ကမ္ဘာ့ဖျားနာသူများနေ့ရဟန်းမင်းကြီး၏သတင်းစကား

ကမ္ဘာ့ဖျားနာသူများနေ့ရဟန်းမင်းကြီး၏သတင်းစကား

ကမ္ဘာ့ဖျားနာသူများနေ့ရဟန်းမင်းကြီး၏သတင်းစကား
ဇန်နဝါရီလ ၃၊ ၂၀၂၀

နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့လူဒယ်မြို့၌ ထင်ရှားပြသော အမိမယ်တော်၏ ပွဲနေ့ ကို ကမ္ဘာ့အဖျားနားသူများနေ့အဖြစ်သတ်မှတ်ထားပါသည်။

၂၀၂၀ ခုနှစ် ၂၈ ကြိမ်မြောက် ကမ္ဘာ့အဖျားနားသူများနေ့ အတွက် ခေါင်စဉ်အဖြစ် ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါ့ထံသို့လာကြလော့ ဟူသော ကျမ်းပိုဒ်ကိုခေါင်းစဉ်ဖြစ်ထားရှိပြီး ရဟန်းမင်းကြီးမှ လူသားထုကောင်းကျိုးအတွက်အကျိုးပြုနေကြသောကျန်းမာရေးလုပ်သားများကိုအားပေးရင်း ၊ သခင် ခရစ်တော်၏စိတ်နေစိတ်ထားနှင့် ကောင်းသောဆာမာရီတန် ပုံဥပမာကိုအတုယူကြဖို့ အားပေးတိုက်တွန်းထားပါသည်။

လူ့အဖွဲ့အစည်း၏မညီမျှမှုများကြောင့် ဖိနှိပ်ခံနေကြရသူများ၊ တရားဥပဒေဖြင့်ခွဲခြားဆက်ဆံနေကြရသူများ၊ အပြစ်သားများ၊ဖျားနာနေသူများ၊ ဆင်းရဲသားများ၊ သာမာန်လူတန်းစားများအတွက် သခင်ခရစ်တော်၏နှုတ်တော်ထွက်စကားများသည် တစ်လုံးတစ်ဝတည်ရှိခြင်း၊ မျှော်လင့်ခြင်းကိုဖြစ်ပေါ်စေခြင်း နှင့် နှစ်သိမ့်မှုများပေးနေကြောင်း။

သခင်ခရစ်တော်၏သနားကြင်နာမှုနှင့် နှစ်သိမ့်ပေးနေမှုတို့သည် လူတစ်ဦး၏ဘဝအခက်အခဲအားလုံးကို သူ၏ဘဝနှင့်နှိုင်းယှဉ်၍စာနာနားလည်ကြဖို့ဖိတ်ခေါ်နေကြောင်း၊ သခင်ခရစ်တော်ကိုယ်တိုင်သည် ဒုက္ခအခက်ခဲပေါင်းများစွာကိုကြုံတွေ့ခံစားခဲ့သူဖြစ်သည်အလျောက်၊ တစ်ပါးသူ၏ဒုက္ခအပေါ်စာနာ သနားကြင်နာစိတ် အပြည့်အဝထားရှိကြောင်း၊ ယင်းကဲ့သို့ဒုက္ခအခက်အခဲတွေ့ကြုံခံစားဖူသူများသည် တစ်ပါးသူကိုလည်းအပြည့်အဝနားလည်မှုပေးနိုင်ကြောင်း ဝိညာဉ်ရေး ရှု့ထောင့်မှ ထောက်ပြခဲ့ပြီး

လက်တွေ့ဘဝတွင်လိုအပ်နေ‌သောအချက်ဖြစ်သည့် ကုသပျောက်ကင်းနိုင်ရန်ခက်ခဲသောရောဂါဝေဒနာသည်များကို စွန့်ပစ်ထားမှုများကို မပြုလုပ်ကြဖို၊ ထိုကဲ့သို့သောလူနာများကို ကုသပေးခြင်းနည်းလမ်းတစ်ခုတည်းမဟုတ်၊ ဂရုစိုက်မှုပေးခြင်း၊ သူ၏ဒုက္ခဝေဒနာများနှင့်အတူရှိနေကြောင်း‌ ဖော်ပြခြင်း၊ စသည့်နည်းလမ်းများဖြင့်ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာနှင့် ကရုဏာစိတ်ကို ပြသကြပြီး၊ ရောဂါဝေဒနာခံစားနေရသည့်လူနာကိုသာမက၊ ဒုက္ခမျိုးစုံကြုံတွေ့နေရသည့် လူနာ၏မိသားစုဝင်များကိုလည်း၊ နှစ်သိမ့်အားပေးခြင်း၊ ကူညီထောက်ပံ့ပေးခြင်းများ ပြုလုပ်ပေးကြရမည်ဖြစ်ကြောင်း။

သာသနာတော်သည် ဒုက္ခဝေဒနာသည်များ၊ ဖျားနာသူများ၊ အားကိုးရာမဲ့များတို့၏ နားခိုရာ နေရာဖြစ်‌ကြောင်း၊ ယင်းကဲ့သို့ဒုက္ခရောက်နေသူအားလုံးသည် သခင်ခရစ်တော်၏ဂရုဏာတော်နှင့် နှလုံးသားကိုစွဲဆောင်နေကြောင်း၊ သခင်ခရစ်တော်သည် ဆရာဝန်ညွှန်ကြားချက်ပေးသကဲ့သို့၊ ညွှန်ကြားချက်ပေးသောသူမဟုတ် မိမိကိုယ်တိုင် ဒုက္ခခံ အသက်တော်စွန့်ပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် နတ်ဆိုး၏အချုပ်အ‌နှောင်မှကျွနုပ်တို့ကို ဖြေလွတ်ကယ်တင်ပေးခဲ့သူဖြစ်သည်။

ကောင်းသော ဆာမာရီတန်ဟာ သခင်ခရစ်တော်ဖြစ်တယ်၊ လူနာကိုကြည်ရှု့စောင့်ရှောက်ဖို့ တည်းခိုဆောင်ဟာ သာသနာတော်ဖြစ်တယ်၊ ဒါ့ကြောင့်သာသနာတော်ဟာ နေ့စဉ်နှင့်အမျှ ဒုက္ခဝေဒနာသည်များ၊ ဖျားနာသူများ၊ အားကိုးရာမဲ့များတို့၏ နားခိုရာ နေရာဖြစ်လာနေရမယ်။ အဲ့ဒီနေရာမှာ ဘဝရဲ့သက်သာရာရမှု၊ တန်ဖိုးထားခံရမှု၊ ရင်းနှီးချစ်ခင်မှု၊ နွေးထွေးကြင်နာမှု၊ ချစ်ခြင်း‌မေတ္တာ တို့ကို ထိတွေ့ခံစားစေရမယ်။

ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်ပညာရှင်များ၊ ပရဟိတလုပ်ဆောင်ကြသည့်သူများ၊ ထိုပုဂ္ဂိုလ်များသည် သခင်ခရစ်တော်၏နွေးထွေး သောမေတ္တာနှင့် နှစ်သိမ့်မှုကို ဝေမျှပေးနေသူများဖြစ်ကြောင်း ရဟန်းမင်းကြီးမှအသိအမှတ်ပြုပြောကြားခဲ့ပါသည်။

လူနာ၏အခြေအနေသည် မည်သို့ပင်ဆိုးဝါးနေစေကာမူ မည်သည့်နည်းလမ်းနှင့်မျှလူနာ၏အသက်ကိုစီးရန်ပိုင်ခွင့်မပြုလုပ်ကြဖို့၊ တစ်ဆက်တည်းမှာပဲ အသက်သည်ဘုရားသခင်ပိုင်ဆိုင်သောအရာဖြစ်သောကြောင့် လူတို့၌ စီရင်ပိုင်ခွင့်မရှိကြောင်း နှင့် အသက်ကိုကြိုဆိုခြင်း၊ ကာကွယ်ပေးခြင်း၊ ရိုသေလေးစားခြင်း၊ ကယ်တင်‌ ပေးခြင်း စသည့်အချက်များသည် အသက်၏အရှင်သခင်ဘုရားသခင်အပေါ် ယုံကြည်မှုကိုဖော်ပြနေကြောင်း။ မည်သို့သောအခြေအနေတွင်းမှာမဆို ကျွနုပ်တို့လုပ်ဆောင်ရမည့်အချက်မှာ လူ၏အသက်ကိုကာကွယ်ရန်၊ လူ့ဂုဏ်သိက္ခာနှင့်အခွင့်အရေးကို ကာကွယ်ရန်တို့ပင်ဖြစ်သည်။ ကုသမှုမလုပ်ဆောင်နိုင်တော့ရင်တောင်မှ ပြုစုစောင့်ရှောက်ပေးမှုကိုဆက်လက်လုပ်ဆောင်‌ ပေးကြရမည်။

ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးသော ဆရာဝန်များ၊ ဆေးရုံးများ၊ ဆေးဝါးအဆောက်ဦးများ ကို စစ်ပွဲများကြောင့်တိုက်ခိုက်ဖျက်ဆီးခံနေရမှုများနှင့် တရားဥပဒေဖြင့်ဆေးဝါးကုသခွင့်ပိတ်ပင်ခံထားရသူများ၊ အခွင့်ထူးခံစားနေကြသူများကြောင့် ဝမ်းနည်း‌ ကြေကွဲးရကြောင်း ရဟန်းမင်းကြီးမှ ပြောကြားခဲ့ပြီး

ကျန်းမာရေးစောင့်ရှောက်မှုပေးသောအဖွဲ့စည်းများ၊ နိုင်ငံတော်အစိုးရများအ‌နေနှင့် လူတိုင်းတရားမျှတသောကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရေးကိုလုပ်ဆောင်ကြဖို့၊ လက်ရှိကျန်းမာရေးစောင့်ရှောက်မှုပေးနေကြသောသူများကိုလည်း ကျေးဇူးတင်ကြောင်းနှင့် သခင် ခရစ်တော်၏ကောင်းသောဆာမာရီတန်ပုံဥပမာကို အတုယူနှလုံးသွင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းအားပေးပြောကြားခဲ့ပါသည်။

https://bit.ly/2QNB53e
#rvamyanmarservice
Credit to Vatican News

Add new comment

9 + 4 =