ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေး အဖွဲ့အစည်းသို့ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် သဝဏ်လွှာ ပေးပို့

စားနပ်ရိက္ခာ၊ စိုက်ပျိုးရေး နှင့် ရေရရှိရေး
ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေး အဖွဲ့အစည်းသို့ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် သဝဏ်လွှာ ပေးပို့
ဒီဇင်္ဘာ ၁၃၊ ၂၀၁၈

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေး နှင့် ရေရရှိရေးအတွက် မနက်ဖြန်အတွက်ယနေ့တည်ဆောက်ခြင်းခေါင်းစဉ်ဖြင့် တစ်ရက်တာပြုလုပ်သော အစည်းအဝေသို့ ရဟန်းမင်ကြီး ဖရန်စစ် အရှင်သူမြတ် သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

အစားအသောက်၊ မိုးရေ နှင့် ကောက်ပဲသီးနှံများသည် ကျေးဇူးတရားကို ပုံဖော်သော သမ္မာကျမ်စာ တွင် ရင်းရင်းနှီးနှီး ဖော်ပြသော အရားများဖြစ်ပြီး ငတ်ပြတ်စာလောင်မူ့၊ မတရားအမြတ်ထုတ်မှု့များကို မည်သို့သောအခါမျှ ပုံမဆောင်ခဲ့ပါ။

ယုံကြည်သူများအနေနှင့် သူတပါးကိုကူညီရမည့်အစား၊ မိမိလေားဘ အတွက်ကောက်ကျစ်စွာပြုမှုသော အကျင်းများမှ ကင်းလွတ်အောင် ကောင်းမွန်စွာ တာဝန်သိတပ်သောစိတ်ကို မွေးမြူရမည်။
ရိုးသားသော တာဝန်သိစိတ်ဖြင့်သာ ရက်ရေားသော ပူးပေါင်းလုပ်ဆောင်မှု့၊ သစ္စာရှိမှု့နှင့် ညီကိုယ်မောင်နှမစိတ်များကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

ယနေ့ခေတ်လူသားများအခြေအနေသည် ရှုပ်ထွေးခက်ခဲးသော ပြသနာများနှင့်ရင်ဆိုင်နေကြရပြီး ယင်တို့ကိုဖြေရှင်းရန် နိုင်ငံတကာ ပူးပေါင်းပါဝင်မှု့များ အဓိကလိုအပ်နေကြောင်း၊ ယင်းပူးပေါင်းပါဝင်မှု့ဖြင့် ထိရောက်ခိုင်မာသောဆုံးဖြတ်ချက်များဖြင့် လူတဦးတယောက်မျှ ချန်လှပ်ထားခြင်းမခံရသော ကောင်းမွန်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ရေသည် အသက်ရှင်ရန် အဓိကကြသော အရာဖြစ်သော်လည်း လူတိုင်းလုံးလောက်စွာမရရှိကြပါ။ ရေသည်အလွန်အရေးပါသောအရာဖြစ်သောကြောင့် စနစ်တကျ ဖြန့်ဝေရေး၊ ရေရှည်ဖြန်ဖြူးနိုင်ရေး စသည့်စည်မန်ခန့်ခွဲးမှု့များကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရပါမည်။

ကမ္ဘာကြီးသည် လူသားထု မိသားစုကြီး၏ အသက်ဖြစ်သောကြောင့် ကောင်းမွန်စွာထိမ်းသိမ်းကြရမည်ဖြစ်ပါသည်။ ထို့အတွက်ကြောင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းမှု့သည် အလွန်အရေးကြီးသော အချက်ဖြစ်ပါသည်၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းမှု့မရှိလျှင် ကမ္ဘာကြီး ပျက်စီးသွားမည်၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်စီးခြင်းသည် မိမိအသက်ကိုမိမိဖျက်စီးနေကြောင်း၊ ထို့ကြောင့် ကောင်းမွန်သော၊ အဟာရဖြစ်သော ကျန်းမာရေး နှင့်ကိုက်ညီသော အစားအသောက်များ ရရှီစားသောက်နိုင်ရန် လူများကိုပညာပေးရမည်ဖြစ်ပါသည်။
အစားအသောက်ရဲ့တန်ဖိုးကို သိမှသာ ကမ္ဘာကြီးရဲ့တန်ဖိုးကိုသိရှိနားလည်ကြမည်ဖြစ်သည်။ အတူတကွစားသောက်ကြသော ညစာစားပွဲးသည်၊ အစားအသောက်ဖြုံးတည်းခြင်းမျိုး မဖြစ်ရ၊ တန်ဖိုးထားစားသောက်သော ညီကိုယ်မောင်နှမ တွေ့ဆုံခြင်းမျိုးဖြစ်ရပါမည် ဟု ရဟန်းမင်းကြီးပေးပို့သောစာတွင် ဖော်ပြထားပါသည်။

https://www.vaticannews.va/en/pope/news/2018-12/pope-francis-food-agriculture-water-fao-madrid.html

#food, #water, #value, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

11 + 5 =