ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှု​ကို ကာကွယ်ရန်လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပြင်းပြသောစိတ်ဆန္ဒများ လိုအပ်

သဘာဝ စွမ်းအား
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှု​ကို ကာကွယ်ရန်လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပြင်းပြသောစိတ်ဆန္ဒများ လိုအပ်
ဒီဇင်ဘာ ၅၊ ၂၀၁၈
 
 
ပိုလန်နိုင်ငံ Katowice တွင် ဒီဇင်ဘာ ၂ ရက်မှ ၁၄ ရက်ထိပြုလုပ်နေသော Cop24 အစည်းအဝေး တွင် လူသားအားလုံးရဲ့နေအိမ် ကမ္ဘာကြီးကို အတူတကွတည်ဆောက်ကြဖို့နှင့်ဘ​ရာသီဥတုပြောင်းလဲမှုများနှင့်စပ်လျှင်းပြီး ဒီဇင်ဘာ ၅၊ ၂၀၁၈ ဗုဒ္ဓဟူးနေ့က အစီရင်ခံစာ အသစ်တစ်​ခု ထွက်ရှိခဲ့ပါသည်။

ယခုနှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ စံချိန်ချိုးခဲ့သော ရေးလွမ်းမိုးမှု၊ မိုးရွာသွန်းမှု၊ မီးလောင်မှု၊ အပူချိန်မြင့်တက်လာမှုများ နှင့် IPCC သိပ္ပံဌာနမှထုတ်ပြန်ချက်များသည် ကမ္ဘာကြီးပြောင်းလဲလာမှုကို အထူးဂရုစိုက်ရတော့မည့်အခြေအနေတွင် ရောက်ရှိကြောင်း ကာဗွန်ထုတ်လုပ်မှု​လျော့ချရေး တရားရုံးရှေ့နေ Neil Thoms မှပြောကြားခဲ့ပါသည်။

လောင်စာဆီအသုံးပြုလည်​ပတ်သော စက်ရုံများအစား သဘာဝ စွမ်းအားကို အစားထိုးအသုံးပြုခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ သို့သော် လူတို့၏ စိတ်နေစိတ်ထား များလည်း ပြင်ဆင်ရမည်ဖြစ်ပါသည်။ သဘာဝ စွမ်းအားအရင်းအမြစ်ကို စက်ရုံများ အတွက်အသုံပြုခြင်းသည် သိပ္ပံရှု​ထောင့်၊ ကိုယ်ကျင့်တရားရှု​ထောင့်၊ စီပွားရေးရှု​ထောင့် နှင့် သဘာဝပတ်ဝန်းကျင်ရှု​ထောင့်တို့မှ လက်ခံနိုင်ဖွယ်ရာဖြစ်ကြောင်း နှင့် ဆင်ရဲချမ်းသာ မည်သည့်နိုင်ငံအတွက်မဆိုသင့်လျှော်သောနည်းလမ်းဖြစ်ကြောင်းလည်း ဆွေးနွေးခဲ့ပါသည်။

အတိတ်က အဖိုးအဖွားတို့သည် ရာသီဥတု အပြောင်းအလဲကို အဓိကထားဂရုစိုက်ခဲ့ကြသလို ရာသီဥတုပြောင်းလည်းလာမှု၊ ဖောက်ပြန်မှုများသည် ယနေခေတ်လူသားများနှင့် အနာဂတ်မျိုးဆက်သစ်များ ဆက်လက်ထိန်း​သိမ်းရမည် ဖြစ်ကြောင်း၊ ချမ်းသာသော နိုင်ငံများအနေနှင့် လူသားကမ္ဘာကောင်းကျိုးအတွက် လိုအပ်သော အထောက်အပံ့အကူအညီများ ပြုလုပ်ပေးကြဖို့ကိုလည်း အကြံဉာဏ် ပေးခဲ့ပါသည်။

https://www.vaticannews.va/en/church/news/2018-12/cafod-action-and-ambition-needed-on-climate-change.html

#climate, #commonhome, #cop24, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

3 + 13 =