ဓာတ်သည်လူအများကြားတွင်ဖြစ်လေ့ဖြစ်ထရှိကြပြီး၊ ကရုဏာတရားမဲ့သောဆုံးဖြတ်ချက်များကို ပြုလုပ်လေ့ရိ ှကြပါသည်။
ပုပ်ရဟန်းမင်းကြီးမှ ရဟန်းမင်းအမတ်များအား ဘုရားသခင်သည်သူ၏ကရုဏာမေတ္တာတရားကို လူသား တို့အားပြ သရန်သင်တို့အား ရွေးချယ်ခေါ်ယူခဲ့သည်ဖြစ်၍ သင်တို့အားဖြင့် လူအများဆီသို့ဘုရားရှင်၏ဂရုဏာမေတ္တာတရားများ ကို သယ်ဆောင်သွားကြရမယ်။

ဘုရားသခင်၏သနားကြင်နာမှုတို့တွေခံစားနေရတယ်ဆိုတာကိုသတိထားမိလား၊ ဘုရားသခင်ရဲ့ကရုဏာတော်ကိုမခံစားရရင်သူ၏ချစ်ခြင်းမေတ္တာကိုလည်းရမည်မဟုတ်၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုနားမလည်လျှင်၊ သူ၏ကရု ဏာတရားကိုကိုယ်တိုင်မခံစားလျှင်တစ်ပါးသူအားသက်သေခံခြင်း ဝေမျြှခင်းအမှုတို့၌ ထိရောက်စွာပြုလုပ်နိုင်လိမ့်မည်မဟုတ်ပေ။

ထို့အတွက်ကြောင့်ဘုရားရှင်ဂရုဏာမေတ္တာတော်ကို မိမိဘဝ၌သိရှိခံစားနိုင်အောင်ကြိုးစားကြရမည်။အဖွဲ့စည်းအသင်း အဖွဲ့တစ်ခု၌ ရိုသေလေးစားမှုမရြှိခင်း သစ္စာတရားမရြှိခင်းတို့သည်။ ကရုဏာတရားကင်းမဲ့မှု ၏လက္ခဏာများဖြစ် ကြောင်းပြောကြားခဲ့ပြီး၊ ဘုရားရှင်၏ကရုဏာမေတ္တာတရားကို နေရာတိုင်းတွင်ပြသကြဖို့၊ မှာကြားခဲ့ပြီး ဘုရားရှင်၏ကရုဏာမေတ္တာတရားတော်ကို။ လူအများကယ်တင်ခြင်းအတွက် သယ်ဆောင်ဝေမျှကြပါဟု ရဟန်းမင်းအမတ်များအား ပုပ်ရဟန်းမင်းကြီးမှ မှာကြားခဲ့ပါသည်။

By Kyi Making
Credit to Vatican News
https://bit.ly/31ZWGKa

Add new comment

13 + 4 =